-
Movie Name
-
Kahaani (2012)
-
Year
-
2012
-
Generes
-
Drama, Thriller
-
Code
-
03935
-
Type
-
Movie
-
Size
-
1.22 GB
-
Country
-
Bollywood
-
Description
-
Kahaani (2012)
IMDb Rating (8.1)
၂၀၁၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Kahaani ဆိုတဲ့ အိန္ဒိယဇာတ်လမ်းလေးကတော့ သည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုးဖြစ်ပေမဲ့ မင်းသားဟီးရိုးလုပ်လေ့ရှိတဲ့ တခြား အိန္ဒိယဇာတ်လမ်းတွေနဲ့ ကွာပါတယ်။
% buffered
00:00
-00:11
Download
Your browser does not support the video tag.
ဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်က မင်းသမီးပါ၊ မင်းသမီးဇာတ်ပေါ့။ ပိုထူးခြားတာက အဲဒီအဓိကဇာတ်ကောင်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် ဖြစ်နေတာပါပဲ။
Kahaani ဇာတ်လမ်းကို ရုံတင်ပြသချိန်က ရက် ၅၀ အတွင်းမှာပဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်ဒေါ်လာ ၁၄ သန်း ဝင်ငွေရရှိခဲ့ပါတယ်။ ပြီးတော့ အကောင်းဆုံးမင်းသမီးဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆုတွေအပါအဝင် အိန္ဒိယပြည်တွင်းကပေးတဲ့ ဆုပေါင်းများစွာကိုလည်း ရရှိထားပါတယ်။
ဇာတ်လမ်းထဲမှာတော့ ခင်ပွန်းသည်ပျောက်ဆုံးမှုကြောင့် လန်ဒန်ကနေ အိန္ဒိယနိုင်ငံ ကောကတ်တာမြို့အထိ ရောက်လာတဲ့ မတ်မတ်ဗိုက်တစ်ယောက် ဘယ်လို အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမှာလဲ၊
ဘယ်သူကရန်သူ ဘယ်သူက မိတ်ဆွေဖြစ်လာမလဲ၊
လူပေါင်းများစွာကို သေစေခဲ့တဲ့ အဆိပ်ငွေ့တိုက်ခိုက်မှုကြီးနဲ့ ဘယ်လိုဆက်နွယ်ပတ်သက်နေသလဲဆိုတာတွေကို
စိတ်ဝင်စားဖွယ်ရာ ကြည့်ရူရမှာပါ။
အဲဒီထက်စိတ်ဝင်စားစရာကောင်းတာက မတ်မတ်ဗိုက်မှာရော ဘယ်လိုလှည့်ကွက်လေးတွေရှိနေမလဲဆိုတဲ့အချက်ပါ။
အဲဒါကိုသိရဖို့တော့ ကိုယ့်ဘာသာကိုယ်ပဲ ရင်တထိတ်ထိတ်ကြည့်ရှုလိုက်ပါနော်
အိန္ဒိယကားတွေရဲ့ထုံးစံအတိုင်း ဒရမ်မာလေးနည်းနည်းပါပေမဲ့ အရမ်းကြီးဒရမ်မာချိုးတာမျိုး မရှိပါဘူး။
သည်းထိတ်ရင်ဖို အမှုလိုက်ခန်းတွေမှာ ဒရမ်မာလေး နည်းနည်းပါးပါးဖောက်ထားရုံလောက်ပါပဲ။
နောက်ပြီး ထကတဲ့ဇာတ်ဝင်ခန်းတွေမပါတာကြောင့် တခြားအိန္ဒိယဇာတ်လမ်းတွေထက် ပိုထူးခြားတယ်လို့ ဆိုရမှာပါ။
(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Cherry Mon ဖြစ်ပါတယ်။)