-
Movie Name
-
Fist Furious (2019)
-
Year
-
2019
-
Generes
-
Action, Crime
-
Code
-
03991
-
Type
-
Movie
-
Size
-
866 MB
-
Country
-
Korea
-
Description
-
အသစ်ထွက်လာတဲ့ ကိုရီးယားအက်ရှင်ကားကြမ်းကြမ်းလေးပဲဖြစ်ပါတယ်။
Action/Crime ဇာတ်ကားအမျိုးအစားဖြစ်တဲ့ Fist & Furious ဟာနာမည်အတိုင်းပဲ အတိုက်အခိုက်အသတ်အပုတ်ကောင်းကောင်းအသားပေး ရိုက်ကူးထားပါတယ်။
ကိုရီးယားစုံထောက်ရဲတွေရဲ့အက်ရှင်ကားကြိုက်သူတွေအတွက် သဘောတွေ့စေမယ့်ဇာတ်ကားလေးပါ။
ဒါ့အပြင် MyDramaList မှာ 7.9/10 အထိရထားတဲ့ကားလေးလည်းဖြစ်ပါတယ်။
Main Cast တွေအနေနဲ့ Jung Doo Hong, Ryu Deok Hwan, Soe Eun Ah တို့ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်အိမ်နဲ့ရိုက်ကူးထားပုံကလည်းကောင်းပါတယ်။.
ဇာတ်လမ်းအကျဉ်းလေးကတော့….
တစ်ချိန်ကရဲဝန်ထမ်းလောကမှာ နာမည်ကောင်းရထားတဲ့ ကန်ကီမန်ဆိုတဲ့စုံထောက်ဟာ နောက်ပိုင်းအလုပ်မှာပြဿနာတွေတက်လာပြီးနောက်
တစ်ခုတော့နေ့….သူ့ရဲ့တွဲဖက်အသစ်..ရဲဝန်ထမ်းအသစ်လေးနဲ့စလုပ်တဲ့နေ့မှာပဲပြဿနာအကြီးအကျယ်တက်ရုံတင်မဟုတ်ဘဲ ခေါင်းထဲကိုပါဓားအထိုးခံရတဲ့အထိဖြစ်ပွားခဲ့ပါတယ်။
နောက်သုံးနှစ်ကြာအထိ ဘဝကိုနလန်မထူနိုင်ဘဲနေရင်းနဲ့မှ အလွတ်တန်းရုပ်သံရိုက်ကူးသူတစ်ယောက်ဖြစ်တဲ့ နမ်ဂွတ်ဟွမ်နဲ့တွေ့ချိန်မှာတော့
တစ်ချိန်ကသူလျစ်လျူရှုခဲ့တဲ့အမှု သူနောက်ဆုံးဒီလိုအခြေအနေထိဖြစ်ခဲ့တဲ့အမှုကို ပြန်ခြေရာကောက်လိုက်ကြတာပဲဖြစ်ပါတယ်။
အတိုက်အခိုက်အသတ်အပုတ်တွေကောင်းကောင်းရိုက်ပြထားပြီး….စိတ်ဝင်စားဖို့ကောင်းတာကြောင့်
ကိုရီးယားအက်ရှင်ကြိုက်တဲ့သူတွေ အပန်းပြေကြည့်ကောင်းစေမယ့်ဇာတ်ကားလေးပါ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ)