Movie Name
The Sholay Girl (2019)
Year
2019
Generes
Action, Biography, Drama
Code
03908
Type
Movie
Size
1.49 GB
Country
Bollywood
Description
The Sholay Girl (2019) ဒီဇာတ်လမ်းကတော့ အိန္ဒိယရဲ့ ပထမဆုံး စတန့်မင်းသမီး ရက်ရှ်မား ပသန် ရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်တဲ့ မတ်လ(၈)ရက်နေ့မှာ ရုံတင်ပြသခဲ့ပါတယ်။ % buffered 00:00 -00:15 Download Your browser does not support the video tag. အမျိုးသမီးတွေရဲ့ ဘဝရပ်တည်မှုကို အတ္ထုပ္ပတ္တိ နဲ့ ရုပ်ရှင် တွဲဖက်ပြီး ပြသခဲ့တဲ့အတွက် အင်မတန် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ ယနေ့ခေတ်မှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်လာကြပါပြီ။ အရင်ခေတ်က အမျိုးသမီးတွေကတော့ အနှိမ်ခံရတဲ့အချိန်တွေ အိမ်တွင်းပုန်းခဲ့ရတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ရက်ရှ်မားက ဒီအစဉ်အလာတွေကို ချိုးဖျက်ပြခဲ့ပါတယ်။ ရက်ရှ်မားလုပ်တဲ့အလုပ်အကိုင်က ယောကျ်ားတိုင်းတောင် မလုပ်ရဲ၊ မလုပ်ဝံ့တဲ့ စတန့်သမားပါ။ ရုပ်ရှင်ကားတစ်ကားမှာ ယုတ္တိရှိရှိရိုက်နိုင်ဖို့က စွန့်စားခန်းတွေ ပါပါတယ်။ စွန့်စားခန်းအများစုမှာ မင်းသား မင်းသမီးတွေက ကိုယ်တိုင်ရိုက်ကူးလေ့ မရှိပါဘူး။ အသက်နဲ့ရင်းပြီး လုပ်ရတဲ့အခန်းတွေဆိုရင် စတန့်သမားတွေရဲ့အခန်းကဏ္ဍက အရေးပါပါတယ်။ စတန့်သမားတွေ လုပ်နိုင်ရင် လုပ်နိုင်သလောက် ဇာတ်လမ်းရဲ့အနှစ်သာရက ပိုပြီးပြည့်ဝလာပါတယ်။ စတန့်သမားအများစုကတော့ ယောကျာ်းလေးတွေပါ။ မင်းသမီးတွေအတွက်ဆိုရင် ဆံပင်တုတွေစွပ်ပြီး မိတ်ကပ်တွေလိမ်းပြီး ကူညီကြရတာပါ။ ရက်ရှ်မားက ဒီကွက်လပ်ကို ဖြည့်ခဲ့တာပါ။ လွယ်လွယ်ကူကူ ဖြစ်လာခဲ့တာလားဆိုတော့ မဟုတ်ပါဘူး။ ရက်ရှ်မား ဖြတ်သန်းခဲ့ရတဲ့ ခရောင်းလမ်းကြီးကို ဒီဇာတ်ကားမှာ မြင်ရပါမယ်။ ဒါကတော့ ရက်ရှ်မားရဲ့စကားပါ။ “မျှော်လင့်ချက်ဆိုတာ အရိပ်လိုပဲ လို့ ပြောကြပါတယ်။ ရှင့်အနားကနေ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမှောင်ထဲမှာ နေတဲ့သူကတော့ အရိပ်ရှိမှာ မဟုတ်ပါဘူး။ ရှင့်ခြေထောက်တွေ မြေကြီးပေါ်မှာ ရပ်နေသေးသရွေ့ ကောင်းကင်ပေါ်က ကြယ်ပွင့်တွေကို ကြည့်နေဖို့တော့ လိုပါတယ်” IMDb 8.4/10 ရထားတယ်ဆိုတော့ အများကြီး ညွှန်းမနေတော့ပါဘူး။ ဒီဇာတ်ကား ကြည့်မိလို့ နောင်တမရစေရဘူးဆိုတာတော့ အာမခံပါတယ်။ အမျိုးသမီးတွေရဲ့ဖြစ်တည်မှုကိုလည်း တန်ဖိုးထားတတ်လာပါလိမ့်မယ်။ ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးတာကတော့ Myo Nyut ဖြစ်ပါတယ်