-
Movie Name
-
Sunny (2008)
-
Year
-
2008
-
Generes
-
Romance
-
Code
-
02977
-
Type
-
Movie
-
Size
-
678 MB
-
Country
-
Korea
-
Description
-
ဟချွန်းဟွ နင်က ဘာလို့ဒီလောက်တော်တာလဲကြီးလာရင်ယောကျာ်းတွေကို အုပ်ချုပ်ပြီး
အလုပ်လုပ်နိုင်မှာ…..
ဂျန်းမီ နင်က လေမျက်နှာခွဲစိတ်ပြီးအလှဆုံး
ဖြစ်လာမှာ..
ဂျင်ဟီးရေ နင်ကလေ…
ဟာလာမရှုပ်နဲ့ နင်ကလေနောင်ကျရင် အဆဲအဘိဓာန်ထုတ်နိုင်မှာ…
ဆောဂွန်အုတ် နင်ကလေ ကြီးလာရင်နာမည်
ကြီးစာရေးဆရာမကြီးဖြစ်လာ…..
ဘိုဟီး ရေ အခုကစပြီးနင်း မစ်ကိုရီးယားဖြစ်
လာတော့မှာနောက်ပြီး ချစ်ရတဲ့ ယောကျာ်းနဲ့
ချစ်စရာကလေးလေးမွေးမှာ…
ဟဲ့ဆူဂျီမ ဒီကိုကြည့်လိုက်ပါဦး…
% buffered
00:00
00:00
Download
Your browser does not support the video tag.
အနာဂတ်ကနာမီရေ ငါလေ ကြီးလာရင်
ပန်းချီဆရာမကြီးဖြစ်ချင်တယ် ပြီးတော့
ကာတွန်းစာအုပ်ဆိုင်ဖွင့်ချင်တယ်…………
တယောသံလေးလေး ဆွဲဆွဲငင်ငင်ဇာတ်ဝင်
တေးဖွင့်ထားတဲ့အချိန် ဟိုကလေးဘဝက ဆန္ဒ
လေးတွေကို ပြေားထားတဲ့ ဗီဒီယိုလေးကိုပြန်
ကြည့်မိချိန်လေး………
—————————————————
xxxx ဒီရုပ်ရှင်ကို လူလတ်ပိုင်း/ကြီးပိုင်း
တွေအတွက်ရည်ရွှယ်ပြီးဖော်ပြပေးလိုက်ပါ
တယ်xxxxx
—————————————————–
ကားနာမည်က Sunny ကိုရီးယားလို
(써니 Sseoni) ဖြစ်ပါတယ်။၂၀၁၁ မှာထွက်
ရှိထားပြီး ဒီရုပ်ရှင်က IMDb Rating 7.9
ရရှိထားပြီး အဲ့ဒီနှစ်ရဲ့ ဒုတိယအမြတ်အကြမ်း
ဆုံး ဇာတ်ကားဖြစ်ခဲ့ပါတယ်။
ဒီရုပ်ရှင်ကို ၂၀၁၁ ခုနှစ်မေလမှာ
စတင် ပြသခဲ့ပြီးတော့ ကိုရီးယားရဲ့ 20 Fox Century လိုဆိုရမယ့် CJ Entertainment က
ဖြန့်ချီထားပါတယ်။ တစ်ကားလုံးကြာချိန် ၁၂၄
မိနစ် ရှိပြီး ကိုရီးယား စကားပြော တောင်ကိုးရီး
ယား ရုပ်ရှင်ဖြစ်ပါတယ်။
Budget ကန်ဒေါ်လာ ၅.၅မီလီယံ နဲ့ ရိုက်ကူးခဲ့ပြီး Box Office မှာကန်ဒေါ်လာ ၅၁.၁မီလီယံ ပြန်လည်ရရှိခဲ့ပါတယ်။ ၂၀၁၁ ရဲ့ ဒုတိယ
အမြတ်အကြမ်းဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်ခဲ့ပြီး
ကိုရီးယား ရုပ်ရှင်သမိုင်းမှာ ၁၃ ကားမြောက် သော ရောင်းအားအကောင်းဆုံး စံချိန်ကို ဝင်သွားခဲ့ပါတယ်။
ဒီကားကိုရိုက်တဲ့ ဒါရိုက်တာက Kang Hyeong
cheol ဖြစ်ပါတယ်။ဒါကသူ့ရဲ့ဒုတိယမြောက်
ဇာတ်ကားဖြစ်ပြီး ပထမဆုံးပွဲဦးထွက်ရိုက်ကူး
ခဲ့တဲ့ ဇာတ်ကား က၂၀၀၈ မှာထွက်ရှိခဲ့တဲ့ Scandal Makers ဖြစ်ပါတယ်။ အဲ့ဒီကားကလဲ ငွေးရေးကြေးရေးအရရော အနုပညာပိုင်းရော
တော်တော်လေး အောင်မြင်ခဲ့ပါတယ်။
ဒီဇာတ်ကားမှာ အဓီကသရုပ်ဆောင်တွေကိုပြော
ရမယ်ဆိုရင် ကလေးဘ၀ ပိုင်းမှာ ၇ ယောက်
လူကြီးပိုင်းမှာ ၇ အဓီက သရုပ်ဆောင်ထားပါတယ်။ အဓီကဇာတ်ကောင်တွေက အမျိုးသမီး
တွေပဲဆိုတော့ မင်းသားရယ်လို့ တစ်ယောက်ပဲ
ပါပါတယ်။
Sunnyဒီ ဇာတ်ကားကို Hollywood က ၂၀၁၆ မှာ၊ဟောင်ကောင်က ၂၀၁၄ မှာ Never Dance Alone ဆိုတဲ့နာမည် ၊ ၂၁၀၈မှာ ဂျပန်က Sunny နာမည် နဲ့ပဲ၊ ဗီယက်နမ်က ၂၀၁၈ မှာ Thang
Nam Ruc Ro ( Go Go Sisters) ဆိုတဲ့ နာ
မည်အသီးသီးနဲ့ ဇာတ်လမ်းတူတူကိုပဲ အနည်းငယ်စီကွဲပြားပြီး ပြန်လည်ရိုက်ကူးပြသခဲ့ကြပါ
တယ်။
ရုပ်ရှင်ဆုပေးပွဲအသီးသီးက ဆု ၉ ဆုရရှိထားပြီး
အဓီက က ဒါရိုက်တာဆုနဲ့ ဟချွန်းဟွာ ငယ်
ဘဝနေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး Kang
So ra တို့ အဓီက ရရှိခဲ့တာပါ။
ကိုရီးယားမှာစတင်ဖြန့်ချီလိုက်ပြီနောက်မှာ
ကမ္ဘာတစ်လွှား ပြင်သစ်၊ အိန္ဒိယ ၊ အင်္ဂလန်၊
အမေရိကန်၊ ဂျပန်၊ အီတလီ၊ သြစတေးသျှ၊ကနေဒါ၊ ဖီလစ်ပိုင် တို့ကရုပ်ရှင်ပွဲတော်
အသီးသီးမှာ ပြသပေးခဲ့ပါတယ်။
နောက်ပြီး ဒီဇာတ်ကားရဲ့ အသက်လို့ ပြောလို့
ရမယ့် အပိုင်းလဲ ၁၉၈၀ ခုနှစ် ဝန်းကျင်က
fashion ၊ music ၊ lifestyle တွေကိုတွေ့ရမှာ
ဖြစ်ပါတယ်။ ၈၀ ဝန်းကျင်နှစ်များက အငွေ့အသက်တွေ၊ လှုပ်ရှားမှုတွေ အနံ့တွေ၊ အသံတွေ ၊ အရောင်တွေ အားလုံးအားလုံး ပြန်ခံစားရပြီး အခုအချိန် ၄၀ တန်းဝန်ကျင်တွေ ၂၀ ကျော် အရွှယ်ကိုလုံးဝပြန်ရောက်သွားစေမယ်လို့
အာမကို နီနီကြီး ခံပါတယ်။
ဒီဇာတ်ကားမှာ အကြိုက်ဆုံးအပိုင်းက သုံးထား
တဲ့ သီချင်းတွေပါပဲ၊ အားလုံးပေါင်း ၁၆ ပုဒ်ရှိပြီး
Theme song က ခပ်မြူးမြူးနဲ့ ၁၉၈၀ က
လေထုကို ထဲကိုရောက်သွားပါလိမ့်မယ်။
Kim Jun seok သီဆိုပေးထားတဲ့ Sunny …
ပြောချင်တာတွေ ပါးစပ်ထဲပြည့်နေသေးပေမယ့် ဇာတ်လမ်းပိုင်းကိုသွားပါတော့မယ်။
အီနာမီ ဆိုးလ်မြိ့ကိုကျောင်းပြောင်း
လာတဲ့ တောသူမ စိတ်ထားတော်တော်လေး
ကောင်းတယ် ၊နုံ့တုံတုံအတတ စာတော်တယ်
ပန်းချီဆွဲတာမှာ ပါရမီပါတယ် ၊ ခွဲခြားတက်တဲ့စိတ်မရှိဘူး၊ အေးအေးလေးနဲ့ကုတ်ကမြင်း…
ဟချွန်းဟွ အဖွဲ့ခေါင်းဆောင် ဖိုက်တာမ ၊
အရပ်အရှည်ကြီးနဲ့ နည်းနည်း ယောက်ကျာ်းဆန်တယ် ၊ခေါင်းဆောင်တစ် ယောက်ရဲ့ စိတ်ဓာတ်ကိုသေခါနီး သေပြီးတာ
တောင်ပြသွားတယ် ၊ သူငယ်ချင်းသာမိသားစု
သူငယ်ချင်းတွေ သာ သူ့ကမ္ဘာမှာ ၆ဦးတည်း
သောသူသားတွေ…..
ဂျောင်းဆူဂျီ တစ်ကားလုံးမှာ သူ့ကိုဒုတိယ
အကြိုက်ဆုံး ဆံပင်ရှည်ရှည်လေးနဲ့ ရုပ်ကလဲ
အဖွဲ့ထဲမှာတင်မဟုတ် တစ်ကျောင်းလုံးမှာ ပါ
အချောဆုံး ၊ ချောသလောက် မာနကလဲ
မြန်မာ့စီးပွားရေးလိုပဲ အတက်ပဲရှိတယ်ဘယ်
တော့မှမကျဘူးဒါပေမယ့် ၊ရိုင်းလဲနည်းနည်းရိုင်း
တယ် ၊တစ်ယောက်တည်းသီးသန့်အမြဲနေတက်
တဲ့ နတ်သမီးတစ်ပိုင်း လူမိုက်မတစ်ပိုင်း
ကြည့်လို့တော့ကောင်းချက်…
ဟွန်းဂျင်ဟီး သဘောအကျမိဆုံးဇာတ်ကောင်
မျက်နှာက ခပ်ချွန်းချွန်း ခွပ်စွာစွာ
ဇာတ်ဇာတ်ကျဲမလေး အဖေက ကိုရီးယား
စာပေ ပါမာက္ခ ..သူက ဆဲနည်းပေါင်းစုံကို
တီထွင်သူလို့ ပြောရမလားဆဲတာမျိုးဆုံ ကို
ကျွမ်းကျွမ်းကျင်ကျင်ဆဲတက်တဲ့ အဆဲဘုရင်မ
ဘွဲ့ခံ သူက ဟာသဇာတ်ရုပ်ကိုပိုပြီးပီပြင်သွား
စေတယ် ……
ကင်ဂျန်းမီ ဖက်တီးမ ဝသလောက် အလှကလဲအသေကြိုက် မျက်ရစ်မရှိလို့ မျက်ရစ်ဖော်
တိတ်တွေနဲ့ အမြဲမျက်လုံးကိုသနေပြီး အစား
လဲအသေစား စိတ်ထားတော့ကောင်းတယ် ၊
သူကလဲ ဟာသဇာတ်ရုပ်ကို ပိုပြီး ကြွသွား
အောင်လုပ်ပေးတယ် …..
ဆောဂွန်အုတ် မှန်ကြောင်မလေး စာကြမ်းပို
ဒေါသလလဲကြီးတယ် မုန့်အဝယ်တော်…
လူကြီးဘဝမှာ ကလေးဘဝနဲ့ တစ်ခြားစီဘဝကြီး
ကွားခြားပြောင်းလဲသွားတဲ့သူ……….
ယူဘိုဟီး ပူဒယ်ခွေးမလို့ နာမည်ပေး
ထားတဲ့ အနာဂတ်မစ်ကိုရီးယား ကိုပါးစပ်က
မချ ဆံပင်တစ်ချိန်လုံးကောက်နေတဲ့
ငပိန်မလေး..လူကြီးဘဝမှာ အရက်ဆိုင်မှာစားပွဲထိုးလုပ်တဲ့ဘဝကြီးဖြစ်သွားတဲ့ မစ်ဆိုဂျူး …..
တို့ပါဝင်တဲ့ ၈၀ခုနှစ်က မိန်းကလေးအဖွဲ့
အဓီကဇာတ်ကောင်မဟုတ်ပေမယ် သူ့ပုံကိုပဲ
ဇာတ်ကားပြီးတဲ့အထိစွဲကျန်နေခဲ့တဲ့တစ်ယောက်
သောသူက လူကအရပ် ၃ပေ ၂လက်မလောက်
ဆံပင်ကို ခြေင်္သေလိုလုပ်ထားပြီး အလည်တည့်
တည့်မှာ ပန်းပွင့်ကြီးကလစ်ညပ်ထားပြီး
ပါးစပ်သွပ်ချက်က အီမီနမ် ရက်ပ် ရွှတ်နေသလားပဲ ပါစတာပန်းကန်ပြားခေါင်းလို့ခေါ်
တဲ့ ပြိုင်ဖက်လူဆိုးမအဖွဲ့က အဆဲဘုရင်မ..
ဒီဇာတ်ကားမှာ ကျောင်းသားဘ၀ ရဲ့ ငယ်ရွှယ်
တက်ကြွလန်းဆန်းမှုတွေ ၊ ရေဒီယိုမှာ ကလာတာလေးတွေကို ညဘက် အိပ်မှာ အဖွားတို့
အဘိုးတို့နဲ့ စောင့်နားထောင်တာလေးတွေ၊
သူငယ်ချင်းတွေ အိမ်မှာစုပြီးနည်းမျိုးစုံနဲ့
ကစားကြတာလေးတွေ၊ လုံး၀ အတိတ်ကို
့ပြန်ခေါ်သွားပြီး ပြောင်မြောက်တဲ့အဆဲတွေနဲ့
ဟာသဇာတ်ကွက်တွေက နဲ့ လန်းဆန်းအောင်
ထည့်ထားတယ်။
ဆွေးမြေ့လွမ်းဆွတ်မှုတွေ ၊တမ်းတမှုတွေ
ကို ၊ လူ့ဘဝရဲ့အလှည့်အပြောင်းကို အပြင်က
သဘာဝအတိုင်းပြသွားတာတော်တော်လေး
ကောင်းတယ် ၊ နောက်နှစ် ၂၀ကြာရင်ဘယ်သူ
ဘာဖြစ်မယ်မသိနိုင်တဲ့ လူ့ဘဝကို အစိုးမရမှု
တွေ ကို ကြည့်ပြီးနောက်တွေ့ရမှာပါ။
….(F R I E N D သူငယ်ချင်း) …
ဆိုတာတဲ့စကားလုံးရဲ့ အနောက်က အဓိပါယ်က အောင်ဘာလေ သိန်း၁ သောင်းဆုထဲ
နက်နဲပြီးတန်ဖိုးရှိတယ်။ သူငယ်ချင်းစစ်
ဆိုတာ သင့်ဘဝမှာ သွေးမရောတဲ့ မိသားစုပါ ဆိုတဲ့အဓီပါယ်တွေကို ရုပ်ပုံကြီးဆွဲပြီးမရှင်း
ပြထားပေမယ့်သင့်ခေါင်းထဲမှာအရုပ်ပေါ်
အောင်တော့လုပ်ပေးသွားတယ် ဒီကားက။
ဒီကားက ဇာတ်ကောင်တွေစကားပြောအတိုင်း
အဆဲနေရာတွေကို ကိုရီးယား အဓီပါယ်အတိုင်း
အနီးစပ်ဆုံး ဖော်ပြပေးနိုင်ရန်ကူညီပေးခဲ့တဲ့
(정유진 Grave Jeong) ကိုကျေးဇူးအများကြီးတင်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ တစ်ချို့ သောသူတွေရဲ့
လူပျိုဘ၀ ၊ တစ်ချို့ သူတွေရဲ့ ကလေးဘဝ
တွေကို ဒီကားနဲ့ ခဏလောက်ပြန်သွားလိုက်
ရအောင်။ ကျွန်တော် HLK ပါ။