Movie Name
Hearty Paws 2 (2010)
Year
2010
Generes
Comedy, Drama
Code
01556
Type
Movie
Size
663 MB
Country
China
Description
အားလုံးသိကြတဲ့ Big Boss (Song Jong-Ki)တဲ့ကားကောင်းလေးတစ်ကားဖြစ်တဲ့ Hearty Paws 2 မှာတော့မိခင်မေတ္တာကိုအထူးသရုပ်ဖော်တင်ဆက်ထားပါတယ်….ဒုံဝေါ က သူအဖေနောက်ဆုံးလက်ဆောင်အဖြစ်ဂရုစိုက်ဖို့ပေးထားခဲ့တဲ့ ခွေးမလေးအသဲနဲ့နေ့တိုင်းကစားနေတော့ စာမေးပွဲတွေနဲ့အမှတ်တွေကျလာခဲ့ပါတယ်….ဒါကြောင့် ဒုံဝေါ့ရဲ့အမေကခွေးမလေးနဲ့သူရဲ့သားလေးသုံးကောင်ကိုသူ့မောင်ရှိတဲ့ဆီကိုပို့လိုက်ပါတယ်….ခွေးမိသားစုလေးကတော့တိရစ္ဆာန်စောင့်ရှောက်တဲ့လူမရှိခင် ဒုံဝေါ့ရဲ့ဦးလေးဖြစ်သူရဲ့အခွေဆိုင်လေးမှာနေခဲ့ရပါတယ်…. အဲ့ဒီအချိန်မှာဘဲဖောက်ထွင်းမှု့ကျူးလွန်တဲ့လူနှစ်ယောက်က ခွေးလေးတွေကိုမြင်ပြီးတော့အခွေဆိုင်ကိုရောက်လာခဲ့ပါတယ်…အကြောင်းကတော့သူတို့ရဲ့ခိုးရာပါစိန်တွေကို ခွေးလေးတစ်ကောင်ရဲ့ခန္ဓာကိုယ်ထဲမှာထည့်ပြီးသယ်ဖို့အတွက်ဆုံးဖြတ်လိုက်လို့ပါဘဲ…သူခိုးနှစ်ယောက်ကသူ့ရဲ့ကလေးလေးတစ်ကောင်ကိုဖမ်းသွားတဲ့အခါ အသဲလို့ခေါ်တဲ့ခွေးမလေးကအန္တရာယ်တွေကြားထဲကနေ ပြန်လိုက်ကယ်ရတဲ့ကားလေးဖြစ်ပါတယ်….အသဲက သူ့ရဲ့ကလေးလေးကိုကယ်တင်နိုင်မလား ????ဒုံဝေါကကောသူရဲ့ အချစ်ဆုံးခွေးလေး အသဲနဲ့ခွေးလေးတွေကိုပြန်ပြီးတွေ့နိုင်မလားဆိုတာ Hearty Paws 2 မှာကြည့်ရှု့နိုင်ပါတယ်… ရယ်စရာဟာသခန်းလေးများလည်းပါတဲ့အပြင်မိခင်မေတ္တာကိုအဓိကညွှန်းဆိုထားတဲ့ကားလေးဖြစ်လို့ မျက်ရည်မခိုင်သူများအတွက် အရမ်း သနားစရာကောင်းတဲ့ကားကောင်းလေးတစ်ကားလည်းဖြစ်တယ်လို့ပြောပါရစေ…ကျွန်တော် ဘဝအတွက် အရေးပါတဲ့ တစ်ယောက်သောသူက ကြည့်ချင်တယ်ဆိုလို့ ဘာသာပြန်ဖြစ်ခဲ့တဲ့ ဇာတ်ကားလို့လဲ ပြောလို့ ရပါတယ်။