-
Movie Name
-
Brotherhood Of Blades (2014)
-
Year
-
2014
-
Generes
-
Action, Historical
-
Code
-
01569
-
Type
-
Movie
-
Size
-
904 MB
-
Country
-
China
-
Description
-
မင် မင်းဆက် နောက်ဆုံးကာလများတွင် ဆရာတူ ညီအစ်ကိုသုံးယောက်သည် ဂျင်းရိဝေ ခေါ်
ဘုရင့်လျှို့ဝှက်ရဲအဖွဲ့ တွင် ဝင်ရောက်အမှုထမ်းကြသည်။ တစ်ကယ်တော့ သူတို့က ညီအစ်ကို
လေးယောက်ဖြစ်ပြီး တစ်ယောက်မှာ လေလွင့်နေ၍ ရံဖန်ရံခါ ညီအငယ်ဆုံးထံ အကြွေးလာ
တောင်းလေ့ရှိသည်။ သူတို့လုပ်ခလစာမှာ တစ်နှစ်မှ ငွေစ နှစ်ဆယ်ခန့်သာရှိသည်။ အစ်ကိုကြီး
ကရာထူးတိုးချင်သည်။ အထက်အရာရှိကို တောင်းပန် မျက်နှာချိုသွေးသော်လည်း အရာရှိက ငွေ
သာလိုချင်၍ အခက်တွေ့ရသည်။ အစ်ကိုလတ်ကလည်း သူ့ပယောဂမကင်းဘဲ ဆောင်ကြာမြိုင်
ရောက်သွားရရှာသော မိန်းကလေးကို ပြန်ရွေးချင်သည်။ အငယ်ဆုံးညီကလည်း လေလွင့်နေသော
အစ်ကိုက ငွေစ တစ်ရာ လာတောင်းနေ၍ ဒုက္ခရောက်နေသည်။ တစ်နေ့တွင် ဘုရင့်နန်းတော်မှ
ကုန်းကုန်းတစ်ယောက်ရောက်လာပြီး သစ္စာဖောက် ကုန်းကုန်း ဝေကျုံးရှန် ကို လိုက်လံဖမ်းဆီးဖို့
အမိန့်ပေးသည်။ ထိုကုန်းကုန်းက သူတို့ညီအစ်ကို သုံးယောက်ကို တိတ်တဆိတ်မှာသည်ကတော့
ဝေကျုံးရှန်ကို အသေသတ်ဖို့ဖြစ်ပေသည်။
(ဝေကျုံးရှန် ဆိုသော ကုန်းကုန်းမှာ သမိုင်းတစ်လျှောက် တန်ခိုးအာဏာအကြီးဆုံး၊ အဆိုးသွမ်းဆုံးကုန်းကုန်း တစ်ယောက်ဖြစ်သည်။ ဧကရာဇ် ထျန်းချိ ကို ငယ်စဉ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်ခဲ့သူဖြစ်ရာ ထျန်းချိ ဧကရာဇ်ဖြစ်သော အခါ အဖအရာ ထား၍ မြှောက်စားထားသဖြင့်နန်းတွင်းတွင် တန်ခိုးအထက်ဆုံး၊ အာဏာ အပြင်းဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ သူ့လက်ထက်တွင်ဂျင်းရိဝေ လျှို့ဝှက်အဖွဲ့ကို ဖွဲ့စည်းပြီး ၎င်းနှင့်မတည့်သူများကို ရက်စက်စွာ နှိပ်ကွပ်ခဲ့သည်။ ဧကရာဇ်ကွယ်လွန်ခါနီးတွင် သူ့ညီ ချုံးကျန်းကို အာဏာလွှဲပေးခဲ့ရာ ဝေကျုံးရှန် အနည်းငယ် အခက်တွေ့ခဲ့သည်။ချုံးကျန်းဧကရာဇ်သည် ဝေကျုံးရှန်ကို ကြောက်ရွံ့သဖြင့် မထင်မရှားသာ နေခဲ့ရာ ဘုရင်ဖြစ်သောအခါဝေကျုံးရှန်ကို ရှင်းလင်းပစ်ရန် အကြံထုတ်သည်။ နန်းတော်တစ်ခုလုံး ဝေကျုံးရှန်လူချည်းဖြစ်သဖြင့်သူ့အာဏာကို အတော်ပြန်တည်ဆောက်ယူရသသည်။ ထို့နောက် ပြစ်မှုများရှာ၍ ဝေကျုံးရှန်ကိုမြိုင်ရပ်နှင်လိုက်သည်။ သို့သော်ဘုရင့်အကြံပေးတစ်ယောက်က ကျားကို တောထဲပြန်လွှတ်သည်နှင့်တူကြောင်းပြော၍ ဝေကျုံးရှန်ကို ပြန်ဖမ်းလာဖို့ အမိန့်ထုတ်သည်။ နောက်ဆုံး ဝေကျုံးရှန် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားသည်။ ချုံးကျန်းဧကရာဇ်သည် မင် မင်းဆက်၏ နောက်ဆုံး ဧကရာဇ်ဖြစ်ပြီး သူကွယ်လွန်သောအခါ မန်ချုး ကျင်မင်းဆက်က တရုတ်တပြည်လုံးကို စတင်အုပ်စိုးသည်။)
ညီအစ်ကိုသုံးယောက်တို့တွေ့သောအခါ အစ်ကိုလတ်က ဝေကျုံးရှန်လာဘ်
ထိုးသည်ကို လက်ခံပြီးလူငယ်တစ်ယောက်အလောင်းကိုမီးရှို့၍ ပြန်ယူလာကာ ဝေကျုံးရှန်သေပြီဟု
အထက်ကို တင်ပြခဲ့သည်။အစ်ကိုလတ်လာဘ်ယူခဲ့သည်ကို ကျန်ညီကိုနှစ်ယောက်က မသိကြပေ။
ဝေကျုံးရှန်ကို သတ်ခိုင်းသော ကုန်းကုန်းသည် ဝေကျုံးရှန်နေရာကို လိုချင်သည်။ သို့သော် ဝေကျုံးရှန်
မသေကြောင်း သူသိသောအခါ တုန်လှုပ်သွားသည်။ ဝေကျုံးရှန်က ထိုကုန်းကုန်းကို သူလာဘ်ထိုး
လိုက်သော ညီအစ်ကို သုံးယောက်ကို အကြောင်းရှာ၍ ပြန်သတ်ခိုင်းသည်။ သို့သော် သူတို့ညီအစ်ကို
သုံးယောက်မှာလွယ်လွယ်နှင့်မသေချေ။ အစ်ကိုလတ်က သူ ရလာသော လာဘ်ငွေဖြင့် ညီအစ်ကိုတို့
၏ ငွေကြေးပြဿဏနာများကိုရှင်းသည်။ အစ်ကိုကြီးကို ရာထူးတိုးပေးဖို့ အထက်အရာရှိကို လာဘ်ထိုး
သည်။ အထက်အရာရှိကသူ့ထက်ရာထူးကြီးသူကို မျက်နှာလုပ်ဖွင့်ပြောရာ အစ်ကိုကြီး ရာထူးတိုး
အခမ်းအနားတွင် အရှက်ခွဲခံရသည်။အစ်ကိုလတ်ခမျာလည်း သူကြိုက်သော ဆောင်ကြမြိုင်က
မိန်းကလေးသည် သူ့ကိုမကြိုက်ဘဲ တခြားလူတစ်ယောက်ကိုကြိုက်နေသည်ကို သိရသောအခါ
အသဲကွဲရသည်။ ထို့နောက် အစ်ကိုလတ်က ကျန်ညီအစ်ကိုများကို သူလာဘ်ယူခဲ့ကြောင်းဝန်ခံ
သည်။ သူတို့ညီအစ်ကိုသုံးယောက်သည် ကြောက်မက်ဖွယ်ရာ လျှို့ဝှက် ပူးပေါင်းကြံစည်မှု
တစ်ခုကြားတွင် ရောက်နေကြောင်း သဘောပေါက်လာသောအခါ …..။
ဒါရိုက်တာ လုယန်ရိုက်ကူး၍ ချန်းချန် ခေါင်းဆောင်ပါဝင်ထားသော ဤဇာတ်ကားသည် ဒရာမာ
သိုင်းအက်ရှင်ကားကောင်းတစ်ကားဖြစ်ပြီး IMDb Rating(6.6/10) ရရှိထားပါသည်။
(ရုပ်ရှင်အညွှန်းကို mandalaygazette.com မှကူးယူဖော်ပြပါသည်။)