Movie Name
Swing Vote(2008)
Year
2008
Generes
Comedy, Drama
Code
02984
Type
Movie
Size
861 MB
Country
Hollywood
Description
လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဘာသာပြန်ဖူးတဲ့ ဇာတ်ကားလေးပါ။ အမေရိကန် သမ္မတလောင်း ၂ ယောက် ရွေးကောက်ပွဲမှာ မဲအရေအတွက် တူနေတယ်။ ဖြစ်ချင်တော့ ဘယ်ပါတီဘက်မှ မယိမ်းတဲ့ ခပ်ပေပေလူတစ်ယောက်ရဲ့ မဲက အမှားတစ်ခုဖြစ်ပြီး ပြန်ထည့်ဖို့ အကြောင်းဖန်လာတယ်။ အဲဒီမှာပဲ သမ္မတလောင်း နှစ်ယောက်နဲ့ ပါတီကြီးနှစ်ခုလုံး ဆင်းချလာပြီး လူတစ်ယောက်ထဲကို အလိုလိုက် အကြိုက်ဆောင်ပြီး မဲဆွယ်ကြတာ။ နိုင်ငံအတွက်ဘာလုပ်ပေးမယ် ဘာညာ စီမံကိန်းဘာညာအကုန် မေ့သွားတယ်။ အဲဒီလူ ဘာကြိုက်လဲပဲ လိုက်ရှာပြီး ဖြည့်ဆည်းပေးနေကြေတော့တယ်။ နောက်ဆုံးတော့ အမြင်မှန်ရသွားပြီး နိုင်ငံအတွက်လိုအပ်ချက်က ဘာတွေပါ၊ ဒါတွေကိုဘယ်လိုဖြေရှင်းဖို့ စီမံထားပါတယ် ဘာညာနဲ့ အဆင့်အတန်းရှိရှိ မဲဆွယ်တတ်သွားတဲ့အကြောင်း ရိုက်ပြထားတာပါ။ ဒီဇာတ်လမ်းဟာလည်း ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 6.1 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက် သမ္မတလောင်း၂ယောက် မဲအရေအတွက်ဟာ အံ့သြစရာ တူညီနေတဲ့အချိန်မှာ အဲဒီနေ့က နိုင်ငံရေးကို လုံးဝစိတ်မဝင်စားတဲ့ သာမန်လူတစ်ယောက်ရဲ့ မဲဟာ မထင်မှတ်ပဲ error ဖြစ်ပြီး မဲပြန်ပေးရမယ့်အခြေအနေဖြစ်လာခဲ့ပါတယ်။ သမ္မတကို ရွေးချယ်ဖို့ လူတစ်ယောက်ထဲရဲ့မဲပဲလိုအပ်တော့တဲ့ အခြေအနေမှာ ရှိသမျှ သတင်းထောက်တွေ နိုင်ငံရေးသမားတွေ ပါတီတွေ အားလုံး သူနေထိုင်ရာ မြို့ငယ်လေးဆီကို အလုံးအရင်းနဲ့ ဆင်းချလာပါတော့တယ်။ ဒီဇာတ်ကားမှာ အာဏာရဖို့အတွက် ကိုယ့်ယုံကြည်မှုတွေကို မေ့ပစ်ပြီး လူတစ်ယောက်ရဲ့ သဘောဆန္ဒနောက်ကို လိုက်မိတဲ့ သမ္မတလောင်း ၂ ယောက်၊ နာမည်ကျော်ကြားဖို့ အခွင့်အရေးရလာတဲ့ အချိန်မှာ မီဒီယာ ကျင့်ဝတ်တွေကို ဖောက်ဖျက်မိတော့မယ့် သတင်းထောက်မလေး နဲ့ ဒီလို အခြေအနေမျိုးမှာ အရေးပေးခံရတာကို ပျော်တာကလွဲပြီး တစ်နိုင်ငံလုံးရဲ့ မျှော်လင့်နေတဲ့ ပြသနာတွေကို စိတ်မဝင်စားမိတဲ့ ကလေးအဖေ မဲဆန္ဒရှင် ဘဒ် တို့ ဘယ်လို အမြင်မှန်ပြီး မှန်ကန်တဲ့ လမ်းတွေပေါ် အသီးသီး ပြန်လျှောက်လှမ်းလာကြမလဲဆိုတာ………