Movie Name
Survivor(2015)
Year
2015
Generes
Action
Code
02981
Type
Movie
Size
3.24 GB
Country
Hollywood
Description
Jun လ ၅ရက်နေ့ကမ စပြီးရုံတင်ခဲ့တဲ့ ဇာတ်ကားပါ။ IMDB rating 5.5/10 ရရှိထားပြီး Action- Thrill ဇာတ်ကား အမျိုးအစားဖြစ်ပါတယ်။ ဒီကားမှာ ဆိုရင်ဖြင့် Kate Abbot အဖြစ် မင်းသမီး Milan Jovovich ကပါဝင်သရုပ်ဆောင်ထားပြီး Villain နေရာမှာတော့ Nash အဖြစ် မင်းသားကြီး Pierce Brosnan ကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားမှာဆိုရင် မင်းသမီး Milan Jovovich အနေနဲ့ သရုပ်ဆောင်ရတာ မတန်ဘူးလို့တောင်ထင်မိပါတယ်။ U.S Immigation မှာတာဝန်ထမ်းဆောင်နေတဲ့ ဘီလ် ရဲ့သားဖြစ်သူ အမေရိကန် လေတပ်သား ဟာ အာဖဂန်နစ္စတန်မှာ စစ်တိုက်ရင်း မမျှော်လင့်ဘဲ လေယာဉ်ပျက်ကျရာမှ တာလီဘန်တို့ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ ဘီလ် အား သူ၏သားဖြင့်အကြပ်ကိုင်ကာ အမေရိကန်နိုင်ငံ အတွင်း Happy NewYear ညတွင် လူသန်းပေါင်းများစွာစုဝေးနေသော NewYork မြို့Time Square အကြမ်းဖက်ဖောက်ခွဲမှုများ လုပ်ဆောင်ရန် ဖောက်ခွဲရေးပညာရှင် ဓာတ်ငွေ့ကျွမ်းကျင်သူ Emil Blan အား နိုင်ငံကူးလက်မှတ်ထုတ်ခိုင်းရာ မမျှော်လင့်ဘဲ Kate Abbot က သိရှိသွားပါတယ်။ Kate Abbot အားရှင်းပြစ်ရန်အတွက် Nash အားခိုင်းစေရာ စားသောက်ဆိုင်တွင် ဗုံးခွဲပြီး သတ်ပစ်ရန်ကြံစည်ခဲ့သော်လည်း Kate မှာ မမျှော်လင့်ဘဲ လွတ်မြောက်သွားခဲ့ပြီး နောက်ပိုင်းတွင် Nash က Kate ကိုသတ်ပြစ်နိုင်မလား Kate ကဘဲဖောက်ခွဲမှုကိုဘဲ တားဆီးနိုင်မလား ……..။ ဘယ်လိုဆက်ဖြစ်နိုင်မလဲကိုတော့ ဆက်လက်ကြည့်ရှုကြရအောင်ပါ။ P.S ..ကျွန်တော်ကတော့ ကြည့်ရင်းကြည့်ရင်းဖြင့် မင်းသမီး Milan Jovovish နေရာကို ဝင်ရောက်ခံစားမိပြီး တော်တော်လေးရင်မောမိသွားတယ်ဗျ ။ (ရုပ်ရှင်အညွှန်းနဲ့ မြန်မာစာတန်းထိုးကို ကသာသားလေး မှတင်ဆက်ထားတာပါ။)