-
Movie Name
-
The Beauty Inside (2015)
-
Year
-
2015
-
Generes
-
Drama, Romance
-
Code
-
03018
-
Type
-
Movie
-
Size
-
901 MB
-
Country
-
Hollywood
-
Description
-
လူတစ်ယောက်အထီးကျန်တယ်ဆိုတာ ဘယ်လိုမျိုးလဲ?
အခုခေတ်မှာ ကျွန်တော်တို့ FA, FA နဲ့ အလွယ်တကူသုံးနေကြတယ်
ရည်းစားမရှိရင်ကို FA လို့ ခေါ်ကြတော့တာပဲ
ပုံမှန်လူတစ်ယောက်ရဲ့ဘဝကို အကြမ်းဖျင်းတွက်ကြည့်ရအောင်
ပုံမှန်လူတစ်ယောက်ဟာ မွေးလာတာနဲ့ မိသားစုရှိတယ် ဆွေမျိုးရှိတယ် ကိုယ့်အိမ်ပတ်ဝန်းကျင် ရပ်ကွက်ထဲက အသိတွေရှိမယ်
မူကြိုကနေ တက္ကသိုလ်ရောက်တဲ့အထိ သိလာတဲ့သူငယ်ချင်းတွေရှိမယ်
အလုပ်လုပ်တော့လဲ အလုပ်ကမိတ်ဆွေတွေရှိမယ် စသဖြင့်…
ပုံမှန်လူတစ်ယောက်ဟာ ဘဝမှာသိကျွမ်းတဲ့လူ ၅၀၀ လောက်တော့ အနည်းဆုံးရှိလိမ့်မယ်ထင်တယ်
ပျမ်းမျှအကြမ်းဖျင်းပေါ့လေ တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ဘူးပေါ့
အဲ့တော့ပြောရရင်တော့ ဒီကမ္ဘာပေါ်မှာခင်ဗျားအသက်ရှင်နေတယ်ဆိုတဲ့ ဖြစ်တည်မှုကိုသိတဲ့လူ အနည်းဆုံးတော့ အယောက် ၅၀၀ လောက်ရှိတယ်
အဲ့ဒါကို တကယ်တမ်း Forever Alone လို့ သတ်မှတ်လို့ရပါ့မလား?
စဉ်းစားကြည့်စမ်းပါ…
ခင်ဗျားရဲ့ဖြစ်တည်မှုကိုသိတဲ့သူ ၅ ယောက်တောင်မပြည့်တဲ့ ဘဝမျိုးမှာနေရမယ်ဆိုရင် ဘယ်လိုတွေဖြစ်လာမလဲလို့ ?
ဘယ်သူမှ ခင်ဗျားကို မသိဘူးဗျာ
လမ်းမှာ အသိနဲ့တွေ့လို့ နှုတ်ဆက်တယ်ဆိုတာမျိုးလဲ ရှိနိုင်မှာမဟုတ်ဘူး
တစ်ခါတစ်လေမှာတော့ လူတွေကြားထဲသွားလာနေတာပဲ
ဒါမဲ့ဒီနေ့တွေ့တဲ့လူတွေက မနက်ဖြန်ကျရင်ခင်ဗျားကိုမသိတော့ဘူး
နောက်ဆုံး ကိုယ့်ကိုမွေးထားတဲ့ အမေကတောင် ခင်ဗျားအသက်ရှင်နေတယ်ဆိုတာကိုပဲသိတယ်
ရှေ့မှာမြင်နေရရင်တောင်မှ ခင်ဗျားမှန်းမမှတ်မိနိုင်တဲ့ဘဝမျိုးကိုယ်ဘယ်သူလဲဆိုတာကို ကိုယ်တစ်ယောက်ထဲပဲသိတဲ့ဘဝအဲ့လိုဘဝမျိုးမှာ ခင်ဗျားဆိုရင်ရော နေနိုင်မလား?
အကြောင်းရင်းကတော့ ဒီဇာတ်ကားလေးထဲကမင်းသား ကင်ဝူဂျင်းဆိုတဲ့လူကနေ့တိုင်း မနက်တိုင်း သူအိပ်ယာနိုးလာတဲ့အခါတိုင်းမှာ
မတူတဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲသွားလို့ပါ
ဒီလို body changes ကားတွေ အများကြီးရှိပါတယ်
ဒါမဲ့ ဒီကားလေးက နေ့တိုင်း body changes ဖြစ်နေတဲ့ လူတစ်ယောက်ဟာသူ့ဘဝကြီးကို သူများနဲ့မတူပဲ ဘယ်လိုရှင်သန်ရမလဲ
ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ စတာတွေကို အကောင်းဆုံးပြသသွားနိုင်တယ်လို့ မြင်မိပါတယ်
ဒီကားထဲမှာမင်းသမီးပြောတဲ့ စကားလေးတစ်ခွန်း အရမ်းသဘောကျမိတယ်
“ကျွန်မနိုးလာတဲ့အခါ မျက်နှာနဲ့ခန္ဓာကိုယ်ကမပြောင်းပေမဲ့ စိတ်တွေကတော့ အမြဲပြောင်းလဲနေတယ်
ဒီကမ္ဘာပေါ်မှာ အမြဲပြောင်းလဲနေတတ်တာ ကိုယ်တစ်ယောက်ထဲမဟုတ်ပါဘူး” တဲ့
စိတ်ကူးယဉ် Fantasy အမျိုးအစားဖြစ်ပေမဲ့ လူသားတွေရဲ့သဘောသဘာဝတွေကို အနီးစပ်ဆုံးထင်ဟပ်အောင် ပုံဖော်သွားတယ်
လူတစ်ယောက်ဟာ အပြင်ပန်းပုံသဏ္ဍာန်လှဖို့ အရေးကြီးတာလား?
အတွင်းထဲကစိတ်ထားလှဖို့ အရေးကြီးတာလား?
စိတ်ထားက ပိုအရေးကြီးမှန်းလူတိုင်းသိကြပေမဲ့တကယ်တမ်းတော့အများစုက အပြင်ပန်းနဲ့ပဲဆုံးဖြတ်တတ်ကြတယ်
ဒါဟာလဲ အပြစ်တော့ပြောလို့မရပါဘူး ပုထုဇဉ်လူသားတွေပဲကိုး
သို့သော် လူတစ်ယောက်က ဘယ်လိုပဲရုပ်ဆိုးအကျည်းတန်နေပါစေ တကယ်စစ်မှန်တဲ့အလှတရားက အတွင်းထဲမှာပဲရှိတယ်ဆိုတာကိုThe Beauty Inside ဆိုတဲ့နာမည်လေးအတိုင်း အကောင်းဆုံးပြသသွားပါတယ်
မူရင်းဇာတ်လမ်းကတော့ The Beauty Inside နာမည်နဲ့ပဲ 2012 မှာ Social Internet Series အဖြစ် Facebook နဲ့ Youtube ကနေပဲ တင်ခဲ့တာပါတဲ့Richard Greenberg ကရေးသားပြီး ဒါရိုက်တာ Drake Doremus ကရိုက်ကူးခဲ့တဲ့မူရင်းမှာ အပိုင်းတိုလေး 6ပိုင်း ခွဲပြီးထွက်ခဲ့တာပါ
ကြည့်ချင်ရင်တော့ Youtube မှာ The Beauty Inside (2012) လို့ ရှာကြည့်ပါ
အခုဒီကားလေးကတော့ 2015 မှာ korea က movie အဖြစ်ပြန်လည်အသက်သွင်းခဲ့တာပါ
ဒီကားလေးဟာပြေပြစ်လှတဲ့ဇာတ်ညွှန်းကြောင့်မူရင်းထက်တောင်ပိုပြီးပြည့်စုံတယ်လို့ ပြောပါရစေ
ကြည့်ပြီးသွားရင်လဲ တွေးစရာလေးတွေနဲ့ ကျန်ခဲ့မှာပါ
အခု korea က The Beauty Inside နာမည်နဲ့ပဲ ရုပ်သံဇာတ်လမ်းတွဲအဖြစ်ထပ်မံရိုက်ကူးပြီး ထုတ်လွှင့်မှာဖြစ်ပါတယ်
Hollywood ကလဲ မင်းသမီးနေရာမှာ Emilia Clarke သရုပ်ဆောင်ပြီး remake ပြန်လုပ်ဦးမှာပါတဲ့