Movie Name
The Exorcist (1973)
Year
1973
Generes
Horror
Code
03069
Type
Movie
Size
1.20 GB
Country
Hollywood
Description
ထူးထူးဆန်းဆန်း Rating 8 ရထားတဲ့ Horror ကားတွေထဲကတစ်ကားဖြစ်ပါတယ်.. ဒီတစ်ခါကတော့ horror မှကြိုက်လှပါချည်ရဲ့ဆိုတဲ့ ပရိတ်သတ်များ တောင်းဆိုထားလို့တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်ကားက ကားဟောင်းပေမဲ့ ဒီကားမှာ သွေးသံရဲရဲနဲ့ဆိုးဆိုးဝါးဝါး ဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် အဲအချိန်တုန်းက သူတို့နိုင်ငံမှာပြသခွင့်တောင် ပိတ်ခံရတဲ့အထိကိုဖြစ်ခဲ့တာပါ % buffered 00:00 00:00 Download Your browser does not support the video tag. ဇာတ်လမ်းကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက်က ဇာတ်ကားရိုက်ဖို့အတွက် ဝါရှင်တန်ကို သူ့သမီးလေးနဲ့အတူ ခဏပြောင်းလာခဲ့ရပါတယ်။ သူ့သမီးလေးက အစပိုင်းမှာ တီတီတာတာနဲ့ ချစ်စရာလေးပေမဲ့ တစ်ဖြည်းဖြည်းနဲ့ အပြုအမူအပြောအဆိုတွေက ခက်ထန်ကြမ်းတမ်းလာခဲ့ပါတယ် သူလည်းဆရာဝန်တွေနဲ့ပြပြီး ကုသပေမဲ့ပိုပြီးဆိုးဝါးလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့သမီးဟာ တစ်ခြားလူတစ်ယောက်ပုံစံကို လုံးဝပြောင်းလဲသွားပါတော့တယ်။ ဒါဆိုဒီကိစ္စတွေရဲ့နောက်ကွယ်က ဘာလဲ။ သူ့သမီးလေးပြန်ရအောင်ရော သူဘယ်လိုတွေအားထုတ်ကြိုးစားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ရှုစားကြည့်ပါ (သွေးသံရဲရဲကြမ်းတမ်းတဲ့ဇာတ်ဝင်ခန်းများပါတဲ့အတွက် ကလေးသူငယ်များနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး)