-
Movie Name
-
The Collector (2009)
-
Year
-
2009
-
Generes
-
Action, Horror
-
Code
-
03047
-
Type
-
Movie
-
Size
-
873 MB
-
Country
-
Hollywood
-
Description
-
ကြောက်မက်ဖွယ်ရာလူသတ်အက်ရှင်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ချေ့စ်မိသားစုဟာဆိုရင် ဒက်ထရွိုက် မှာရှိတဲ့ အိမ်တစ်လုံးကို ပြောင်းရွှေ့ကျပါတယ်။ဒီလို
ပြောင်းရွှေ့တဲ့အခါမှာဆိုရင် အာကင်ဆိုတဲ့ လူကို တံခါးပေါက် ပြတင်းပေါက်တွက် တပ်ဆင်
ပေးဖို့အတွက်ငှားရမ်းလိုက်ပါတယ်။အာကင်ရဲ့ အမျိုးသမီးဟာဆိုရင် အကြွေးတွေ နစ်နေပြီး
ငွေကို အရေးတကြီးလိုအပ်နေပါတယ်။အာကင် ရဲ့ လုပ်ခကလည်း အကြွေးပေးရအောင်
မလုံလောက်ပြန်ပါဘူး။ဒီအချိန်မှာ ကြံရာမရတဲ့အဆုံး အာကင်ဟာ ချေ့စ်မိသားစုရဲ့
မီးခံသေတ္တာကို ဖောက်ထွင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။အစီအစဉ်ချ လိုအပ်တဲ့
လက်နက်တွေယူပြီး အာကင်ဟာ ချေစ့်မိသားစုရဲ့ အိမ်ကို ရောက်ရှိလာပါတယ်။အိမ်ထဲကို
ဖောက်ဝင် ပြီး လူရိပ်လူချည် မရှိတဲ့ အတွက် အာကင်တစ်ယောက် ဖောက်ထွင်းဖို့ ပြင်ဆင်နေတုန်း
အိမ်အောက်ထပ်က အသံတစ်သံကိုကြားလိုက်ပါတယ်။ဒီအတွက် သူက နီးစပ်ရာကို ဝင်ခိုအောင်းပြီး
စောင့်ကြည့်ပါတယ်။ခြေသံရှင်က တစ်ခြားအခန်းထဲကို ဝင်သွားမှ သူလည်း အောက်ထပ်ကို ဆင်းလာခဲ့
ပါတယ် ထွက်ပြေးဖို့အတွက် တံခါး၀ အရောက်မှာသူတွေရတာက တံခါးတွေအကုန် သော့တွေ ခတ်ထားပါတယ်
သူလည်း ထွက်ပြေးဖို့ စိတ်ကူးပြီး လောဘဇောနဲ့ မီးခံသေတ္တာကို ဖောက်နေတုန်း အော်သံတစ်ခုကို ကြား
လိုက်ရပါတော့တယ်။သူတွေ့လိုက်ရတာကတော့ မျက်နှာဖုံးအနက်စွပ်လူတစ်ဦးဟာ အိမ်ရှင်
မိုက်ကယ် ချေ့စ်ကို သွေးသံရဲရဲ နဲ့ မြေတိုက်ထဲကို ဆွဲခေါ်သွားတာပါ။အာကင်ဟာထိတ်လန့်သွားပါတယ်
သူထွက်ပြေးဖို့ အလုပ်မှာပဲ ပြတင်းပေါက်တွေ မှာထောင်ချောက်တွေ တပ်ဆင်ထားပြီး တံခါးတွေကလည်း
သော့ခတ်ထားပါတယ်။အာကင်တစ်ယောက် ရက်စက်တဲ့ လူသတ်သမားနဲ့ အတူ ပိတ်မိနေပါပြီ။
ဒီလူသတ်သမားက ချေ့စ်မိသားစုကို ဘာလို့ ရက်ရက်စက်စက် ဒုက္ခပေးနေတာလဲ အာကင်တစ်ယောက်
ဒီ အန္တရာယ်ကြားက ဘယ်လို ထွက်ပြေးမလဲ လွတ်ကော လွတ်မြောက်ပါ့မလားဆိုတာကို တော့
ဇာတ်ကားကိုသာ ဆက်လက် ကြည့်ရှု့ကျပါခင်ဗျာ……