Movie Name
The Bullet Vanishes (2012)
Year
2012
Generes
Action, Drama
Code
03032
Type
Movie
Size
772 MB
Country
Hollywood
Description
The Bullet Vanishes ( 2012) ထွက် ဇာတ်ကားလေးကတော့ IMDB Rating 6.6 နဲ့ Rotten Tomatoes 92% ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Plot Twist တွေကလည်း အလန်းတွေပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်အလုပ်လုပ်ဖို့ရူးသွပ်နေတဲ့ ထောင်မှုး ဆောင်ဒုန်လူ နဲ့ ထျန်းချန်မြို့မှာ သေနတ်ပစ်လက်အမြန်ဆုံး စုံထောက် ကောင်းကျွေး တို့ ပူးပေါင်းပြီး တစ္ဆေကျည်ဆန်အမှုကိုလိုက်ကြတာပါ။ တစ္ဆေကျည်ဆန်လို့ခေါ်ရတဲ့အကြောင်းက လက်နက်စက်ရုံက အလုပ်သမလေး ယန် မတရားအသတ်ခံရချိန်မှာ ကျိန်စာတိုက် သွားခဲ့ပါတယ်။ နောက်တော့ လူတွေတစ်ယောက်ပြီးတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးကြပြီးတော့ ကျည်ဆန်ကိုရှာမတွေ့ပါဘူး။ တကယ့်ကျိန်စာကြောင့်ပဲလား။ ဒါမှမဟုတ် လူတစ်ယောက်ယောက်ကပဲ ဟန်ဆောင်ပြီး သတ်နေတာလားဆိုတာ စိတ်ဝင်တစားကြည့်ရမှာပါ။ ပြီးတော့ ဇာတ်ကားကို ကြည့်ရင်း မေးမိနေမှာက ပြီးပြည့်စုံတဲ့ လူသတ်မှုဆိုတာ တကယ်ရှိလားဆိုတာပေါ့။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်)