Movie Name
The Last Emperor (1987)
Year
1987
Generes
Biography, Drama, Historical
Code
04534
Type
Movie
Size
1.56 GB
Country
China
Description
IMDb Rating – 7.7/10 #Unicode နောက်ဆုံး ဧကရာဇ်တဲ့ . . . နှစ်ပေါင်းနှစ်ထောင်ကျော်သက်တန်းကြာခဲ့တဲ့ တရုတ်ပြည်ကြီးရဲ့ သက်ဦးဆံပိုင် အုပ်ချုပ်ရေးမှာ ကျိန်မင်းဆက်ရဲ့ နောက်ဆုံး ဧကရာဇ် ပုယီ၊ အသက် ၃နစ်သားကတည်းက နောက်ကွယ်က ကြိုး ကိုင်ချင်တဲ့လူတွေကြောင့် ရင်ခွင်ပိုက် ဧကရာဇ်ဖြစ်လာခဲ့တယ် ။ နောက်တော့ သမ္မတနိုင်ငံခေတ်မှာ အဆောင်အယောင်တွေ မစွန့်လွှတ်ရပေမယ့် ထီးနန်းတော့ စွန့်လွှတ်ခဲ့ရပြီ ။ အချိန်ကတော့ တရုတ်ပြည်တခုလုံး စစ်ဘုရင်တွေ အာဏာပြိုင်လုနေတဲ့အချိန်ပေါ့ ။ တရုတ်ပြည်ကြီးရဲ့အကြောင်း တော့ မဆိုထားနဲ့ နန်းတော်အပြင်ဘက်လေးမှာတောင် ဘာဖြစ်လို့ ဖြစ်မှန်း သိခွင့်မရတဲ့ ပုယီ ။ ဆရာ ရယ်ဂျီနယ်ဖလီးမင်းဂျွန်စတန် ရဲ့ အဆုံးအမတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ပုယီ ။ ကိုယ့်ကြင်ယာတော် ကိုတောင် ကိုယ်ရွေးခွင့် မရှိတဲ့ပုယီ။ ဂျပန့်လက်အောက်ခံ မန်ချူးကိုး ဧကရာဇ် ပုယီ ။ ၁၉၅၀အလွန် မော်စီတုန်းခေတ်ရဲ့ ပြန်လည်ထူထောင်ရေး စခန်းက အကျဥ်းသား ပုယီ ။ အရင်က ဧကရာဇ်ဆိုပေမယ့် အခုတော့ သူလိုကိုယ်လို ပုယီ ။ ယဥ်ကျေးမှုတော်လှန်ရေးခေတ်က ပုယီ ။ အီတလီဒါရိုက်တာကြီး ဘာနာဒို ဘာတိုလူချီက ရိုက်ကူးထားပြီး အရွယ်ရောက် ပုယီအဖြစ် မင်းသားကြီး ဂျွန်လုံးက ပါဝင် သရုပ်ဆောင်ထားပါတယ် ။ ပြသချိန်ကလည်း ၃နာရီနဲ့ မိနစ် ၄၀ လောက်တောင်ဆိုတော့ တဝကြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်ခင်ဗျာ ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ TNT ပဲဖြစ်ပါတယ်။)