-
Movie Name
-
The Devil’s Double (2011)
-
Year
-
2011
-
Generes
-
Biography
-
Code
-
03060
-
Type
-
Movie
-
Size
-
818 MB
-
Country
-
Hollywood
-
Description
-
IMDb (7.1/10) အီရတ် အာဏာရှင် ဆက်ဒမ်ဟူစိန်ရဲ့ အကြီးဆုံးသား အူဒေး ဟူစိန်အကြောင်းကို ရိုက်ကူးပြခဲ့တဲ့ ဇာတ်ကားဖြစ်ပါ တယ်။ ဒီဇာတ်ကားကို ရိုက်ကူးဖို့အတွက် အီရတ်နိုင်ငံသား လာတစ်ဖ်ရာဟိုင်း ရေးသားထားတဲ့ စာအုပ်ကို အခြေခံခဲ့တာ ဖြစ်ပါတယ်။ စာအုပ်နာမည်ကလည်း The Devil’s Double ပါပဲ။ လာတစ်ဖ် ရာဟိုင်း ဆိုတာက အူဒေးဟူစိန်နဲ့ရုပ် ချင်းဆင်ပြီး အူဒေးရဲ့ ကိုယ်ပွားလူတစ်ဦးအဖြစ် နေထိုင်ခဲ့ရ သူပါ။ အီရန်-အီရတ်စစ်ပွဲကာလမှာ အီရတ်စစ်မှုထမ်းတစ် ဦးဖြစ်ခဲ့ပြီး နိုင်ငံတကာ ဥပဒေ ပညာပါရဂူဘွဲ့ ရရှိထားတဲ့ အီရတ်ဘလောဂါ၊ စာရေးဆရာတစ်ဦးဖြစ်ပါတယ်။ လာတစ်ဖ် ကိုယ်တိုင်က ဆက်ဒမ်ကို ထောက်ခံခဲ့သူတစ် ဦးဖြစ်ပေမဲ့ ဆက်ဒက်ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို မြင်တွေ့ ပြီးချိန်မှာ ဆက်ဒမ်အစိုးရအဖွဲ့ကို မုန်းတီးစိတ်ဝင်လာခဲ့ပါ တယ်။ အီရန်-အီရတ်စစ်ပွဲက ပြန်ရောက်လာချိန်မှာ အူဒေး ရဲ့ အကြပ်ကိုင်စေခိုင်းမှုကို ကြုံရချိန်မှာတော့ လာတစ်ဖ်ရဲ့ နာကျည်းစိတ်က အဆုံးစွန်ကို ရောက်ရှိသွားပါတယ်။ အူဒေးနဲ့စတွေ့ချိန်မှာတော့ ငယ်စဉ်က ကျောင်းအတူ တက်ခဲ့ဖူးတာကို ထောက်ထားပြီး လိုက်လျော စကားပြုလုပ် ခဲ့ပေမယ့် အူဒေးနေရာမှာ ကိုယ်ပွားတစ်ဦးအဖြစ် နေထိုင်ရ မယ်ဆိုတာကို လာတစ်ဖ်က ငြင်းဆန်ခဲ့ပါတယ်။ ဒီအ ချိန်မှာပဲ လာတစ်ဖ်ရဲ့ မိသားစုကို တန်ဆာခံ ထားပြီး အူဒေးက ကြိုးကိုင်ဖို့ လုပ်ဆောင် လာပါ တယ်။ လာတစ်ဖ်မှာ ရွေးချယ်စရာမရှိတော့ ပါဘူး။ လက်မခံချင်ပေမဲ့ အူဒေးကိုယ်ပွား အဖြစ် နေထိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အူဒေးရဲ့ကိုယ်ပွား လာတစ်ဖ်ကို ဆက်ဒမ်ကိုယ် တိုင်တွေ့လိုက်ချိန်မှာတော့ သူ့အတွက် သား တစ်ဦးထပ်တိုးပြီလို့ မှတ်ချက်ချခဲ့ပါတယ်။ ဆက်ဒမ်ကိုယ်တိုင်က အူဒေးရဲ့ မိန်းမကိစ္စ ရှုပ်ပွေမှုတွေ၊ နိုင်လိုမင်းထက်ပြုမှုပုံတွေကို သဘောမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ သားဆိုတဲ့ သံယောဇဉ်က ဆက်ဒမ်ကိုအနိုင်ယူခဲ့ပါတယ်။ အူဒေးနေရာမှာ ကိုယ်ပွားတစ်ခုထား ပြီး လှုပ်ရှားခြင်းအားဖြင့် အူဒေးအတွက် အန္တရာယ်လျော့ပါးနိုင်တယ်လို့ ဆက်ဒက် က သဘောတူခဲ့ပါတယ်။ အန္တရယ်များတဲ့ နေရာတွေကို စေလွှတ်ရာမှာတော့ လာတစ်ဖ် က အူဒေးကိုယ်စားသွားရောက်ခဲ့ရပါတယ်။ ကူဝိတ်ကို ကျူးကျော်မှုပြုလုပ်ချိန် ၁၉၉၀ ပြည့်လွန်ကာလတွေအထိ အူဒေးနေရာမှာ လာတစ်ဖ်က နေထိုင်ခဲ့ရပါတယ်။ ၁၉၉၂ခု နှစ်အချိန်မှာတော့ ထွက်ပြေးလွတ်မြောက် သွားခဲ့ပါတယ်။ အူဒေးဟူစိန်ကတော့ အီရတ်-အမေရိကန်စစ်ပွဲကာလ ၂၀ဝ၃ခုနှစ် မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီအကြောင်းတွေကို အခြေခံပြီး မှတ်တမ်းကားနှစ်ကား ထွက်ခဲ့ဖူးပါတယ်။ The Journey of an Olive Tree ဇာတ်ကားနဲ့ Tao of Peace ဇာတ်ကားတို့ဖြစ်ကြပါတယ်။ The Devil’s Double ဇာတ်ကားကို ရုပ်ရှင် ဝေဖန်သူ အများစု က ချီးကျူးခဲ့ကြပါတယ်။ အထူးသဖြင့်တော့ အူဒေးနဲ့ လာတစ်ဖ် နေရာမှာ နှစ်ကိုယ်ခွဲသရုပ်ဆောင်ခဲ့တဲ့ ဒေါ(မ်)နစ် ကူးပါးကို ချီးကျူးခဲ့တာဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းကို notyetnow.wordpress.com မှကူးယူဖော်ပြပါသည်။)