-
Movie Name
-
The Boy And The Beast (2015)
-
Year
-
2015
-
Generes
-
Action, Animation
-
Code
-
03028
-
Type
-
Movie
-
Size
-
798 MB
-
Country
-
Hollywood
-
Description
-
ကမ္ဘာ့မိစ္ဆာအများဆုံးရှိတဲ့မြို့ ဂျူတန်ဂိုင်မြို့မှာ ကိစ္စပေါ်လာတယ်၊
အဲ့ဒါက ပန်းကန်လုံးပုံစံတောင်ကြားမှာ နေထိုင်ကြတဲ့ မိစ္ဆာတွေက အကောင်တစ်သိန်းလောက်ရှိတယ်၊ တစ်ရက်မှာတော့သူတို့ကို နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့ ခေါင်းဆောင်ကအနားယူပြီး နတ်ဘုရားအဖြစ် နဲ့ ပြန်ဝင်စားတော့မယ်လို့ကြေငြာခဲ့တယ်၊
သူက နတ်ဘုရားအဖြစ် ဝင်စားတော့မယ်ဆိုတော့ခေါင်းဆောင်သစ် ရွေးချယ်ပေးဖို့လိုလာတယ်၊ အဲဒါကြောင့် ခေါင်းဆောင်ရွေးပွဲအတွက် အားလုံး အသင့်ပြင်ထားဖို့ အမိန့်ထုတ်လိုက်တယ်၊
နောက်ပြီး ဒီပွဲမှာအောင်မြင်သူဖြစ်ဖို့ဆိုရင်စွမ်းအားရော အကျင့်သိက္ခာပါ ပထမတန်းစားဖြစ်နေဖို့လိုပါတယ်၊
အဲ့ဒီထဲမှာမှ ထိပ်ဆုံးမှာ တစ်ပြေးနေတာကတော့ အီအိုဇန်လို့ခေါ်တဲ့ မိစ္ဆာကောင်ပဲဖြစ်ပါတယ်၊
သူက ရဲရင့်တယ်.. သတ္တိရှိတယ် တပည့်တပန်းတွေလဲ အများကြီးရှိတယ်။ အီချိရိုဟိကိုနဲ့ ဂျီရိုမာရုဆိုတဲ့
သားနှစ်ယောက်လဲ ရှိတယ်၊ နောက်တက်လာမယ့် ခေါင်းဆောင်က သူပဲဖြစ်မယ်လို့ထင်ကြေးပေးနေကြတယ်၊
ဒါပေမယ့်လဲ.. သူ့လိုနောက်ထပ်တစ်ယောက် ရှိနေပါသေးတယ်၊
သူ့နာမည်က ခုမတဲဆု…
သူက နာမည်အတိုင်းပဲ ဝက်ဝံတစ်ကောင်လိုတောင့်တင်းကြံ့ခိုင်တဲ့ စွမ်းရည်နဲ့
မျောက်တစ်ကောင်ရဲ့ လျင်မြန်မှုတွေကို ပိုင်ဆိုင်တယ်၊ သူ့ရဲ့ လေးလံရှည်လျားတဲ့ဓားကြီးကို ပေါ့ပေါ့ပါးပါး လွှဲခုတ်နိုင်သူလဲဖြစ်တယ်၊လူကြီးပိုင်းတွေကတော့ သူက အီအိုဇန်ထက်တောင်မှခွန်အားပိုင်းမှာ သာတယ်လို့
ယူဆကြတယ်၊ ဘယ်လိုဖြစ်ဖြစ် ထိပ်တိုက်ရင်ဆိုင်ဖို့ ခက်တဲ့ ပြိုင်ဘက်ပါပဲ၊
သူက ရိုင်းစိုင်းမောက်မာပြီး တကိုယ်ကောင်းဆန်သူဖြစ်တာကြောင့် တပည့်တစ်ယောက်တောင် မရှိသလို၊
သားသမီးလဲ ရှိတာမဟုတ်ပါဘူး၊