-
Movie Name
-
Rise Of The Legend (2014)
-
Year
-
2014
-
Generes
-
Action, Historical
-
Code
-
01593
-
Type
-
Movie
-
Size
-
1.09 GB
-
Country
-
China
-
Description
-
IMDb rating6.4/10 ရရှိထားပြီး ဒီဇာတ်ကားမှာနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတာကိုတွေ့ရှိရပါတယ်။ ကျွန်တော်ကတော့ ဒီကားကို အရင်ကထွက်ထားခဲ့တဲ့ ဝမ်ဖေးဟုန်ဇာတ်ကားတွေကို Revolution လုပ်ပြီးရိုက်ထားသလားလို့တောင်ထင်မိပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင် တရုပ်ပြည် ချင်ခေတ်ရဲ့ တော်လှန်ပုန်ကန်မှုတွေ၊စစ်ပွဲတွေ၊သဘာဝဘေးအန္တရာယ်တွေနဲ့ တခြားစီးပွားရေး ပြသနာတွေကို ဖေါ်ပြရိုက်ကူးထားပြီး ချင်ခေတ်ရဲ့ အဆိုးဆုံးသော အခြေအနေတွေကို ရိုက်ပြထားတာပါ။ တရုပ်ပြည်ရဲ့ပင်လယ် ပိုးချည်လမ်းလို့ခေါ်တဲ့ ဝမ်ကျိုးမြစ်ရဲ့ ဇူဂျန်ဆိပ်ကမ်းတစ်နေရာ ကျားနက် အဖွဲ့က အုပ်စိုးထားပြီး ၎င်း ကျားနက်အဖွဲ့ကို ဦးဆောင်နေသူ မာစတာလူမှာ မွေးစားသားကတော့ ၃ယောက်ရှိပါတယ်
သားအကြီးဆုံး တာဟုန် ၊ သဌေးလေး အားခို နဲ့တတိယကျား တို့ ကတာဝန်ခွဲေ၀ အုပ်ချုပ်ကြပါတယ်။ တရက်မှာ မာစတာလူ က သူ၏ စတုတ္ထမြောက်မွေးစားသားကို ရွေးချယ်ရန် သူ၏ အလုပ်သမားများထဲမှ လုပ်သက်ကြာပြီး အစွမ်းအစရှိသူများကို ရွေးထုပ်ပြီး သူ၏ပြိုင်ဘက်ဂိုဏ်း မြောက်ပင်လယ်ဂိုဏ်းကို သုတ်သင်ခိုင်းပါတယ်…………… စတုတ္ထမြောက် မွေးစားသားရဲ့ ဘယ်လိုလျှိုကွက်တွေနဲ့ မြောက်ပင်လယ်ဂိုဏ်းကိုခြေမှုန်းမလဲ …… စတုတ္ထသား ကရော ဘယ်လိုရည်ရွယ်ချက် ဘယ်လို တုန့်ပြန်မှုတွေအတွက် ကျားနက်ဂိုဏ်းအတွင်းဝင်ရောက်လာသလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးအနေနဲ့ ဆက်လက်ကြည့်ရှုကြပါ…………………………………………………….
P.S- အသတ်အဖြတ်တွေက ကြမ်းတမ်းတဲ့အတွက် အတိုက်အခိုက်ကြိုက်တဲ့ ပရိတ်သတ်ကြီးကိုတော့အကြိုက်တွေ့စေမှာပါ။ ဒီဇာတ်ကားထဲက Orchid ဆိုတဲ့ ပြည့်တန်ဆာမလေးကတော့ကျွန်တော့ ခရှ်ခ် လေး AngelaBaby ပါ မာစတာလူကတော့ ဟုန်ကျင်းပေါင် လို့လူသိများခဲ့တဲ့မင်းသားကြီး Sammo Kam-Bo Hung ပါ အသက်ကြီးပြီး ဝပေမယ့် ပေါ့ပေါ့ပါးပါးဘဲ တိုက်ခိုက်ခန်းတွေကို သရုပ်ဆောင်ထားတာတွေ့ရပါတယ်