Movie Name
Spicy Robbery (2012)
Year
2012
Generes
Comedy
Code
02950
Type
Movie
Size
775 MB
Country
Thai
Description
ထိုင်းဟာသ ဇာတ်မြူးလေးတစ်ကား နဲ့ မိတ်ဆက်ပေးပါရစေ Oh My Ghost ကြည့်ဖူးသူများအတွက်ဒီ ကားထဲက မိန်းမလျှာ ဇာတ်ဆောင်များနဲ့ သိပ် စိမ်းမှာမဟုတ်ပါဘူး ဒီဇာတ်ကားလေးရဲ့ဇာတ်အိမ်ကို ဆေးရုံတစ်ခုကို လိင်ပြောင်းခွဲစိတ်ရန် မိန်းမလျှာတစ်သိုက်ဟာ ရောက်ရှိလာပါတယ် အဲ့ဒီအချိန်မှာပဲ ဘတ်စ်ကားတစ်စီးပေါ်မှာ ခိုက်ရန်ဖြစ်ပွားရာကနေ သေနတ်မှန်သွားတဲ့ လူငယ်တစ်ယောက်ကို အသတ်အချိန်မှီကယ်ရန် အစ်ကိုဖြစ်သူနဲ့ သူငယ်ချင်းတွေကလဲ အဆိုပါဆေးရုံကိုပဲရောက်ရှိလာပါတယ် …… ညီဖြစ်သူအတွက် ပိုက်ဆံလိုတဲ့အခါမှာတော့ အစ်ကို ဖြစ်သူက ပိုက်ဆံအတွက် နည်းလမ်းတစ်ခုရှာပါတယ် အဲ့ဒီနောက်မှာ ဓါးပြ တိုက်ပြီး ထိုဆေးရုံကိုပဲလက်နက်တွေနဲ့ ရောက်လာတဲ့ ဓါးပြ နှစ်ယောက်……… ဒီလူတွေ ဆေးရုံတစ်ခု ထဲမှာပဲ ပိတ်မိတွေ့ဆုံတဲ့အခါမှတော့ တစ်ကားလုံး ဟာသဇာတ်မြူး ဇာတ်ကွက် များနဲ့ ကြည့်ရသူကို တစ်ဝါးဝါးတစ်ဟားဟားနဲ့ မပျင်းရစေအောင် ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်မြူးလေးများနဲ့ စိတ်လက်အပန်းပြေစေဖို့ ကြည့်ရှုရန်ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားအဖြစ်ညွှန်းပါရစေ……… ထွက်ရှိလာတဲ့ စာတန်းထိုးဖိုင်က မပြည့်စုံမှူတွေရှိတာကြောင့် တစ်ခြားနေရာတွေမှာ စာတန်းမထိုးခဲ့တာများရှိရင် သည်းခံ နားလည် ခွင့်လွတ်ပြီး ကြည့်ပေးကြပါလို့။ မူရင်းဇာတ်ကားမှာတော့ အင်္ဂလိပ်စာ စာတန်းထိုးပါပြီးသားမို့ မြန်မာစာတန်း မထိုးတဲ့နေရာတွေမှာလဲ ကြည့်ရတာ အဆင်ပြေမယ်လို့ ထင်ပါတယ်။