-
Movie Name
-
The Conjuring (2013)
-
Year
-
2013
-
Generes
-
Horror
-
Code
-
03048
-
Type
-
Movie
-
Size
-
962 MB
-
Country
-
Hollywood
-
Description
-
သရဲကားကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်အတွက် ဒီနှစ်ထဲမှာ ထွက်ထားတဲ့
ပရိသတ်တော်တော်များများ စိတ်ဝင်စားတဲ့ The Conjuring နဲ့
မိတ်ဆက်ပေးချင်ပါတယ်။
ဒီကားက ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့
အိမ်မှာ ထိတ်လန့်ခြောက်ခြားမှုတွေ ဖြစ်ခဲ့တာကို
ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။
% buffered
00:00
-00:14
Download
Your browser does not support the video tag.
ဒီအိမ်ကြီးက ယနေ့တိုင် ရှိပြီး ကမ္ဘာလှည့်ခရီးသည်များ
လည်ပတ်စရာ နေရာအဖြစ်ရှိဆဲပါ။
ပရောဂဆရာမ Lorraine Warren နဲ့ သူ့အမျိုးသား Ed Warren တို့ဟာ
Carolyn and Roger Perron တို့ မိသားစု (သမီး ၅ယောက်နဲ့အတူ) ဒီအိမ်ကို
ပြောင်းရွှေ့ပြီးကတည်းက ခြောက်ခြားစရာတွေ ဆက်တိုက်လို
ကြုံတွေရတာတွေကို ကူညီပေးရင်း ဘဝတစ်ပါးသို့
မကူးပြောင်းဘဲ အိမ်မှာ ကျန်ရစ်နေတဲ့ ဝိဉာဏ်
ဥစ္စာစောင့်နတ်ဆိုးက မိသားစုဝင်အားလုံးကို ဘယ်လို
အနှောင့်အယှက်ပေးတယ်၊ ထိတ်လန့်မှုတွေပေးတယ်၊ နောက်ဆုံး
အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးလာတယ် ဆိုတာ ရိုက်ပြထားတာပါ။
ဇာတ်လမ်းအစမှာထဲက အရုပ်တရုပ်ကထူးဆန်းစွာ သွားလာပြုမူနေတာကို ရှုစားရမှာပါ။
ဒီအရုပ်က အပြင်မှာ တကယ်ရှိခဲ့တဲ့ အရုပ်ပါပဲ။
သရဲကားတွေရဲ့ ထုံးစံအတိုင်း တခါးက သူ့အလိုလို ဝုန်းခနဲ ပိတ်သွားတာ၊ သူ့အလိုလို
တအိအိ ပွင့်သွားတာမျိုး၊ အိပ်နေရင်း တယောက်ယောက်က
ခြေထောက်ကို ရုတ်တရက် စောင့်ဆွဲသလိုမျိုး ပြကွက်တွေကို တွေ့ရမှာပါ။
ဒီကားရဲ့ အဓိက ထူးခြားချက်ကတော့ လက်ခုပ်တီးတာပါပဲ။
ကြည့်ရှုသူ ပရိသတ်တော်တော်များများ မျက်စိထဲမှာ
စွဲကျန်အောင် လက်ခုပ်သံရဲ့ ခြောက်ခြားစရာကောင်းပုံကို ရိုက်ပြနိုင်တာက
ဒီကား ဒါရိုက်တာ တော်တယ်လို့ ပြောလို့ရပါတယ်။
Rated R ဆိုပေမဲ့ ဒီဇာတ်ကားမှာ သမီးရည်းစားခန်း
အဖော်အချွတ်ခန်း တစ်ခန်းမှ မပါပါဘူး။
သာမန်ရိုးရှင်းတဲ့ ဇာတ်လမ်းတပုဒ်ပါပဲ။
စုန်းမပူးတဲ့အခန်းတွေ၊ သွေးထွက်သံရဲရဲဇာတ်ကွက်တွေကဇာတ်သိမ်းပိုင်းနားမှာ
အတော်လေးပါတာမို့ အသက် (၁၈)နှစ်အောက်မကြည့်သင့်တဲ့
စာရင်းထဲ ဝင်သွားတာပါ။
မိသားစုတူတူကြည့်ဖို့ အဆင်ပြေပါတယ်။
ဇာတ်စ၊လယ်၊ဆုံး ဆွဲဆောင်မှုရှိပါတယ်။
အဆုံးပိုင်းကို သိပ်သဘောမတွေ့ပေမဲ့
ရိုက်ချက်တွေက အတော်ကောင်းတာမို့
လူကြိုက်များတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ရုံမှာကြည့်ရမယ့်ကားဆိုပေမယ့်
ထွက်ထားတာတော်တော်ကြာပြီဆိုတော့
အခွေထွက်ရင်ကြည့်သင့်ပါတယ်။
သရဲကား ပရိတ်သတ်တွေလက်မလွှတ်သင့်တဲ့ကားတစ်ကားပါ။
(ရုပ်ရှင်အညွန်းကို Movies For Myanamrမှ ကူးယူဖော်ပြသည်)
ရုပ်ရှင်ကားကို Hein Thet Naing က ဘာသာပြန်ပေးထားပါတယ်