Movie Name
Ek Ladki Ko Dekha Toh Aisa Laga(2019)
Year
2019
Generes
Comedy, Drama, Romance
Code
03924
Type
Movie
Size
2.76 GB
Country
Bollywood
Description
Ek Ladki Ko Dekha Toh Aisa Laga (2019) နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်များ IMDb – 5.5/ 10 Rotten Tomatoes – 73% Times of India – 3.5/5 ဒီဇာတ်ကားကိုဒေါင်းထားတာအတော်လေးကြာပြီ IMDb နည်းနေတာနဲ့ မကြည့်ဖြစ်တာ ဒါပေမဲ့ တဖက်ကပြန်ကြည့်လိုက်တော့ Rotten 73% ဆိုတော့ကြည့်လိုက်တာ underratted % buffered 00:00 -00:07 Download Your browser does not support the video tag. ကားကောင်းတစ်ကားလို့ပဲဆိုရမယ် ကျွန်တော်ကြည့်ဖူးသလောက် အိန္ဒိယကားတွေထဲမှာ ဒီလိုဇာတ်လမ်းမျိုးရှားပါတယ် ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းသလို ဇာတ်ညွှန်း၊ စကားလုံးတွေကလည်း ဘာအပိုအလိုမှမရှိဘဲ သိပ်ပြည့်စုံလှတယ် ကခုန်တာတွေသိပ်မပါဘဲ တေးသီချင်းကို လိုသလောက်ပဲသုံးသွားတာ အဓိကနောက်ခံတေးဂီတလေးဆို သိပ်လှလွန်းတယ် သရုပ်ဆောင်တွေကလည်း ထွေထွေထူးထူးပြောစရာမလိုတဲ့ အမှန်အကန်တွေချည်းပဲ ဆိုနမ်ဆိုရင် ဒီဇာတ်ရုပ်နဲ့သိပ်လိုက်လွန်းပေတယ် ဘယ်သူမှအိုဗာဖြစ်မသွားဘူး ဇာတ်လမ်းလေးပြောရရင် ကားနာမည်နဲ့ပဲစရမယ် … “မိန်းကလေးတစ်ယောက်ကိုတွေ့တဲ့အခါ ဟောဒီလိုခံစားရလေတယ်” ခံစားဖူးကြလားဗျ မိန်းကလေးတစ်ယောက်ကိုမြင်လိုက်လို့ ထူးထူးခြားခြားခံစားသွားရတာ အဲ့ဒိလိုခံစားမှုမျိုးဖြစ်သွားသူကတော့ ဆာဟေး(လ်) မစ်ရ်ဇာဆိုတဲ့ ဇာတ်ညွှန်းရေးဆရာလေး ဆာဟေးလ် မစ်ရ်ဇာ – ရုပ်ရှင်ထုပ်လုပ်သူ သူဌေးကြီးရဲ့ တစ်ဦးတည်းသောသား အဖက်ဖက်ကပြည့်စုံပေမယ့် မိဘဆီကအကူညီမယူဘဲ ကိုယ့်ဝါသနာအတိုင်း စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာတစ်ယောက်အဖြစ် သူ့ဘဝကိုရပ်တည်နေတယ် ဒါပေမဲ့ ဖြစိဖြစ်မြောက်မြောက်တော့ မအောင်မြင်ရှာဘူး တစ်ရက် သူဇာတ်ညွှန်းရေးထားတဲ့ပြဇာတ်လေး အစမ်းလေ့ကျင့်နေတုန်း ပြဇာတ်ရုံထဲကို မိန်းကလေးတစ်ယောက် ပြေးလာပြီးပုန်းနေတယ် သူ့အနောက်ကလိုက်နေတဲ့သူ မျက်ခြေပျက်သွားအောင်လို့ပေါ့ ဒါပေမဲ့ မအောင်မြင်တော့ ဒီပတ်ဝန်းကျင်ကိုကျွမ်းကျင်တဲ့ ဆာဟေးလ်လက်ကိုဆွဲပြီး သူလွတ်အောင်ထွက်ပြေးဖို့ အကူညီတောင်းပါလေရော အဲ့ဒိနောက်မှာ ဆာဟေးလ်နားထဲမှာ ဟောဒီစကားလုံးတွေ နားထဲမှာကြားကြားနေရတယ် “ဒီပြဇာတ်ရဲ့ဇာတ်ညွှန်းရေးဆရာက အချစ်စစ်အချစ်မှန်နဲ့မတွေ့ဖူးသေးဘူး ဘာကြောင့်လဲဆိုတော့ အချစ်စစ်တိုင်းမှာ ရှုပ်ထွေးမှုတွေရှိတတ်လို့ပဲ အဲ့ဒိလိုမှမဟုတ်ရင် ဇာတ်လမ်းတစ်ပုဒ်မှာ ဘယ်လိုများ သက်ဝင်ခံစားလို့ရမှာလဲ” ဆာဟေးလ်တစ်ယောက် ဒီထူးဆန်းတဲ့ခံစားချက်တွေနဲ့အတူ ထိုကောင်မလေးအနောက်လိုက်သွားတဲ့အခါမှာတော့ … ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…..