Movie Name
Curse Of The Golden Flower (2006)
Year
2006
Generes
Action, Drama, Historical
Code
01573
Type
Movie
Size
0.97 GB
Country
China
Description
AD 928 ခုနစ် တရုတ်ပြည် မှာပါ။ ပြည့်ရှင်ဘုရင်ကြီးက သိုင်းပညာနဲ့ နိုင်ငံရေးတွေမှာ တတ်ကျွမ်းသလောက် ရက်စက်ကြမ်းကြုတ်တဲ့သူလည်းဖြစ်တယ်။ သူ့မိဖုရားကြီးကို မချစ်လို့ သူသောက်နေကြ ဆေးရည်ထဲမှာ ကြာကြာသောက်ရင် ရူးသွားစေတဲ့ ပစ္စည်းတွေထည့်တိုက်ပြီး တဖြည်းဖြည်း အဆိပ်ခတ်လုပ်ကြံတယ်။ ဒါကို မိဖုရားကြီးနဲ့ စစ်တပ်ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ဒုတိယသားတော်တို့ သိသွားတဲ့အခါမှာတော့ အမေကို ရက်ရက်စက်စက် သတ်ဖို့ကြိုးစားနေတဲ့ အဖေကို ပန်းပွဲတော်ကျင်းပတဲ့အချိန်မှာ ရှင်းလင်းပြီး တိုင်းပြည်အာဏာလုဖို့ ဖြစ်လာပါတယ်။ အဲအပြင် တော်ဝင်မိသားစုတစ်ခုလုံးမှာလည်း တခြား အရှုပ်တော်ပုံတွေနဲ့ ရှုပ်ရှက်ခတ်ပြီး ထိန်းမရသိမ်းမရဖြစ်လာပါတော့တယ်။ … Review ဒီကားကို ကျော်အရင်ဆုံးကြည့်ဖူးတော့ ခုတ်တဲ့ထစ်တဲ့ အခန်းကလွဲလို့ ဘာကိုမှသဘောမကျခဲ့ပါဘူး။ ရုပ်ရှင်မကြည့်တတ်သေးတဲ့ အရွယ်ကိုး။ နောက်မှ စကားပြောခန်းတွေကိုလည်း စိတ်ဝင်စားပြီး ရုပ်ရှင်ကြည့်တတ်သလိုဖြစ်လာတော့မှ ပြန်ကြည့်မိတော့ အင်မတန်ကို လက်ရာမြောက်တဲ့ကားတစ်ကားဖြစ်နေပါတယ်။ ရုပ်ရှင်တစ်ကားလုံးရဲ့ 70% လောက်က နန်းတွင်းအဆောင်တွေထဲမှာတင် စကားပြောနေကြလို့ သာမန်အပျင်းပြေကြည့်မဲ့သူတွေအတွက်တော့ တော်တော်ကိုပျင်းဖို့ကောင်းပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက ကြီးပြီး တော်တော်လည်းကြမ်းလို့ ဇာတ်လမ်းကောင်းကြိုက်တဲ့သူတွေ သဘောကျပါလိမ့်မယ်။ ရိုက်ချက်တွေထဲမှာတော့ ဒီကားဟာ ရှေးခေတ်အခြေပြုကားတွေထဲမှာ အကြီးကျယ်အခန်းနားဆုံးကားလို့ မြင်မိပါတယ်။ တခြား Hollywood ကားတွေ အများကြီးရှိပေမဲ့ သိကြတဲ့အတိုင်း တရုတ်ကားတွေက CGI ထက် လူအစစ်တွေ setting အစစ်တွေကို ပိုသုံးတယ်လေ။ အဲအပြင် ဒီကားရဲ့ Costume design, Art direction, set design ဆိုတာ တော်တော်ကိုလက်ရာမြောက်တယ်။ စစ်သားတွေဝတ်တဲ့ သံချပ်ကာ armour တွေဆိုရင်လည်း အနုစိပ်လုပ်ထားတယ်။ Chow Yun Fet ရဲ့ armour ဆို ပိုဆိုး။ မိဖုရားကြီးရဲ့ အသုံးအဆောင်တွေ အဝတ်အစားတွေ နောက် နန်းတွင်းအပြင်အဆင်၊ နန်းတွင်းအမှုထမ်းတွေရဲ့ လုပ်ပုံကိုင်ပုံ စနစ်ကျပုံတွေကို ပညာသားပါပါ အပင်ပန်းခံပုံဖော်ထားတာက ရှေးခေတ် တရုတ်ပြည်ရဲ့ ကြီးကျယ်ခန်းနားမှု အောင်မြင်မှုတွေကို မြင်စေတယ်။ နောက်ဆုံး climax အပိုင်းနဲ့ ပန်းပွဲတော်ကျင်းပတဲ့အခန်းတွေဆို နောက်ခံတီးလုံးနဲ့ပေါင်းလိုက်တဲ့အခါ ကြက်သီးထလောက်အောင် ကြမ်းတယ်။ သရုပ်ဆောင်တာကတော့ မင်းသားကြီး Chow Yun Fet ဟာ တကယ်ကို ဝါရင့် သမ္ဘာရင့် အားလုံးကို ဂရုမစိုက်တဲ့ ဘုရင်မင်းမြတ်ကြီးအပြင် လှည့်ကွက်တွေ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ပြည့်နေတဲ့ လူကြီးအဖြစ် ပီပြင်အောင် သရုပ်ဆောင်နိုင်တယ်။ ဇာတ်လမ်းပိုင်းမှာတော့ တစ်လျှောက်လုံးက တဖြည်းဖြည်း မှန်မှန်တက်လာပြီး နောက်ဆုံးမှာ တော်တော်ကြမ်းတယ်။ ဒါပေမဲ့ တစ်ကားလုံးနီးပါး အဆောင်တွေထဲမှာပဲ လူတွေစကားပြော ဖြစ်ပျက်နေရတာကို ကြည့်ထားရပြီး နောက်ဆုံး Ending ပါပေါင်းလိုက်တဲ့အခါမှာတော့ ကြည့်တဲ့သူက ဇာတ်လမ်းပြီးတဲ့အခါ လေးလံပြီး စိတ်ချမ်းသာရမလို စိတ်ညစ်ရမလို ဖြစ်နေပါလိမ့်မယ်။ သေချာတာကတော့ အထဲက Plot twist တွေက ကြည့်နေတဲ့သူကို ဇာတ်လမ်းတစ်လျှောက် ဆွဲဆောင်ထားနိုင်ပါလိမ့်မယ်။ (ရုပ်ရှင်အညွှန်းကို DatShin Facebook Page မှကူးယူဖော်ပြပါသည်။) ———————————————————————————————————————————————————- AD 928 ခုနစ္ တရုတ္ျပည္ မွာပါ။ ျပည့္ရွင္ဘုရင္ႀကီးက သိုင္းပညာနဲ႔ ႏိုင္ငံေရးေတြမွာ တတ္ကြ်မ္းသေလာက္ ရက္စက္ၾကမ္းၾကဳတ္တဲ႔သူလည္းျဖစ္တယ္။ သူ႔မိဖုရားႀကီးကို မခ်စ္လို႔ သူေသာက္ေနၾက ေဆးရည္ထဲမွာ ၾကာၾကာေသာက္ရင္ ရူးသြားေစတဲ႔ ပစၥည္းေတြထည့္တိုက္ၿပီး တျဖည္းျဖည္း အဆိပ္ခတ္လုပ္ႀကံတယ္။ ဒါကို မိဖုရားႀကီးနဲ႔ စစ္တပ္ရဲ႕ အႀကီးအကဲတစ္ေယာက္ျဖစ္တဲ႔ ဒုတိယသားေတာ္တို႔ သိသြားတဲ႔အခါမွာေတာ႔ အေမကို ရက္ရက္စက္စက္ သတ္ဖို႔ႀကိဳးစားေနတဲ႔ အေဖကို ပန္းပြဲေတာ္က်င္းပတဲ႔အခ်ိန္မွာ ရွင္းလင္းၿပီး တိုင္းျပည္အာဏာလုဖို႔ ျဖစ္လာပါတယ္။ အဲအျပင္ ေတာ္ဝင္မိသားစုတစ္ခုလံုးမွာလည္း တျခား အရႈပ္ေတာ္ပံုေတြနဲ႔ ရႈပ္ရွက္ခတ္ၿပီး ထိန္းမရသိမ္းမရျဖစ္လာပါေတာ႔တယ္။ … Review ဒီကားကို ေက်ာ္အရင္ဆံုးၾကည့္ဖူးေတာ႔ ခုတ္တဲ႔ထစ္တဲ႔ အခန္းကလြဲလို႔ ဘာက္ိုမွသေဘာမက်ခဲ႔ပါဘူး။ ရုပ္ရွင္မၾကည့္တတ္ေသးတဲ႔ အရြယ္ကိုး။ ေနာက္မွ စကားေျပာခန္းေတြကိုလည္း စိတ္ဝင္စားၿပီး ရုပ္ရွင္ၾကည့္တတ္သလိုျဖစ္လာေတာ႔မွ ျပန္ၾကည့္မိေတာ႔ အင္မတန္ကို လက္ရာေျမာက္တဲ႔ကားတစ္ကားျဖစ္ေနပါတယ္။ ရုပ္ရွင္တစ္ကားလံုးရဲ႕ 70% ေလာက္က နန္းတြင္းအေဆာင္ေတြထဲမွာတင္ စကားေျပာေနၾကလို႔ သာမန္အပ်င္းေျပၾကည့္မဲ႔သူေတြအတြက္ေတာ႔ ေတာ္ေတာ္ကိုပ်င္းဖို႔ေကာင္းပါတယ္။ ဒါေပမဲ႔ ဇာတ္လမ္းက ႀကီးၿပီး ေတာ္ေတာ္လည္းၾကမ္းလို႔ ဇာတ္လမ္းေကာင္းႀကိဳက္တဲ႔သူေတြ သေဘာက်ပါလိိမ္႔မယ္။ ရိုက္ခ်က္ေတြထဲမွာေတာ႔ ဒီကားဟာ ေရွးေခတ္အေျချပဳကားေတြထဲမွာ အႀကီးက်ယ္အခန္းနားဆံုးကားလို႔ ျမင္မိပါတယ္။ တျခား Hollywood ကားေတြ အမ်ားႀကီးရွိေပမဲ႔ သိၾကတဲ႔အတိုင္း တရုတ္ကားေတြက CGI ထက္ လူအစစ္ေတြ setting အစစ္ေတြကို ပိုသံုးတယ္ေလ။ အဲအျပင္ ဒီကားရဲ႕ Costume design, Art direction, set design ဆိုတာ ေတာ္ေတာ္ကိုလက္ရာေျမာက္တယ္။ စစ္သားေတြဝတ္တဲ႔ သံခ်ပ္ကာ armour ေတြဆိုရင္လည္း အႏုစိပ္လုပ္ထားတယ္။ Chow Yun Fet ရဲ႕ armour ဆို ပိုဆိုး။ မိဖုရားႀကီးရဲ႕ အသံုးအေဆာင္ေတြ အဝတ္အစားေတြ ေနာက္ နန္းတြင္းအျပင္အဆင္၊ နန္းတြင္းအမႈထမ္းေတြရဲ႕ လုပ္ပံုကိုင္ပံု စနစ္က်ပံုေတြကို ပညာသားပါပါ အပင္ပန္းခံပံုေဖာ္ထားတာက ေရွးေခတ္ တရုတ္ျပည္ရဲ႕ ႀကီးက်ယ္ခန္းနားမႈ ေအာင္ျမင္မႈေတြကို ျမင္ေစတယ္။ ေနာက္ဆံုး climax အပိုင္းနဲ႔ ပန္းပြဲေတာ္က်င္းပတဲ႔အခန္းေတြဆို ေနာက္ခံတီးလံုးနဲ႔ေပါင္းလိုက္တဲ႔အခါ ၾကက္သီးထေလာက္ေအာင္ ၾကမ္းတယ္။ သရုပ္ေဆာင္တာကေတာ႔ မင္းသားႀကီး Chow Yun Fet ဟာ တကယ္ကို ဝါရင့္ သမာၻရင့္ အားလံုးကို ဂရုမစိုက္တဲ႔ ဘုရင္မင္းျမတ္ႀကီးအျပင္ လွည့္ကြက္ေတြ ရက္စက္ၾကမ္းၾကဳတ္မႈေတြနဲ႔ျပည့္ေနတဲ႔ လူႀကီးအျဖစ္ ပီျပင္ေအာင္ သရုပ္ေဆာင္ႏိုင္တယ္။ ဇာတ္လမ္းပိုင္းမွာေတာ႔ တစ္ေလွ်ာက္လံုးက တျဖည္းျဖည္း မွန္မွန္တက္လာၿပီး ေနာက္ဆံုးမွာ ေတာ္ေတာ္ၾကမ္းတယ္။ ဒါေပမဲ႔ တစ္ကားလံုးနီးပါး အေဆာင္ေတြထဲမွာပဲ လူေတြစကားေျပာ ျဖစ္ပ်က္ေနရတာကို ၾကည့္ထားရၿပီး ေနာက္ဆံုး Ending ပါေပါင္းလိုက္တဲ႔အခါမွာေတာ႔ ၾကည့္တဲ႔သူက ဇာတ္လမ္းၿပီးတဲ႔အခါ ေလးလံၿပီး စိတ္ခ်မ္းသာရမလို စိတ္ညစ္ရမလို ျဖစ္ေနပါလိမ္႔မယ္။ ေသခ်ာတာကေတာ႔ အထဲက Plot twist ေတြက ၾကည့္ေနတဲ႔သူကို ဇာတ္လမ္းတစ္ေလွ်ာက္ ဆြဲေဆာင္ထားႏိုင္ပါလိမ္႔မယ္။ (ရုပ္ရွင္အညႊန္းကို DatShin Facebook Page မွကူးယူေဖာ္ျပပါသည္။) File size…(999MB)