-
Movie Name
-
PASKAL (2018)
-
Year
-
2018
-
Generes
-
Action, War
-
Code
-
03966
-
Type
-
Movie
-
Size
-
953 MB
-
Country
-
Japan
-
Description
-
ဖြစ်ရပ်မှန် ဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် ၂၀၁၈ ထွက် PASKAL ဆိုတဲ့ အက်ရှင် ဒရာမာ မလေးရှားကားသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်
Rating အနေနဲ့ လည်း IMDb – 8.6/10 တောင်ရထားတယ်…
ဒီကားက မလေးရှားက ရိုက်ထားတယ်ဆိုပြီး ဒီလောက်လန်းလိမ့်မယ် မထင်ဘူးလို့ထင်ရင်တော့ မှားသွားလိမ့်မယ်…
လက်နက်တွေကလည်း နောက်ဆုံးပေါ်စီးရီးတွေအားလုံးနီးပါးအသုံးပြုထားသလို စစ်ဆင်နွှဲတဲ့ဟန်ပန်တွေနဲ့ စစ်အင်းအားပြသွားတာတွေက လက်ဖျားခါလောက်စရာပါပဲ..
% buffered
00:00
-00:01
Download
Your browser does not support the video tag.
ပြီးတော့ ရိုက်ထားထားတာတွေကလည်း တော်တော်ကိုလှတယ်.. မလေးရှားကားဆို စုန်းကားလောက်ပဲ သိတဲ့ ကျွန်တော်တို့ ခင်ဗျားတို့အဖို့ ပါးစပ်အဟောင်းသားတောင်ဖြစ်သွားစေလိမ့်မယ်…
.နောက်ဆုံးပြောရရင် Shooter
ကားထဲမှာ Mark Wahlberg သုံးသွားတဲ့ CheyTac M200 ဆိုတဲ့ စနိုက်ပါကြီးတောင်ပါလိုက်သေးတယ်…….
ဗိုလ် ကြီး အာမန်ဆိုတဲ့ မလေးရှား အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဟာ
ပါစကယ်ဆိုတဲ့ အထူးတပ်ဖွဲ့တစ်ခုမှာ တာဝန်ထမ်းဆောင်နေရင်း မိခင်ကိုလုပ်ကျွေးနေတဲ့ စစ်သားကောင်းတစ်ယောက်ဖြစ်တယ်…
သူ့ရဲ့အဖေဟာလည်း နိုင်ငံတော်အတွက်တာဝန်ထမ်းရင်း အသက်စွန့်သွားတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လို့ အမေက သားအတွက်စိုးရိမ်ပေမယ့် တားတော့မတားခဲ့ဘူးဆိုပါတော့…
ပါစကယ်အဖွဲ့ထဲမှာ ဂျိုရွှာဆိုတဲ့ လူတစ်ယောက်နဲ့ အာမန်ဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်..အာမန် ဂျိုရွှာ တို့နှစ်ယောက်အပါအဝင် ဂျက်ဆိုတဲ့တစ်ယောက်
စုစုပေါင်းသုံးယောက်ဟာ အထူးလက်ရွေးစင်တွေအဖြစ် ရွေးချယ်ခံရတယ်…။
အဲ့ဒီနောက်မှာ ပင်လယ်ဓါးပြအမှုတစ်ခုနောက်ကိုလိုက်ရင်း မထင်မှတ်ထားတဲ့ ကံကြမ္မာဒီရေလှိုင်းတွေအောက်မှာ မလေးရှားတပ်ဖွဲ့တွေ
ဘယ်လိုအလှည့်အပြောင်းတွေ ကြုံတွေ့ရမလဲ ကိုယ်တိုင်ကြည့်ရှုခံစားတော်မူကြပါ…။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်…