Movie Name
Like Father Like Son (2013)
Year
2013
Generes
Drama
Code
03977
Type
Movie
Size
952 MB
Country
Japan
Description
ဒီဇာတ်ကားရဲ့အစ(၁၀)မိနစ်လောက်မှာ ခင်ဗျားတို့ဟာ မိသားစုတစ်စုရဲ့ နိစ္စဓူ၀ လုပ်ငန်းစဉ်လေးတွေကိုတွေ့လိမ့်မယ်… အဖေရယ် အမေရယ် သားလေးတစ်ယောက်ရယ်….. အိမ်ထောင်ဦးစီးရဲ့ အလုပ်အကိုင်နဲ့ မိသားစုအပေါ်ဦးဆောင်ပုံ၊ သားသမီးနဲ့ မိန်းမအပေါ် ဘယ်လိုသဘောထားပုံကိုတွေ့ရမယ့်အပြင် ဇနီးသည်ဖြစ်သူရဲ့ ပါရမီဖြည့်ဟန်နဲ့ အသက်(၆)နှစ်အရွယ် သူတို့ထုဆစ်နေတဲ့သားလေးရဲ့ လောကကြီးပေါ် လျော်လှမ်းဖို့ကြိုးစားပုံတွေကို % buffered 00:00 -00:07 Download Your browser does not support the video tag. ပထမ(၁၀)မိနစ်လောက်မှာ သိသွားလိမ့်မယ်… တစ်နေ့ ဒီသားလေးမွေးတဲ့ ဆေးရုံကနေ လာခဲ့ဖို့ပြောလို့သွားတဲ့အခါမှာ ဆေးရုံက တာဝန်ရှိသူတွေကပြောတယ်…. လွန်ခဲ့တဲ့(၆)နှစ်က ကျွန်တော်တို့ဆေးရုံမှာ ခင်ဗျားတို့ ကလေးလွဲသွားတယ်တဲ့…… မိဘ(၂)ဦးအတွက် တကယ့်ကို အံအားသင့်စရာဖြစ်ရပ်ပါပဲ…. အဲ့ဒီအချိန်မှာ သူတို့ DNA ပြန်စစ်တော့ တကယ်လည်း လွဲမှားနေတယ်…. ဆေးရုံက လူကြီးတွေက လွဲခဲ့တဲ့ (၂)ဘက်မိဘတွေကိုတွေ့ဆုံပေးတယ်… ဒီနေရာမှာ ကြည့်ရှူနေတဲ့ ခင်ဗျားတို့သာဆိုရင်ရော ဘယ်လိုလုပ်မလဲ…. ကိုယ့်သားလေးအရင်းဆိုပြီး(၆)နှစ်လုံးပြုစုပျိုးထောင်လာခဲ့တာ… ဟော ခုတော့ သားအရင်းမဟုတ်တော့ဘူးတဲ့…..ကလေးချင်းပြန် လဲမှာလား…..ဒီလိုကျပြန်တော့လည်း (၂)ဘက်မိဘတွေက မလုပ်ရက်ပြန်….မလဲရင်လည်း ကိုယ့်သားအရင်းမဟုတ်တဲ့အပြင် ကျောင်းမွေးစာရင်းမှာ မိဘရဲ့ DNAက မကိုက်လို့ ကျောင်းအပ်ဖို့ကလည်းအခက်အခဲဖြစ်…..Capernaum(2018) ဇာတ်ကားထဲမှာတော့ ခင်ဗျားတို့အားလုံးဟာ ဇိမ်းရဲ့အဖြစ်တစ်ခုကို လိုက်လံခံစားရတာ…ပြောချင်တာက ဇိမ်းပါဝင်တဲ့Capernaum(2018)လိုကားမျိုးကိုကြိုက်တယ်ဆို ဒီကားကိုလည်းကြည့်ကြပါလို့ပြောချင်တယ်… ဒီကားမှာတော့ မိဘ (၄)ယောက်နဲ့ သားလေး(၂)ယောက်နောက်ကိုပါ လိုက်ပြီးတွေးရတယ်….. ငါဆိုရင်ရော ဘယ်လိုလုပ်မလဲ…. အကောင်းဆုံးဖြစ်အောင် ဘယ်လိုရှေ့ဆက်ကြမလဲ…. ဒီကားက ပေးချင်တဲ့ အဖိုးတန် Message ပေါင်းများစွာရှိတယ်..ပြီးတော့ အီနေတာတွေ ဝှေ့နေတာတွေမပါဘူး…တကယ့်ကို လိုရင်းတွေကိုပဲ ခပ်သွက်သွက်လေးသွားနေတယ်.. Rating တွေလည်း ကြွရွနေသလို အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့ အခြားဆု(၂၂)ဆုလည်းရရှိခဲ့တယ်…