Movie Name
Tomorrow’s Joe (2011)
Year
2011
Generes
Drama, Sport
Code
01546
Type
Movie
Size
942 MB
Country
China
Description
အက်ရှင်ရော ဒရမ်မာရော ရသနှစ်မျိုးလုံးကိုခံစားစေရမယ့် ဘယ်အချိန်ကြည့်ကြည့်မရိုးတဲ့ ဂျပန်ကားကောင်းလေးတကားဖြစ်ပါတယ် IMD rating အနေနဲ့ 6.8 အထိ ရရှိထားပါတယ် ဇာတ်ကားအကျဉ်းကိုပြောရမယ်ဆိုရင်တော့ မင်းသားဂျိုးဟာ ဆိုးပေနေတဲ့လူတယောက်ဖြစ်တယ် စားသောက်ဆိုင်မှာ ရန်ဖြစ်ပြီးအရင် အမှုဟောင်းတွေလည်းရှိတာကြောင့် ထောင်ကျသွားပါလေတယ်….ရန်ဖြစ်စဉ်အချိန်မှာ လက်ဝှေ့နည်းပြဟောင်း အရက်သမားအဖိုးကြီးဒန်ပေးဟာ ဂျိုးရဲ့ထိုးပုံထိုးကွက်တွေကိုကြိုက်ပြီးတော့ သူလည်းမသောက်မစားတော့ပဲ ဂျိုးကိုထောင်ထဲထိအောင် စာတွေနဲ့လက်ဝှေ့ထိုးနည်းတွေသင်ပေးခဲ့တယ် ဂျိုးကတော့ ထောင်ထဲရောက်တဲ့ထိအောင် အများနဲ့တယောက် မတည့်ပဲ ရန်ပတ်ဖြစ်လို့ကောင်းဆဲပဲ….ထိုအချိန်မှာပဲ ထောင်ထဲမှာ လက်ဝှေ့သမား ရီကီချီနဲ့စတွေ့တော့တာပဲ… မင်းသမီး ရှီယာကီယိုဟာ သြဇာရှိပြီးချမ်းသာတဲ့မိသားစုကဖြစ်တဲ့အပြင် ရီကီချီကလည်း သူမရဲ့ လက်ဝှေ့ရုံက လူတယောက်ဖြစ်တယ်….သူတို့မိသားစုရဲ့ အာဏာရှိမှုကြောင့် ထောင်ထဲမှာပဲ ဂျိုးနဲ့ ရီကီချီကို လက်ဝှေ့ပွဲ တပွဲတည်ပေးပါတော့တယ်…. ထိုအချိန်က စပြီးတော့ သူတို့ရဲ့ တယောက်နဲ့ အငြိုးတွေက ဘာဆက်ဖြစ်မှာလဲ ထောင်ကနေ လွတ်တဲ့အချိန်ထိတောင် တယောက်နဲ့တယောက်ကြိုးစင်ပေါ်မှာပြန်တွေ့အောင်ဘယ်လိုတွေကြိုးစားကြမှာလဲ… ဆင်းရဲသားရပ်ကွက်ထဲမှာ နေပြီး ခရိုခယိုင် လက်ဝှေ့ရုံလေးထဲမှာ ဂျိုးကို ဒန်ပေး ပရိုလက်ဝှေ့သမားဖြစ်အောင် ဘယ်လိုသင်ပေးမှာလဲ….ရီကီချီဟာ ဂျိုးထက် ဝိတ်တန်းသာနေတဲ့အတွက် ဂျိုးနဲ့ထိုးလို့ရအောင်ဘယ်လိုဝိတ်တန်းညှိမှာလဲ… မင်းသားနှစ်ယောက်လုံးရဲ့ အားပြိုင်ပုံတွေ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ် အချစ်ဇာတ်လမ်းကို ဖွဲနွဲ့ထားတဲ့ကား မဟုတ်သလို သံယောဇဉ်ဆိုတဲ့ စကားလုံးတခုတည်းမှာ အခြေခံထားတဲ့ ဇာတ်ကားတကားပဲဖြစ်တယ်…ဇာတ်ကားအဆုံးသတ်ကိုလည်း မထင်မှတ်လောက်အောင် ရိုက်ကူးထားပါတယ်