Movie Name
Baazaar (2018)
Year
2018
Generes
Crime, Drama
Code
03915
Type
Movie
Size
1.09 GB
Country
Bollywood
Description
Baazaar ဆိုတာ အိန္ဒိယအခေါ်အရ ဈေး ၊ ဈေးကွက်ပေါ့…. ဟုတ်ပါတယ် ဈေးဆိုတဲ့အတိုင်း ရောင်းသူရှိမယ် ဝယ်သူရှိမယ် ဈေးအပြိုင်တင်တာ ချတာတွေ အပြင်ရောင်းသူ ဝယ်သူနှစ်ဦးကြားက ပင်မဦးတည်ရာ အရှုံးနဲ့အမြတ်ဆိုတာလည်း ရှိမှာပေါ့…. ဒီဇာတ်ကားကြည့်ပြီးတော့ တွေးစရာတွေက ခေါင်းထဲမှာ အစပေါင်းများစွာ ထွက်လာတယ်… ဘဝသရုပ်ဖော်လို့ပြောရမလား % buffered 00:00 -00:08 Download Your browser does not support the video tag. စီးပွားရေးလောက အကြောင်း ၊ စတော့ရှယ်ယာဈေးကွက်အကြောင်းလား ဒါမှမဟုတ် ကြီးပွားချမ်းသာချင်တဲ့ လူငယ်လေးတစ်ယောက်အကြောင်းပဲလား… ကိုယ်လိုချင်သလို ယူလို့ရပေမယ့်ကျွန်တော့်အတွက်က ရသစုံ ပါဝင်နေတဲ့ ဟင်းလေးအိုးကြီးတစ်ခုလိုပါပဲ…. ဟိုးငယ်စဉ်ကတည်းက ဘဝကို ချို့ချို့တဲ့တဲ့ နေလာခဲ့ရတဲ့ရှာကွန်းကိုသာရီ….. မိဘရဲ့လောင်းရိပ်အောက်ကနေ ထိုးထွက်ပြီးအလင်းရောင်ရှိမယ်ထင်တဲ့ မွန်ဘိုင်းမှာ အခြေချပြီးဘဝကို တက်လမ်းရှာချင်နေသူ လူငယ်လေး ရီဇ်ဝမ်အာမက်…. မြို့ပြရဲ့လူနေမှုစရိုက်တွေကြားမှာသိက္ခာနဲ့ငွေကို အလဲအထပ်လုပ်နေမိတဲ့ မိန်းကလေး ပရီယာရိုင်း… ဒီဇာတ်ကောင် သုံးခုက ဒီဇာတ်လမ်းရဲ့ပင်စည်ဆိုရင်ပြိုင်ဘက်ကုမဏီအုပ်စုတွေ ၊ သူတို့မိသားစုတွေအကြောင်းနဲ့စတော့ရှယ်ယာဈေးကွက်အကြောင်းတွေက ဒီဇာတ်လမ်းရဲ့အကိုင်းအခက်တွေလို့ပြောရမှာပါ…. ကျွန်တော်ဒီလောက်ပဲ ညွှန်းပါရစေ…. ၂၀၁၈ ခုနှစ်ထွက် ဘောလိဝုဒ်ကားတွေထဲမှာဒီကားဟာ မကြည့်မဖြစ် ကြည့်သင့်တဲ့ကားစာရင်းမှာပါတယ်လို့ပြောရင်တောင် လွန်မယ် မထင်ပါဘူး ခင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MLMC Team မှ ကိုမြင့်သူဖြစ်ပါတယ်)