-
Movie Name
-
Somewhere Only We Know (2015)
-
Year
-
2015
-
Generes
-
Action, Drama
-
Code
-
01559
-
Type
-
Movie
-
Size
-
807 MB
-
Country
-
China
-
Description
-
ဒီတရုတ်ဇာတ်ကားဟာ မြန်မာပြည်မှာရုံတင်တော့မယ့် စိုင်းစိုင်း..နေတိုး…ဝတ်မှုန်ရွှေရည်..ထိုင်းမင်းသမီး Naam Whan Pilaiporn တို့ပါဝင်တဲ့ From Bangkok To Mandalay ဇာတ်ကားနဲ့ ဇာတ်လမ်းသဘော မထင်မှတ်ဘဲ ယောင်ယောင်လေးသွားဆင်နေတဲ့ ဇာတ်ကားဖြစ်ပါတယ်။
မင်းသားချော EXO အဖွဲ့ဝင်ဟောင်း Kris (Wu Yi Fan) နဲ့ မင်းသမီးချော Wang Likun တို့ပါဝင်ထားတဲ့ ရိုမန်တစ် ဆန်ဆန် အချစ်ဇာတ်လမ်း တစ်ပုဒ်ပါ။
ဇာတ်လမ်းကတော့………
အဘွားတစ်ခု မြေးတစ်ခုနေခဲ့ရတဲ့ မင်းသမီးက သူမချစ်ရသူတွေ အနားမှာ မရှိတော့တဲ့ အခါ ဘဝသစ်စတင်ဖို့ အဘွားဖြစ်သူငယ်စဉ်က နေခဲ့တဲ့ ချက်နိုင်ငံက Pragueမြို့ကို လာခဲ့ပါတယ်..
% buffered
00:03
-00:16
Download
Your browser does not support the video tag.
အဘွားဖြစ်သူဆီကို ရောက်နေတဲ့ စာထဲက လိပ်စာကို လိုက်ပြီး စုံစမ်းရင်းနဲ့ ၁၉၇၀ ခုနှစ်တွေမှာ မင်းသမီးရဲ့ အဘွားဖြစ်သူက Prague မြို့မှာ ကြုံတွေ့ခဲ့တဲ့ လွမ်းမောစရာ အချစ်ဇာတ်လမ်း တစ်ပုဒ်အကြောင်းကို သိလိုက်ရတယ်…
အဘွားဖြစ်သူနဲ့ သူ့ရဲ့ ငယ်ချစ်တို့ ပြန်ဆုံတွေ့ဖို့ ကတိပြုထားတဲ့ ရုပ်ထုနားမှာ သူတို့တွေတကယ်ပြန်လည်ဆုံတွေ့နိုင်ခဲ့သလား.. မင်းသမီးကလဲ သူမ အဘွားဖြစ်သူရဲ့ အချစ်ဇာတ်လမ်းထဲက ဇာတ်ကောင်တွေနဲ့ တွေ့ရှိခွင့်ရခဲ့သလား.. Prague မြို့မှာ သူမရဲ့ ဖူးစာရှင်အစစ်နဲ့ ကြုံတွေ့ခွင့်ရခဲ့သလား.. ဆိုတာကတော့ ဒီဇာတ်ကားလေးတနေတစ်ဆင့် ဆက်လက်ပြီး စီးမျောခံစားကြည့်စေချင်ပါတယ်..။
ဒီကားလေးက အထူးသဖြင့် ဇာတ်ဝင်သီချင်းလေးတွေ ကောင်းသလို ဇာတ်လမ်းနောက်ခံရှုခင်းတွေကလဲ အရမ်းကိုလှပပါတယ်..။
ဒီကားရဲ့ ဇာတ်ဝင်သီချင်းဖြစ်ပြီး မင်းသား Kris(Wu Yi Fan) ဆိုထားတဲ့ “There is a place” ဆိုတဲ့ ဇာတ်ဝင်သီချင်းလေးကလည်း လွမ်းဆွေးစရာ သီချင်းကောင်းလေး တစ်ပုဒ်မို့ ဘာသာပြန်ပြီး တင်ဆက်ပေးဦးမှာပါ.. ကျေးဇူးတင်ပါတယ်..။