-
Movie Name
-
Memoir Of A Murder (2017)
-
Year
-
2017
-
Generes
-
Action, Crime, Thriller
-
Code
-
03996
-
Type
-
Movie
-
Size
-
1.07 GB
-
Country
-
Korea
-
Description
-
Memoir of murderer ရုပ်ရှင်ကားလေးဟာ ၂၀၁၇ခုနှစ်မှာ
ကိုရီးယားဒါရိုက်တာ Won Shin Yun ဖန်တီးရိုက်ကူးခဲ့တဲ့
ထိတ်လန့်ခြောက်ခြားဖွယ်ရာ သဲထိတ်ရင်ဖို ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
အဆိုပါရုပ်ရှင်ကားကို စာရေးဆရာ Kim Yong Ha ရဲ့
ရောင်းအားအကောင်းဆုံး ဝတ္တုစာအုပ်တစ်အုပ်ဖြစ်တဲ့
A murderer’s guide to memorizarion ကို မှီငြမ်းပြီး
% buffered
00:00
-00:15
Download
Your browser does not support the video tag.
ရုပ်ရှင်အဖြစ် ဖန်တီးထားတာပါ။ အဓိက ဇာတ်ဆောင်များအနေနဲ့
Sol Kyun Gul နဲ့ Kim Nam Gil ၊ ဇာတ်ပို့အဖြစ် Kim Seol hyun နဲ့
Oh Dal Su တို့က ပါဝင်အားဖြည့်ထားပါတယ်။
အဆိုပါရုပ်ရှင်ကားကိုတော့ Showbox/Mediaplex မှ
ထုတ်ဝေဖြန့်ဖြူးထားပြီး ဇာတ်လမ်းကို မိနစ်ပေါင်း ၁၂၀ ဝန်းကျင်ခန့်
ရင်သတ်ရှုမောခံစားရမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းထဲမှာတော့ Sol Kyun Gul ကို
အယ်လ်ဇိုင်းမားစိတ်ကျရောဂါခံစားနေရတဲ့
စိတ္တဇလူသတ်သမား တရားခံ Serial Killer ကြီး
Kim Byeong Soo အဖြစ် မြင်တွေ့ရပါမယ်။
သူကသတ်မယ့်လူတွေဟာ နောင်တရပြီးကိုယ့်အပြစ်
ကိုယ်ခံယူစေခြင်းအလို့ဌာ ထိုသူတွေကိုရွေးချယ် သတ်တာပါ။
ဇာတ်လမ်းထဲမှာတော့ Shin Ki Joon ကို Kim Byeong Sooရဲ့
ငယ်ဘဝ အဖြစ် မြင်တွေ့ရပါမယ်။
Kim Nam Gil ကိုတော့ Kimကို Serial Killer အဖြစ်
သံသယရှိနေတဲ့ ဒေသခံ ရဲအရာရှိ Tae Jooအဖြစ် မြင်တွေ့ရပါမယ်။
Kim Seol hyun ကတော့ ဇာတ်လမ်းထဲမှာ စိတ္တဇလူသတ်သမား
Kim Byeong Soo ရဲ့သမီးအဖြစ် သရုပ်ဆောင်ထားပြီး
သူမရဲ့ဖခင်ကို အယ်လ်ဇိုင်းမားရောဂါကြောင့် ပြုစုစောင့်ရှောက်ပေးနေသူ
တစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာ ရဲအရာရှိ Tae Joo ရဲ့ ချစ်သူဖြစ်လာပါမယ်။
Oh Dal Su ကတော့ Byeong man အဖြစ်သရုပ်ဆောင်ထားပါတယ်။
သူဟာ ဒေသခံရဲ တစ်ဦးဖြစ်ပြီးမြို့ထဲက လူသတ်တရားခံတွေကို
ရှာဖွေဖမ်းဆီးရသူတစ်ဦးလည်းဖြစ်ပါတယ်။
သူတို့တွေ နဲ့ စိတ္တဇလူသတ်သမား Kim Byeong Soo
ဘာတွေဘယ်လိုဆက်ဖြစ်ကြမယ် ဆိုတာကို
ဆက်လက်ကြည့်ရှုခံစားကြည့်လိုက်ကြရအောင်ပါ။
နည်းနည်းတော့ကြောက်ဖို့လည်းကောင်း စိတ်ဝင်စားဖို့လည်းကောင်းတဲ့ဇာတ်ကားပါပဲ
၂၀၁၇ ၂၀၁၈ ခုနှစ်မှာ ရုပ်ရှင်ဆုတွေ Nomination လည်းဝင်
Best Actor Award ကိုလည်းဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံတကာ
ရုပ်ရှင်ပြပွဲမှာပါဝင်ပြသဖူးတဲ့ ရုပ်ရှင်ကားဖြစ်လို့
သည်းထိတ်ရင်ဖိုဇာတ်လမ်းလူသတ်ဇာတ်လမ်းတွေ
သဘောကျနှစ်ခြိုက်သူတွေ အကြိုက်တွေ့ကြမှာပါ။