-
Movie Name
-
The Butler (2013)
-
Year
-
2013
-
Generes
-
Biography
-
Code
-
03035
-
Type
-
Movie
-
Size
-
662 MB
-
Country
-
Hollywood
-
Description
-
ဒီနေ့အတွက်က နာမည်ကြီးဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၃ ကတည်းက ထွက်ရှိထားတဲ့ Butler ဆိုတဲ့ ဇာတ်ကားက 12 Years Slave လို ဇာတ်ကားမျိုး ကြည့်ဖူးတဲ့ လူတွေအကြိုက်တွေ့မယ့် နောက်ထပ် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
IMDb Rating မှာလည်း 7.1 အထိရရှိထားတာမို့ ကြည့်ဖို့စဉ်းစားလိုနေမယ်မထင်ပါဘူး
Rotten Tomatoes မှာလည်း 77% အထိ ရရှိထားပါတယ်..အညွှန်းပြောပြရမယ်ဆိုရင်
ဒီဇာတ်ကားထဲမှာ စီစီဆိုတဲ့ လူမည်းကောင်လေးတစ်ယောက်ရဲ့ ဘဝနဲ့စထားတယ်။ လူမည်းကျွန်ဘဝရောက်ကြရတဲ့ ခေတ်မှာ သူ့အဖေကသူ့မျက်စိရှေ့မှာပဲ သေနတ်နဲ့ပစ်ခံရပြီး သေသွားတယ်။ လူငယ်ဘဝရောက်လာချိန်မှာ မြို့ပေါ်တက်စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ အောက်ခြေသိမ်းလုပ်ပြီးတော့ အလုပ်ကို ဂရုတစိုက်ကြိုးစားလွန်းတာကြောင့် သူအရွယ်ရောက်လာတဲ့အချိန်မှာ အိမ်ဖြူတော်ထိန်းအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်။ လူမည်းကောင်လေးတစ်ယောက် အိမ်ဖြူတော်ဝန်ထမ်းဖြစ်ခွင့်ရသွားတယ်ပေါ့။
သူအိမ်တော်ထိန်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရတဲ့ ကာလတွေမှာ သမ္မတတွေ အဆက်ဆက် ပြောင်းသွားတယ်။ ခေတ်တွေပြောင်းသွားတယ်။ မပြောင်းတာက အမေရိကန်က လူဖြူ၊ လူမည်း ခွဲခြားဖိနှိပ်မှုတွေပဲ ဖြစ်ပါတယ်။
သူ့အနေနဲ့ လူမည်းတွေရဲ့ တန်းတူအခွင့်အရေးရဖို့ ထွေထွေ ထူးထူး မကြိုးပမ်းပေမယ့် သူ့ရဲ့ မျိုးဆက်သားအကြီးကတော့ ကော လိပ်ရောက်အပြီးမှာ လူမည်းတွေအတွက် ကြိုးပမ်းသူတစ်ယောက် ဖြစ်သွားတယ်။ ဖခင်ဖြစ်သူ စီစီလ် က အိမ်ဖြူတော်မှာ သမ္မတနဲ့ အနီးကပ် တာဝန်ထမ်းဆောင်နေချိန် မှာ သားဖြစ်သူက လမ်းပေါ်က လူမည်းတွေ အကြမ်းဖက်ဖြိုခွင်း ခံရတဲ့ ဖြစ်စဉ်တွေမှာ ပါဝင်နေ တယ်။ဇာတ်လမ်းက သားအဖနှစ် ယောက်ရဲ့ ဇာတ်ကြောင်းကို ခေတ်တွေပြောင်းပြီး ချိတ်ပြသွားတယ်။ အဓိကက အမေရိကန်က အိမ်ဖြူ တော်အိမ်တော်ထိန်းတစ်ယောက် ရဲ့ အလုပ်လုပ်ရတဲ့ အခြေအနေ တွေ၊ အခက်အခဲတွေထက် အဲဒီ ခေတ်တွေက ဖိနှိပ်ခံရမှုတွေ၊ လူ မည်းတွေ တန်းတူအခွင့်အရေး အတွက် ကြိုးပမ်းရတာတွေကို ချိတ်ဆက်ပြသွားတယ်။ ကျွန် ခေတ်ကနေ နောက်ဆုံးလူမည်း တစ်ယောက်သမ္မတဖြစ်တဲ့ ကာ လအထိကို ခပ်သွက်သွက် ချိတ် ဆက်ရိုက်ပြထားတဲ့ ဇာတ်လမ်း ကောင်းတစ်ပုဒ် ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ နောက်ထပ် စိတ်ဝင်စားစရာက ခေါင်းဆောင် မင်းသားအနေနဲ့ နာမည်ကြီးမင်း သား ဖောရက်ဝှိုက်တိက်ကာနဲ့ လူ သိများတဲ့ ကပ္ပလီမင်းသားတွေ၊ ရော်ဘင်ဝီလီယံ၊ အော်ပရာဝင်း ဖရေးစတဲ့ မင်းသား၊ မင်းသမီးတွေ ပါ ထည့်သုံးထားပါတယ်။ အေး အေးဆေးဆေးအချိန်ရရင်တော့ ဒီဇာတ်လမ်းကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
( အညွှန်းကို 7daydaily မှ ကူးယူတင်ပြပါသည် )