Movie Name
Uncontrolled Love 1 (2016)
Year
2016
Generes
Drama
Code
0156
Type
Movie
Size
705 MB
Country
China
Description
ဒီကားလေးကတော့နာမည်အရမ်းကြီးလူကြိုက်များပြီးအပိုင်း ၂ ပိုင်းထွက်ရှိထားပါတယ် ရှန်ဟိုင်းမြို့ Roman Catholic Church မိဘမဲ့ကျောင်းကကောင်လေး Shu nian ကိုအလွန်ချမ်းသာသော Xie မိသားစုမှတစ်ဦးတည်းသောသားလေး Xie yan ကသူ့အစ်ကိုအဖြစ်မွေးစားဖို့ခေါ်ဆောင်သွားခဲ့ပါတယ် Shu nian က Xie yan ထက်အသက် ၅ နှစ်ပိုကြီးပြီး Xie yan အလိုကျအလိုက်ဆောင်ပေးရပါတယ် Xie yan ဟာ Shu nian ကိုငယ်စဉ်ကတည်းကသူ့ကိုယ်ပိုင်ပစ္စည်းသကဲ့သို့၊ သူဝယ်ယူထားသောအရုပ်တစ်ရုပ်ကဲ့သို့ သူခိုင်းတာကိုလုပ်၊သူနေခိုင်းသလိုနေခိုင်းပေမယ့် shu nian အား အရမ်းကိုချစ်တဲ့သူတစ်ယောက်ပါ Xie yan နိုင်ငံခြားသို့ ၆ နှစ်လောက်ပညာတော်သင်ထွက်သွားပြီးပြန်လာချိန်တွင် Xie yan အသက်က 25 နှစ်ဖြစ်ပြီး Shu nian ကတော့ အသက် 30 အရွယ်ဖြစ်နေပါပြီ Xie yan ပြန်ရောက်လာချိန်မှာတော့သူဟာလိင်တူနှစ်သက်သူတစ်ယောက်အဖြစ်သို့ယိမ်းယိုင်စပြုနေပါတယ်၊ ဒါပေမယ့်သူ့ကိုသူလုံးဝလက်မခံနိုင်ပါဘူး…အိမ်ကိုလဲသူ့ရည်းစားကိုခေါ်လာ၊မူးနေတော့ shu nian နာမည်ယောင်ယောင်မှားမှားခေါ်တတ်ပါတယ် တဖက်မှာ Shu nian ကလဲ Xie yan အားသူ့ညီတစ်ယောက်ထက်ပိုတဲ့ခံစားချက်တွေကငယ်စဉ်ကတည်းကဖြစ်တည်နေခဲ့ပါတယ် ငယ်စဉ်ကတည်းကအိပ်ယာအတူတူပေါ်မှာ xie yan ရဲ့ထွေးပွေ့မှုတွေကိုခံခဲ့ရတဲ့ shu nian တစ်ယောက် ၆ နှစ်ကြာမှပြန်လာခဲ့သော xie yan ပြန်ရောက်လာချိန်မှာတော့ ထိုအထိအတွေ့မျိုး၊ထိုခံစားချက်မျိုးကိုတစ်ကျော့ပြန်ပြန်လည်ခံစားရမည်ကိုကြောက်ရွံ့နေမိသလို….. သူ့ကိုလိင်တူနှစ်သက်သူလို့ xie yan သိသွားမှာကိုလည်းကောင်း၊သူ xie yan အပေါ်ထားတဲ့ခံစားချက်ကိုသိသွားမှာကိုလည်းကောင်းကြောက်ရွံ့နေရသူပါ နောက်ဆုံးတော့သူ့ကိုခြောက်လှန့်နေတဲ့..သူကြောက်နေမိတဲ့အရာတွေကို xie yan ရဲ့ရည်းစားကသတိထားမိသွားပါတော့တယ်..သူသာမက xie yan တစ်ယောက်လဲသိသွားပါတော့တယ် Shu nian ကိုအိမ်ပေါ်ကနေထွက်သွားခိုင်းလိုက်ပါတော့တယ် အမြဲတမ်းသူစေရာသူခိုင်းရာကိုလုပ်ရတဲ့ shu nian အတွက်ဒါကတော့အဆန်းမဟုတ်တော့ပါဘူး ဒါပေမယ့် xie yan ကတော့သူ့စိတ်သူ၊သူ့ခံစားချက်သူမထိန်းချုပ်နိုင်ခဲ့ပါဘူး….သူ shu nian အပေါ်ခံစားချက်တွေရှိနေတာကိုတော့သူလက်ခံပါတယ်… အိမ်ပေါ်ကနှင်ချခဲ့ပေမယ့်နောက်ကွယ်ကတော့လိုက်ကြည့်နေတတ်ပါတယ် အိမ်ပေါ်ကနှင်ချခံခဲ့ရတဲ့ shu nian သူ့ထက်အသက်ငယ်တဲ့ကောင်လေးတစ်ယောက်နဲ့ ခင်မင်ရင်းနှီးခဲ့ကြပါတယ် ဒါကို xie yan ကတော့သဘောမတွေ့တမျိုးထင်နေခဲ့ပါတယ် Xie yan တစ်ယောက်သူ့ကိုသူ homo ဆိုတာကိုလက်ခံလိုက်တော့မှာလား….. ဒါမှမဟုတ်သူချစ်ရတဲ့ shu nian ကိုပဲတခြားသူလက်ထဲထည့်လိုက်တော့မှာလား…… ဒီကားကိုတော့ LGBT ကားအနေနဲ့ မကြည့်ပဲ Drama ကားတစ်ကားအနေနဲ့သာကြည့်ရှူ ကြဖို့ တိုက်တွန်းချင်ပါတယ် ဗျ