-
Movie Name
-
Sunflower(2006)
-
Year
-
2006
-
Generes
-
Action, Crime
-
Code
-
02976
-
Type
-
Movie
-
Size
-
842 MB
-
Country
-
Hollywood
-
Description
-
ကိုရီးယားကားတွေကြည့်ရင်းခုတစ်လောမှ သတိထားမိတဲ့အကြောင်းတွေရှိတယ် သူတို့ဇတ်ကားတော်တော်များများ
မှာ ပုစ္ဆာလေးတွေ မေးခွန်းလေးတွေ မြှုတ်ကွက်လေးတွေနဲ့တည်ဆောက်ထားတယ် ဇတ်အိမ်ကြီးကြီးမားမား မရှိရင်တောင်
အထက်ပါအကြောင်းအကြောင်းအရာများကြောင့် ဆွဲဆောင်မှုအရမ်းကောင်းတယ် ကြည့်ရှုသူပရိတ်သတ်ကို စဉ်းစားစေရင်း
ခံစားစေရင်း မျှော်လင့်စေရင်းနဲ့ ဇတ်သိမ်းပိုင်းထိဆွဲခေါ်သွားတယ်….
ဒီကားကတော့ ဇတ်အိမ်လည်းကောင်း မင်းသားကလည်း ဟားဗတ်ဇတ်လမ်းတွဲနဲ့လူသိများတဲ့ မင်းသားကြီး Rae-won Kim ကအဓိကသရုပ်ဆောင်ထားတယ်
ရထားပေါ်မှာ လူငယ်တစ်ယောက်ဟာ စာအုပ်လေးဖတ်ရင်း ပါးစပ်ကရေရွတ်နေတယ် နောက်ဘယ်တော့မှရန်မဖြစ်တော့ဘူး
နောက်ဘယ်တော့မှ မသောက်တော့ဘူး နောက်ဘယ်တော့မှ မငိုတော့ဘူးဆိုတဲ့စကားတွေပေါ့ သူပုံစံကြည့်ရတာ ပီဘီကလေး
ငယ်လေးနဲ့တူတယ် ခပ်ကုတ်ကုတ်နဲ့အားလုံးကိုကြောက်ရွံနေတဲ့ပုံ….
တကယ်တော့သူဟာ အတိတ်တုန်းက တမြို့လုံးကြာက်ရတဲ့လူမိုက်…လူသတ်မှုဖြစ်လို့ထောင် ၁၀ နှစ်ကျရာကနေ လွတ်ရက်စေ့
လို့ဇာတိမြို့ကိုပြန်လာခဲ့တယ်..သူဟာမိဘမဲ့သူဖြစ်ပေမဲ့ ဆက်ပြီးမမိုက်ချင်တော့လို့ လူမိုက်ဂိုဏ်းအဖွဲ့တွေဆီသွားမနေပဲ
သူ့ကိုချစ်တဲ့မိသားစုတစ်စုအိမ်မှာသွားနေခဲ့တယ် အဲ့ဒီအိမ်လေးမှာ
စားသောက်ဆိုင်လေးလည်းရှိတယ် အဲ့ဒီဆိုင်လေးရဲ့နာမည်က နေကြာပန်းတဲ့…တကယ်တော့ အဲ့ဒီဆိုင်ဟာ အန္တရယ်ဆိုးကြီးကျရောက်
နေတယ် အဲ့ဒါကဘာလဲဆိုတော့ လွှတ်တော်အမတ်လုပ်မဲ့သူတစ်ယောက် က အဲ့ဒီဆိုင်ကိုသိမ်းယူဖျက်ဆီးပြီး အဆောက်အဦးတစ်ခု
ဆောက်ချင်လို့ပါပဲ….ကဲ လူလိမ္မာလေးတစ်ယောက်အတိတ်တုန်းက ဘာလိုတွေမိုက်ခဲ့လဲ သူ့ကိုမွေးစားခဲ့တဲ့မိသားစုနဲ့ရော
ဘယ်လိုပတ်မှုရှိလဲ အမတ်လုပ်မဲ့လူနဲ့အတူရှိတဲ့ ဂိုဏ်းစတားအဖွဲ့တွေကိုရောဘယ်လိုရင်ဆိုင်မလဲဆိုတာတော့ ပရိတ်သတ်ကြီး
ခံစားကြည့်လိုက်ပါဦး တစ်ခုတော့ကြိုပြောပါရစေ ကြည့်ပြီးရင်တော့ ခင်ဗျားမှာနှလုံးသားရှိသေးသားပဲဆိုတာ ကိုယ့်ကိုကိုယ်
အသိအမှတ်ပြုမိလိမ့်မယ်