Movie Name
The Cobbler (2014)
Year
2014
Generes
Comedy, Fantasy
Code
03046
Type
Movie
Size
645 MB
Country
Hollywood
Description
ဒီဇာတ်လမ်းလေးကတော့ စိတ်ပျော်စရာကောင်းမယ့် ဟာသကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားက ၂၀၁၄ ကတည်းက ထွက်ထားတာဖြစ်ပေမယ့် ဆိုင်တွေပေါ်မှာတော့ အခုမှ ပြန်တင်လာတာကြောင့် ရွေးချယ်ပေးလိုက်ပါတယ်။ ကမ္ဘာကျော် ဟာသသရုပ်ဆောင် အဒမ်ဆန်ဒလာ (Adam Sandler) ရဲ့ နောက်ထပ် ထူးဆန်းထွေလာ ဟာသကားလေးပဲဖြစ်ပါတယ်။ နယူးယောက်မြို့မှာ မက်စ်ဆိုတဲ့ ဖိနပ်ချုပ်သမားတစ်ဦး ရှိတယ်။ မက်စ် (Max) က အိမ်ထောင်မရှိသေးတဲ့ လူပျိုကြီး တစ်ယောက်ဖြစ်ပြီး မျိုးဆက်လေးဆက်လောက် လုပ်ကိုင်လာတဲ့ ဖိနပ်ဆိုင်ကို ဆက်ပြီး အမွေခံထားတယ်။ သ့ူဆိုင်လေးက ခပ်သေးသေးဖြစ်ပေမယ့် လူတော်တော်များများက အားကိုးတကြီး လာကြတယ်။ တစ်ရက်တော့ သူ့ဆိုင်ကို ခပ်ရင့်ရင့် လူမိုက် ကပ္ပလီတစ်ယောက် သူ့ဖိနပ်ကို ခွာလဲဖို့လာအပ်တယ်။ ညနေ ၆ နာရီလောက်မှာ အပြီးလိုချင်တယ်ဆိုပြီး ပြောတာနဲ့ သူဖိနပ်ကို အပြီးသတ်နေတုန်း ဖိနပ်ချုပ်စက်က ရှော့ခ်ဖြစ်ပြီး ပျက်သွားတယ်။ ကြံရာမရတဲ့ မက်စ်က အဲဒီဖိနပ်ပြီးဖို့ မြေအောက်ခန်းထဲ ဝင်၊ သူ့အဘိုးတွေ လက်ထက်ကတည်းက သုံးတဲ့ ချုပ်စက်အဟောင်းကြီး နဲ့ အပြီး သတ်လိုက်တယ်။ အဲဒီနောက် လာရွေးမယ့် လူကို အဆင်သင့် စောင့်နေရင်း သူပြင်ထားတဲ့ဖိနပ်က သူ့ဆိုဒ် နဲ့ တစ်ထပ်တည်းဖြစ်နေတော့ စမ်းဝတ်ကြည့်ပါလေရော။ (ဒီနေရာမှာ တစ်ခု ဖြတ်မေးချင်တာက တကယ်လို့များ ကျွန်တော်တို့တွေ သူများဖိနပ်ကို စီးကြည့်ရုံ နဲ့ ရုပ် ပြောင်း ရုပ်လွဲလုပ်နိုင်မယ်ဆိုရင် ဘာလုပ်ကြမလဲ) ဟုတ်ပါတယ်။ မက်စ်တစ်ယောက် ဖိနပ်စီးပြီး မှန်ထဲကြည့်လိုက်တဲ့ အချိန် မှာ သူ့ရုပ်က ဖိနပ်ပိုင်ရှင်ကပ္ပလီ ရုပ်ပြောင်းသွားပါတယ်။ အံ့သြ ထိတ်လန့်သွားတဲ့ မက်စ်က ဆိုင်မှာအပ်ထားတဲ့ တခြားသူတွေရဲ့ ဖိနပ်တွေကို တစ်ရံပြီး တစ်ရံ လျှောက်စီးတယ်။ ဘာမှမထူးပါဘူး။ နောက်ဆုံး အဖြေကတော့ သူတို့ ဘိုးဘေးတွေ သုံးလာတဲ့ မြေတိုက်ခန်းထဲက ချုပ်စက်အ ဟောင်းကြီးက ဒီထူးဆန်းတဲ့ အဖြစ်တွေကို ဖြစ်စေတာပါ။ ဒီလျှို့ ဝှက်ချက်ကို သိသွားတဲ့မက်စ်က ဆိုင်မှာရှိတဲ့ ဖိနပ်ဟောင်းတွေကို သူ့စက်ကြီး နဲ့ တစ်ရံပြီးတစ်ရံပြင်၊ ရုပ်အမျိုးမျိုးပြောင်းပေါ့။ နောက်ရက် နောက်ရက် တွေမှာတော့ ဖိနပ်သမား မက်စ် တစ်ယောက် ဖိနပ်တွေအများကြီး ထည့်ထားတဲ့ အိတ်တစ်လုံးလွယ်၊ ရုပ်ပြောင်း ရုပ်လွဲတွေ လုပ်ပြီး တစ်မြို့လုံးပတ်လို့ စိတ်ကူးတည့်ရာ လုပ်ပါတယ်။ ဒီနေ့တော့ ဖိနပ် သမား မက်စ်ရဲ့ ဇာတ်လမ်းက စိတ်ဝင်စားစရာ ဖြစ်ပါလိမ့်မယ်။ပြီးတော့ မက်စ် တစ်ယောက် ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဆက်လက်ကြည့်ရှုပါဦး