-
Movie Name
-
De De Pyaar De (2019)
-
Year
-
2019
-
Generes
-
Comedy, Romance
-
Code
-
03920
-
Type
-
Movie
-
Size
-
950 MB
-
Country
-
Bollywood
-
Description
-
ဒီတစ်ခါတော့ ဘောလီဝုဒ်ပရိသတ်ကြီးအတွက် Rom-Com ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ
၂၀၁၉ ဝင်ငွေအကောင်းဆုံး ၁၀ ကား စာရင်းဝင်တစ်ကားဖြစ်သလို အချစ်ဟာသဇာတ်မြူးတွေသာရိုက်လေ့ရှိတဲ့ ဒါရိုက်တာ Akiv Ali ရဲ့ ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူး
ပိုစတာပေါ်မှာ Romantic Comedy Movie ဆိုပြီးရေးရေးထားပြီးပေါပေါလောလောတွေ တင်ဆက်နေတဲ့ ကိုယ်တွေဆီက မြန်မာကားတွေအနေနဲ့ ဒီလိုကားတွေကနေ ပညာယူသင့်ပါတယ်
Rom-Com ဆိုတာဘာလဲ
% buffered
00:00
-00:16
Download
Your browser does not support the video tag.
ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ အိုကြီးအိုမတွေက ပေါတောတောတွေ လုပ်ပြစရာမလိုသလိုဗလတောင့်တောင့် အစ်ကိုကြီးတွေကလည်း ခြောက်ပြစရာမလိုပါဘူး
သေခါနီးဘွားတော်ကြီးတွေ ရွပြဖို့မလိုသလိုချာတိတ်တွေက လူကြီးသူမတွေကို သောက်ပေါတွေပါလို့ အမြင်မှားအောင် ရိုက်ပြစရာမလိုပါဘူး
ကုန်ကုန်ပြောရရင် ကလိထိုးပြီး မရယ်ရဖို့အရေးကြီးပါတယ်
ဒီဇာတ်ကားထဲမှာ Rom-Com ဆိုတဲ့အတိုင်းRomance အခန်းတွေမှာလည်း ကြည်နူးစရာတွေဖြစ်စေသလိုComedy အခန်းတွေမှာလည်း တွေးတွေးပြီးရယ်ချင်စိတ်တွေဖြစ်စေပါတယ်
ဒီတော့ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးနဲ့ ဇာတ်ကားကောင်းတစ်ကားကို ခံစားကြည့်လိုက်ပါပေးလိုက်ရတဲ့အချိန် ၃ နာရီဝန်းကျင် အလကားမဖြစ်စေရဘူးလို့ အာမခံပါတယ်
ဇာတ်လမ်းလေးပြောပြရရင် … အသက် ၅၀ အရွယ် အိမ်ထောင်ကွဲအမျိုးသားတစ်ဦးဖြစ်တဲ့ အာရှစ်(ရှ်)ဟာ အသက် ၂၆ အရွယ် အိုင်(ယ်)ရှားဆိုတဲ့ကောင်မလေးနဲ့ ချစ်ကျွမ်းဝင်သွားခဲ့ပါတယ်
၁၄ နှစ်အသက်ကွာခြားမှုကြောင့် ပတ်ဝန်းကျင်မှာ သူတို့နှစ်ယောက်ကြားထိုးနှက်မှုပေါင်းများစွားလည်း ရှိနေပါတယ်။
အဲ့ဒိအချိန်မှာ အာရှစ်တစ်ယောက် အိုင်(ယ်)ရှားကို သူ့မိသားစုနဲ့တွေ့ပေးဖို့ခေါ်သွားတဲ့အခါမှာတော့ …
(ဒီဇာတ်ကားဟာ အကြည်ထွက်တာကြာပြီဆိုပေမယ့် စာဖိုင်အမှန်မထွက်သေးလို့ဘာသာပြန်မရဘဲဖြစ်နေတာပါ အနီးစပ်ဆုံးစာဖိုင်ကို နားထောင်ပြီး အမှန်ဆုံးဖြစ်အောင် ဘာသာပြန်ပေးထားပါတယ်၊ လိုအပ်ချက်တစ်စုံတစ်ရာပါရှိပါက သည်းခံပေးကြပါကုန်)
(ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)