Movie Name
Cold War 2 (2016)
Year
2016
Generes
Action
Code
01603
Type
Movie
Size
866 MB
Country
China
Description
ဇာတ်လမ်းကို Cold War စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲမှူး ဟောင်း အဲလ်ဘတ်ကွမ်ရဲ့ အသု ဘအခမ်းအနားနဲ့ စထားပြီး အ ခမ်းအနားအပြီးမှာ အထူးရဲကော် မရှင်အကြီးအကဲ ရှောင်လျူဆီကို ဖုန်းဝင်လာခဲ့ပါ တယ်။ အရာရှိလျူရဲ့ဇနီးကို ပြန်ပေးဆွဲသွားတာဖြစ် ပြီး ဇနီးကို ပြန်ခေါ်ချင်ရင် အကျဉ်းသမား ဂျိုးလီနဲ့ အလဲအလှယ်လုပ် ဖို့ ပြန်ပေးသမားက တောင်းဆို ခဲ့ပါတယ်။ ရှောင်လျူဟာရဲဌာနချုပ်ကို သတင်းမပို့ဘဲ အရေးပေါ်ဆုံးဖြတ် ချက်ချကာ အကျဉ်းသားကိုထောင်က လွှတ်ပေးဖု့ိလုပ်ခဲ့ပါတယ်။ ဟောင်ကောင်မီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေက ရဲဌာနရဲ့ အခုလိုအရေးပေါ် ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုတွေ တက်လာတာကြောင့် အရာရှိလျူဟာ ဘီလီချွန်းဆိုတဲ့ စုံထောက်ကို တရားခံနဲ့ပတ်သက်ပြီး စုံစမ်းထောက်လှမ်းစေခဲ့ပါတယ်။ ဂျိုးလီထောင်က လွတ်လာ တဲ့အခါ သူ့ဖခင် အမ်ဘီလီ၊ အထူးရဲ ကော်မရှင်အကြီးအကဲဟောင်း ချွဲယန်ကေးတို့ တွေ့ဆုံခဲ့ကြပြီးဂျိုးကို အရာရှိလျူရဲ့ နေရာမှာအစားထိုးနိုင်ဖို့ စီစဉ်ကြပါတော့တယ်။ Cold War စစ်ဆင်ရေးရဲ့လစ်ဟာမှုတွေ၊အရာရှိလျူရဲ့လုပ်ရပ်တွေအတွက်လူထုကိုဖြေရှင်းပေးဖို့ဥပဒေပြုလွှတ်တော် တရားသူကြီး နိုဝေကန်က ဦးဆောင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အရှုပ်အထွေးများစွာဖြစ်ပြီးတဲ့ နောက်မှာတော့ လျူဟာ အလုပ်ကနေ တရားဝင်နုတ်ထွက်ခဲ့ပြီး ကိစ္စရပ်တွေအားလုံးကို ထုတ်ဖော်ပြောကြားခဲ့တယ်။ ပြဿနာတွေရဲ့ နောက်ကွယ်မှာ ရဲဌာနအကြီးအကဲတွေ ဆက်နွှယ်နေတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ၊ အရာရှိလျူတစ်ယောက် ဘယ်လိုဖော်ထုတ်သွားမှာလဲဆိုတာ ဆက်ကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကားထဲမှာပါတဲ့ သရုပ်ဆောင်တွေအကုန်လုံးက ပရိသတ်တွေ ရင်းနှီးပြီးသား နာမည်ကြီးတွေပဲဖြစ်တဲ့အပြင် အမှန်အကန်အက်ရှင်ကားဖြစ်တာမို့ ပရိသတ်တွေ အကြိုက်တွေ့မယ် ထင်ပါတယ်။ အရာရှိရှောင်လျူအဖြစ် အေရွန်ကွတ်က ခေါင်းဆောင်ပါဝင်ထားပြီး တိုနီလျန်ခါ ဖေ၊ ချောင်ယွန်ဖတ်၊ ချာလီ ယောင်းစသူတွေ ပါဝင်ထားကြပါတယ်။