Movie Name
Mission Milano (2016)
Year
2016
Generes
Action, Comedy
Code
01614
Type
Movie
Size
854 MB
Country
China
Description
မင်းသားကြီး Andy Lau ဦးဆောင်ပါဝင်တဲ့ ဒီဇာတ်ကားဟာ စွန့်စား အက်ရှင် ဟာသ အမျိုးအစား ဟောင်ကောင်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့……. လူးဝစ္စလော်ဟာ နည်းပညာ ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်ပြီး လူ သိများတဲ့ လူချမ်းသာ စွန့်ဦးတီ ထွင်လုပ်ငန်းရှင်တစ်ယောက်ပါ။ ဒီဂုဏ်ပုဒ်တွေရဲ့ နောက်ကွယ်မှာ တော့ သူဟာ ကိုယ်ခံပညာမာစ တာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဘိုး ဘေးဘီဘင်တွေက ချမ်းသာတဲ့ လူတွေဆီက ခိုးယူပြီး မရှိဆင်းရဲ သားတွေကို အလှူအတန်းပေးတဲ့ သူတော်ကောင်းသူခိုးတွေအဖြစ် အစဉ်အဆက်လုပ်ခဲ့ကြတာပါ။ အမျိုးအဆွေတွေရဲ့ ကောင်းမွေကို လက်ခံရရှိထားတဲ့ လူးဝစ္စ လော်ဟာလည်း မတရားမှုတွေအ တွက် တိုက်ပွဲဝင်သလို အမှုမှန် ပေါ်ပေါက်ဖို့အတွက်လည်း ရဲတွေကို အကူအညီပေးပါတယ်။ တစ်ရက်မှာတော့ လူးဝစ္စ ဟာ ဆွစ်ဇာလန်တက္ကသိုလ်ရဲ့ ရန်ပုံငွေနဲ့ သီးနှံစိုက်ပျိုးမရတဲ့မြေမှာ တစ်မိနစ်အတွင်း သီးနှံစိုက်နိုင်တဲ့ Seed of God ကို တီထွင်နိုင်ခဲ့ပြီး ပြိုင်ဘက်တွေကို ကျော်လွှားကာ စိုက်ပျိုးရေးလောကမှာ လက်ဝါး ကြီးအုပ်နိုင်မယ့် အနေအထားရှိခဲ့ ပါတယ်။ % buffered 00:00 -00:16 Download Your browser does not support the video tag. အဲဒီအခါမှာ Crescent ဆို တဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီး တစ်ခုရဲ့ ခေါင်းဆောင်စနိုးက သူ့ ရဲ့တပည့် ဖီးနစ်နဲ့အတူ Seed of God ရယ်၊ တီထွင်သူရယ်ကို ဖမ်း ဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အင်တာပိုအဖွဲ့ဟာ ဆာဆမ်ပန် ဟောင်ကို လူးဝစ္စနဲ့အတူ ပူးပေါင်း ပြီး Seed of God ကို ပြန်လည်ရှာဖွေပြီး အဖျက်အမှောင့်တွေကို စုံစမ်းဖို့အတွက် စေလွှတ်ခဲ့ပါ တယ်။ ဆမ်ပန်ဟောင်နဲ့ လူးဝစ္စတို့ အဖွဲ့တွေဟာ မကာအို၊ ဟောင် ကောင်နဲ့ မီလန်မှာ လိုက်လံစုံစမ်း ခဲ့ကြရာမှာ မီလန်က ဓာတ်ခွဲခန်း တစ်ခုမှာ Seed of God ရှိနေတာ ကို ခြေရာခံမိခဲ့ကြပါတယ်။ သို့ ပေမဲ့လည်း လူဆိုးအဖွဲ့တွေက လူးဝစ္စရဲ့အမေကို ဓားစာခံလုပ် ပြီး Seed of God ကို တောင်းဆို တဲ့အခါမှာ လူးဝစ္စတို့တွေ ဘာ တွေရပ်ဆိုင်ပြီး ဇာတ်သိမ်းရမှာလဲ ဆိုတာ ဆက်လက်ရှုစားလိုက်ပါဦးနော်။ ဟောင်ကောင်အက်ရှင် ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း အတိုက်အခိုက်တွေရော၊ ရယ်စရာဇာတ်ကွက်တွေရောမို့ ပရိသတ်တွေ သဘောကျမယ်ထင်ပါ တယ်။ ဒီဇာတ်ကားမှာ ပါဝင်ထားသူတွေက အန်ဒီလောင်၊ ဟွမ်ရှောင်မင်၊ ဝမ်ချိုလမ်၊ မစ်ရှဲဟူ၊ နာနာဥယန် စသူတွေပဲ ဖြစ်ပါတယ်။