-
Movie Name
-
The Crossing (2014)
-
Year
-
2014
-
Generes
-
Drama
-
Code
-
03052
-
Type
-
Movie
-
Size
-
1.06 GB
-
Country
-
Hollywood
-
Description
-
Imdb 7.0 ရရှိထားတဲ့The Crossing ဆိုတဲ့ ဟောင်ကောင်ကားလေးနဲ့
မိတ်ဆက်ပေးပါရစေ… ကျောင်းသူလေး လျိုဇီပေ ဟာ ချစ်ရတဲ့သူငယ်ချင်းနဲ့အတူ
ဂျပန်နိုင်ငံ အလည်အပတ်သွားဖို့ စိတ်အားထက်သန်ခဲ့သူတစ်ဦးပါ…
ဒါပေမယ့် လျိုဇီပေ က အိမ်ထောင်ကွဲ မိဘနှစ်ဦးလက်အောက်မှာ
မပြည့်မစုံနဲ့ ကြီးပြင်းလာခဲ့ရတဲ့သူတစ်ဦးဆိုတော့ သူ့အတွက်
ဂျပန်သွားဖို့ ငွေရေးကြေးရေး ခက်ခဲနေခဲ့တယ်။ သူငယ်ချင်းက
ကူညီပေးမယ်ဆိုသော်လည်း မာနလေးရှိတော့ ကိုယ်ပိုင်ငွေရှာဖို့
အချိန်ပိုင်းအလုပ် ရှာခဲ့တယ်။ အဲ့ဒီမှာ သူ့သူငယ်ချင်းရဲ့
ရည်းစားချိတ်ဆက်ပေးတာကြောင့် ဖုန်းမှောင်ခိုပို့နေတဲ့ အဖွဲ့နဲ့
ဆက်သွယ်ရင်း လက်ဖျားငွေသီးအောင် ရှာနိုင်လာခဲ့တယ်…
ကိုယ်လိုချင်တဲ့ငွေကို လွယ်လွယ်ရမယ့် ဖြတ်လမ်းကိုလျှောက်ခဲ့တဲ့
လျိုဇီပေ တစ်ယောက် သူသွားချင်တဲ့ ဂျပန်ရောသွားဖြစ်မှာလား
Custom တွေဆီ အဖမ်းခံလိုက်ရမလား သူနဲ့ အလုပ်လုပ်နေတဲ့ ေ
မှာင်ခိုအဖွဲ့ကရော ဘာတွေလဲ … ဇာတ်လမ်းထဲမှာ အဖြေရှာလိုက်ကြပါ…