Movie Name
Graceful Friends
Year
2020
Generes
Crime, Drama
Code
SKR0382
Type
Series
Size
9.30 GB
Country
Korea
Description
မြို့လေးတစ်မြို့မှာ သူငယ်ချင်းတွေရှိကြတယ်..သူတို့က ငယ်သူငယ်ချင်းတွေဖြစ်တဲ့အပြင် အိမ်ထောင်ကျပြီးတဲ့နောက်လည်း ဒီမြို့မှာပဲအခြေချဖြစ်တာဆိုတော့ အလုပ်ကိုယ်စီလုပ်လိုက် အားရင် သူငယ်ချင်းအရင်းတွေဆိုတော့ ဆုံပြီး စားသောက်ကြပေါ့… ဒီလိုပဲဖြတ်သန်းနေတဲ့ သူတို့ဘဝဟာ တကယ့်ကို သုခဘုံလို့ဆိုရမလားပဲ… အဲ့ဒီနောက်မှာတော့ ဒီမြို့မှာပဲ ထူးဆန်းတဲ့လူသတ်မှုတစ်ခုဖြစ်သွားခဲ့တယ်… ဒီလူသတ်မှုဟာ ဟိုးအတိတ်သူတို ငယ်စဉ်ကာလနဲ့ဆက်စပ်မှုရှိတဲ့အပြင် သူငယ်ချင်းတွေအားလုံးနဲ့ သက်ဆိုင်သလိုဖြစ်လာတဲ့အခါမှာတော့…. ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါဉီး… ဒီစီးရီးက သရုပ်ဆောင်တွေအတော်များများဟာ အခြားစီးရီးတွေမှာဆို အဓိကကျတဲ့ဗီလိန်ခန်းတွေမှာ ပါတဲ့သရုပ်ဆောင်တွေဖြစ်တဲ့အပြင် သရုပ်ဆောင်မှုအပိုင်းမှာလည်း ဆရာကျတဲ့သူတွေချည်းပါပဲ…ပြီးတော့ လူသတ်မှုနဲ့ဆက်စပ်ပြီးတဲ့နောက် ကိုယ်စီ စိတ်ခံစားမှုကြောင့် ရုန်းကန်တဲ့ ဉာဏ်နီဉာဏ်နက်တွေကို စိတ်လှုပ်ရှားစွာ ကြည့်ရတဲ့စီးရီးမို့ ချစ်ကြိုက်မုန်း တွေငြီးငွေ့တဲ့သူတွေအဖို့တော့ တော်တော်ကြီးမိုက်မှာသေချာပါတယ်…. အပိုင်း(၁၆)ပိုင်းထွက်ရှိမှာဖြစ်ပြီး အပတ်စဉ် သောကြာ စနေညတွေမှာလွှင့်မှာမို့စောင့်မျှော်ကြည့်ကြပါကုန်… ( အညွှန်းရေးသားထားသူကတော့ Htet Nandar Aung ဖြစ်ပါတယ် )