Movie Name
The Burma Conspiracy (2011) (2)
Year
2011
Generes
Action, Thriller
Code
03033
Type
Movie
Size
563 MB
Country
Hollywood
Description
လာဂိုဝင့်ချ် … ကမ္ဘာ့ ပါဝါအကြီးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ W လုပ်ငန်းစုကြီးရဲ့ အမွေဆက်ခံသူ …. သူအမွေဆက်ခံပြီးနောက် W လုပ်ငန်းစုကြီးကို ရောင်းချပြီး လူသားချင်းညှာတာထောက်ထားမှုဆိုင်ရာဖောင်ဒေးရှင်းတည်ထောင်မယ်လို့ဆုံးဖြတ်ခဲ့သူ … ဒါပေမယ့် W လုပ်ငန်းစုကြီးဟာ မြန်မာနိုင်ငံအတွင်းက ကယန်းလူမျိုးစုတွေကို ရက်ရက်စက်စက်သတ်ဖြတ်တဲ့ လူသတ်ပွဲနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ သံသယရှိပြီး စုံစမ်းစစ်ဆေးခံရတဲ့အခါ … လာဂိုဝင့်ချ်ဟာ W လုပ်ငန်းစုကြီးရဲ့နာမည်ကို ဘယ်လိုပြန်ပြီးအဖက်ဆယ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ … 2011 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb rating – 6.2 ရရှိထားတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဂျာမန်မင်းသား Tomer Sisley နဲ့ နာမည်ကြီးမင်းသမီး Sharon Stone တို့ပါဝင်ပါတယ်။ ဒီကားဟာ လာဂိုဝင့်ချ် ဇာတ်ကောင်အတွက်တော့ ဒုတိယမြောက်ကားပါ။ တစ်ဖက်မှာက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ညစ်ကွက် လှည့်ကွက်တွေ .. တစ်ဘက်မှာက ကယန်းလူမျိုးဒုက္ခသည်တွေနဲ့အကျင့်ပျက်အာဏာရှင်ဗိုလ်ချုပ်တစ်ဦးတို့ရဲ့ အခြေအနေတွေကို ယှဉ်ထိုးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုလက်လွတ်မခံဘဲ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ…