Movie Name
ချစ်ကံဆိုး
Year
2018
Generes
Comedy, Drama
Code
ST0102
Type
Series
Size
4.11 GB
Country
Thai
Description
Villနဲ့ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း Gypsy ပီးတော့ မင်းသားငယ်လေး Kangsom တို့ရဲ့ Funny and Comedy ဇာတ်ကားလေးဖြစ်ပါတယ် . ဇာတ်လမ်းအကျဉ်းလေးပြောပြမယ်နော် .'. ဇာတ်လမ်းကတော့. . . . Preawနဲ့ Wishaဟာ တစ်ရက်တည်း တစ်နှစ်တည်းမှာ မွေးဖွားခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပါတယ် . Preaw ဟာ မကြာခင်လက်ထပ်တော့မယ့် သတို့သမီးတစ်ယောက်ဖြစ်ပီး Wishaကတော့ သူမနှစ်သက်သမျှယောကျာ်းလေးတိုင်း Preaw နောက်ပါသွားတာကို ခံရသူတစ်ယောက်ဖြစ်ပါတယ်! Preaw ရဲ့ သတို့သားလောင်းဟာ မင်္ဂလာဆောင်ခါနီး အခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်တာကို Preawတစ်ယောက်တွေ့ရှိခဲ့ပါတယ် . ဒါနဲ့ Preaw သူမရဲ့အချစ်မှာ ကျရှုံးခဲ့တာကို သူမ သူငယ်ချင်း Wishaကိုပြောပြခဲ့ပါတယ်. ဒါနဲ့သူမတို့နှစ်ယောက် အိမ်အပြန်လမ်းမှာ စိတ်ပုံမှန်မဟုတ်သူတစ်ဦးနဲ့တွေ့ခဲ့ပါတယ်. ဒါပေမဲ့ အဲ့အချိန်မှာ Preawဟာ မူးနေပီး ထိုလူရဲ့အူကြောင်ကြောင်စကားများကိုနားမထောင်လိုတာကြောင့် Wishaကို ထားပီး ကားပေါ ်မှာသွားနေခဲ့ပါတယ်! ဒါပေမဲ့ Wishaကတော့ ထိုသူရဲ့စကားကို စိတ်ဝင်စားစွာနားထောင်ခဲ့ပါတယ် ! ထိုသူကWishaဟာ အတိတ်ဘဝတွေတုံးက Preaw ရဲ့ချစ်သူတွေကိုလုယူခဲ့တာမို့ အခုဘဝမှာ သူမနှစ်သက်တဲ့ယောကျာ်းတိုင်းဟာ Preawနဲ့ရည်းစားဖြစ်ပီး သူမတစ်ယောက်တည်း ကျန်ခဲ့တာဖြစ်ကြောင်း...ဘုရားကျောင်း ၁၉ကျောင်းပြည့်အောင်ဝတ်ပြုရမှာဖြစ်ပီး Preawဆီက ခွင့်လွှတ်မှုကိုတောင်းခံရမှာဖြစ်ကြောင်း. ထိုသို့မပြုလုပ်လျှင် သူမရဲ့ကံဆိုးမှုဟာ ပျောက်ပျက်မှာမဟုတ်ပဲ တစ်သက်လုံးအပျိုကြီးဘဝနဲ့သာ အချိန်တွေကုန်ဆုံးသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်! Wisha ဟာထိုစကားများကို ယုံကြည်ပီး Preawကတော့ လက်မခံခဲ့ပါဘူးး ဒါကြောင့် Wishaဟာ Preawကို ရတဲ့နည်းနဲ့ ရအောင် ဘုရားဖူးဖို့ ခေါ ်သွားပါတယ်! သူတို့သွားတဲ့လမ်းမှာ ကောင်လေးချောချောလေး Peet နဲ့တွေ့ဆုံခဲ့ပါတယ် ! Peet ရဲ့ချစ်သူဟာ လွန်ခဲ့တဲ့ နှစ်က ဆုံးပါးသွားခဲ့ပါတယ်! Peetဟာ သူ့ချစ်သူကို ပေးထားခဲ့တဲ့ ကတိတွေအတိုင်း ပြုလုပ်ဖို့ ထိုအရပ်ကို တစ်ကိုယ်တည်း ခရီးထွက်လာတာဖြစ်ပါတယ် ! အဲ့ဒီမှာ သူတို့ သုံးယောက်ဆုံလေသောအခါ . . . အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကြား ကောင်လေးတစ်ယောက်ဝင်လာသောအခါဘာတွေ ဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာတာ့ . . .