-
Movie Name
-
ချစ်ဖူးစာ(love Destiny)
-
Year
-
2018
-
Generes
-
Comedy, Drama, Historical, Romance
-
Code
-
ST0104
-
Type
-
Series
-
Size
-
1 GB
-
Country
-
Thai
-
Description
-
"ချစ်ဖူးစာ" ထိုင်းဇာတ်လမ်းတွဲသစ် ယခုလက်ရှိထွက်နေဆဲဖြစ်တဲ့ ထိုင်းစီးရီးတွေထဲမှာမှ အအောင်မြင်ဆုံး၊ ရေပန်းအစားဆုံး၊ ထိုင်းမှာသာမက ပြည်ပမှာပါ ပရိတ်သတ်ကြည့်ရှုနှုန်းမြင့်မားနေတဲ့ ထိုင်းစီးရီးတစ်ခုဖြစ်တဲ့ "บุพเพสันนิวาส" ဆိုတဲ့ဇာတ်လမ်းတွဲလေးကို FIV ပရိတ်သတ်ကြီးတို့လည်း ကြည့်ရှုခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ FIV ကတော့ ဇာတ်လမ်းနာမည်ကို မြန်မာမှုပြုကာ "ချစ်ဖူးစာ"လို့ အမည်ပေးထားပါတယ်။ ခေါင်းဆောင်မင်းသမီး နဲ့ မင်းသား ကတော့ Kadesurang(ကေ့ဒ်စူရန်) / Karakade(ကရာကေ့ဒ်) အဖြစ် Bella Vanita နဲ့ Muen Suntorndewa / Date အဖြစ် Thanawat Wattanaputi တို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ပုံစံကတော့ ယခုခေတ်ကောင်မလေးတစ်ယောက် သူမရဲ့အရင်ဘဝက ဘာတွေဖြစ်ခဲ့လဲ၊ဘာတွေလုပ်ခဲ့လဲဆိုတာကို ရသမျိုးစုံနဲ့ဖော်ကျူးပြီး ရိုက်ထားတာဖြစ်ပါတယ်။ (FIV ပရိတ်ကြီးတို့ အရင်ဘဝက ဘာဖြစ်ခဲ့ကြလဲဆိုတာ မသိချင်ဘူးလား? သိချင်ရင် ဒီဇာတ်လမ်းလေးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ) အပေါ်မှာပြောခဲ့တဲ့ကောင်မလေးဟာ သူမရဲ့အတိတ်ဘဝတုန်းက လူတကာအပေါ်အနိုင့်ကျင့်တယ်၊မနာလိုမုန်းတီး၊တကိုယ်ကောင်းဆန်စွာနေခဲ့တယ်။ ပြောရရင် စိတ်ကောင်းတစ်စက်မှမရှိဘူးပေါ့။ ယခုခေတ်ကောင်မလေး ကားအက်စီးဒင့် ဖြစ်တဲ့အချိန်၊အတိတ်ဘဝကကောင်မလေး သူများပြုစားပြီး သေဆုံးတဲ့အချိန် အဲ့ဒီလိုအချိန်မျိုးမှာ ထူးခြားဆန်းပြားစွာနဲ့ ယခုခေတ်ဝိညာဉ်ဟာ အတိတ်ဘဝခန္ဓာကိုယ်ထဲ ဝင်သွားခဲ့ပြီး သူမဟာ အတိတ်ဘဝက စိတ်ထားမကောင်းတဲ့လူတစ်ယောက်ဆိုတာကို သိလိုက်ရတယ်။ အဲ့ဒါကြောင့်မလို့ သူမဟာ အသေကောင်းဖို့ နဲ့ နောင်သံသရာမှာ ကံကြမ္မာကောင်းအောင် အတိတ်ဘဝခန္ဓာကိုယ်ထဲမှာရှိနေတုန်း ကောင်းတဲ့အရာတွေကိုပဲလုပ်မယ်လို့ ဆုံးဖြတ်ပြီး ကြိုးစားပြုမူနေထိုင်ခဲ့ပေမယ့် လူတိုင်းက သူမကို မုန်းတီးစက်ဆုပ်နေကြတယ်။ အထူူးသဖြင့် ခေါင်းဆောင်မင်းသားနဲ့ အရမ်းရင်းနှီးတဲ့အစေခံမလေးကို သူမက သတ်ခဲ့မိတဲအတွက် မင်းသားက သူမကို အတော်လေးမုန်းတီးနေတယ်။ သူမရဲ့အကျင့်စရိုက်၊ပြုမှုပြောဆိုနေထိုင်ပုံတွေဟာ တစ်နေ့တစ်ခြား ထူးခြားပြောင်းလဲလာတာတွေကို သူမရဲ့အနားမှာရှိတဲ့လူတွေက သတိထားလာမိကြတဲ့အခါ..........? ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ FIV ကနေ တင်ဆက်ပေးသွားမယ့် "ချစ်ဖူးစာ" ဆိုတဲ့ ထိုင်းရုပ်သံဇတ်လမ်းတွဲလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါစို့လားခင်ဗျာ.....။