-
Movie Name
-
Teach Me Love (2014)
-
Year
-
2014
-
Generes
-
Drama, Romance
-
Code
-
02996
-
Type
-
Movie
-
Size
-
804 MB
-
Country
-
Hollywood
-
Description
-
ဂျိမ်းစ်ဘွန်း မင်းသားဟောင်း ပီးရာ့စ်ဘရော်စနန်နဲ့အတူ ဂျက်ဆီကာအယ်လ်ဘာ၊ ဆယ်လ်မာ ဟေးရက်တို့ရဲ့ သုံးပွင့်ဆိုင်အချစ် ဟာသ ဇာတ်ကားလေးဖြစ်ပါတယ်။
ရစ်ချတ်ဟေ့ဂ်ဟာ ကိန်း ဘရစ်ချ်တက္ကသိုလ်က အနုပညာ ပါမောက္ခတစ်ဦးဖြစ်ပြီး အထူးသဖြင့် အချစ်ကဗျာတွေရေးစပ်ရာမှာ အထူးကျွမ်းကျင်ကာ အသောက်အစားနဲ့ မိန်းမလှလေးတွေဆိုရင်လည်း အင်မတန်မှ သဘောခွေ့သူ တစ်ဦးပါ။ တစ်ရက်မှာတော့ ရစ်ချတ်ဟာ သူ့အတန်းထဲက ခပ်ချောချော ကျောင်းသူလေးတစ်ယောက်နဲ့ လွန်လွန်ကျူ းကျူ းဖြစ်ခဲ့ကြပါတယ်။ အဲဒီနောက် ရစ်ချတ်ဟာ စိတ်အလိုကျ လျှောက်လုပ်နေရတာတွေကို စိတ်ပင်ပန်းငြီးငွေ့လာပြီး ဘဝကို အဓိပ္ပာယ်ရှိရှိနဲ့ အကောင်းဆုံး ဖြတ်သန်းဖို့ကြိုးပမ်းခဲ့ပါတယ်။ ရစ်ချတ်ရဲ့ချစ်သူ အသက် (၂၅)နှစ်အရွယ် အသား ညိုညို အမေရိကန်မိန်းကလေး ကိတ်က သူ့မှာ ရစ်ချတ်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေကြောင်း အသိပေးခဲ့တာကြောင့် ရစ်ချတ်သောကပွေခဲ့ပါတော့တယ်။
ရစ်ချတ်ဟာ မတော်တဆ ကိုယ်ဝန်ရပြီး မိသားစုဖြစ်လာတာထက်သူတကယ်ချစ်တဲ့ မိန်းကလေးနဲ့ လက်ထပ်ပြီး ပျော်စရာ မိသားစုလေး ဖန်တီးချင်ခဲ့တာကြောင့် ဒီကိစ္စကရစ်ချတ်အတွက် အမှန်အကန်ပြသနာတစ်ခုအဖြစ် ထွက်ပေါ်လာခဲ့တာပါ။ တကယ်တမ်းတော့ ရစ်ချတ်က ကိတ်ကိုမချစ်ခဲ့ပါဘူး။ နောက်တော့ သူတို့နှစ်ဦး အမေရိကမှာ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။
ရစ်ချတ်တို့ရဲ့ အိမ်ထောင်ရေးက ခဏတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘရိုင်ယန်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ကိတ်အတွဲခုတ်ခဲ့လို့ပါ။ ရစ်ချတ်က သူ့သားရှေ့ရေးအတွက် စောင့်ရှောက်ပေးချင်တာကြောင့် အမေရိကမှာဆက်နေခဲ့ပေမယ့် သူ့ရဲ့ အလုပ်နဲ့ အမေရိကမှာနေထိုင်ခွင့် ကတ်ကသက်တမ်းကုန်တော့မှာမို့ အင်္ဂလန်ပြန်ဖို့ဖြစ်လာခဲ့ပါတယ်။
သူ့ကလေးကို ရစ်ချတ်သေချာစောင့်ရှောက်မှုရှိ၊ မရှိအကဲ ခတ်ဖို့အတွက် ကိတ်က သူ့အစ်မ အိုလီဗီယာကို ရစ်ချတ်နဲ့အတူ ထည့်ပေးခဲ့ပါတယ်။ အဲဒီအခါမှာ နောက်ထပ်ပြသနာတစ်ခုက ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ ကိတ်ရဲ့အစ်မအိုလီဗီယာကို ရစ်ချတ်က မြင်မြင်ချင်းက တည်းက စွဲလမ်းနေခဲ့လို့ပဲဖြစ်ပါတယ်။ အိုလီဗီယာကိုယ်တိုင်လည်း မတ်ဖြစ်တဲ့စော်ကြည်ဘဲ ရစ်ချတ်ကို မထင်မှတ်ဘဲ စိတ်ဝင်စားခဲ့မိတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ………..။
(ရုပ်ရှင်အညွှန်းကို 7Day Daily မှကူးယူဖော်ပြပါသည်။)