Movie Name
The Wolf Hunters (2017)
Year
2017
Generes
Action
Code
01634
Type
Movie
Size
702 MB
Country
China
Description
ဒီဇာတ်ကားကတော့ SWAT Team အဖွဲ့ဝင်တစ်ယောက်”လန်ဟိုင်”ရဲ့တိုင်းပြည်အပေါ်ရောမိသားစုအပေါ်ရောတာဝန်ကျေပွန်အောင်ထမ်းဆောင်သွားခဲ့တဲ့အကြောင်းလေးပါ ညီဖြစ်သူ”လန်ထျန်း”ကအစ်ကိုဖြစ်သူရဲ့အလုပ်ဖြစ်တဲ့ SWAT team အဖွဲ့ဝင်၊ရဲအရာရှိအလုပ်ကိုအရမ်းအားကျ၊အရမ်းလုပ်ချင်ခဲ့ပေမယ့်လဲဉာဏ်သိပ်မကောင်းလို့လက်ရှိမှာတော့ရိုးရိုးသာမန်ပစ္စည်း delivery လိုက်ပို့တဲ့ဝန်ထမ်းအလုပ်သာလုပ်နေရပါတယ် အစ်ကိုဖြစ်သူ”လန်ဟိုင်”မှာလဲမိန်းမနဲ့ကွဲ၊သမီးလေးမှာလဲကျောက်ကပ်မကောင်းဖြစ်နေပြီးမိမိအလုပ်တာဝန်များကိုသာလုပ်ဆောင်နေ၍မိသားစုအပေါ်အချိန်မပေးနိုင်ဖြစ်နေခဲ့တယ် တစ်နေ့မှာတော့”ရေခဲမီး”လို့အမည်ရတဲ့အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့မူးယစ်ဆေးတစ်မျိုးပေါ်ပေါက်လာ၍ပြည်သူ့ရဲတပ်ဖွဲ့မှာထိုဆေးလာရာဇစ်မြစ်လမ်းကြောင်းလိုက်လံရှာဖွေဖမ်းဆီးရပါတော့တယ် သို့သော်ညီဖြစ်သူမှာထို”ရေခဲမီး”မူးယစ်ဆေးရောင်းဝယ်သူများနဲ့ပါဝင်ပက်သက်မိပြီးအစ်ကိုဖြစ်သူမှာလဲရဲတပ်ဖွဲ့၏သံသယဝင်ခြင်းကိုခံရပြီးအလုပ်မှတာဝန်ရပ်ဆိုင်းခြင်းခံလိုက်ရပါတော့တယ် သမီးဖြစ်သူလေးကိုလဲ”မူးယစ်ဆေးဝံပုလွေ”ဟုခေါ်သည့်မူးယစ်ဆေးအကြီးစားရောင်းဝယ်သူမှပြန်ပေးဆွဲ၊ညီဖြစ်သူကိုလဲဖမ်းဆီးထားရာ”လန်ဟိုင်”တစ်ယောက်ထိုသူပြောစကားကိုပင်နားထောင်၍သူခိုင်းသမျှကိုသည်းခံ၍လုပ်ပေးနေရသည် လွန်စွာလျင်မြန်ပါးနပ်သောပြည်သူ့ရဲတပ်ဖွဲ့မှလဲ”လန်ဟိုင်”ကိုတာဝန်ရပ်ဆဲလိုက်ပေမယ့်၎င်းသမီးပြန်ပေးဆွဲခံရသည်ကိုသိလျှင်သိချင်းအကွက်ကျကျချကာ”မူးယစ်ဆေးဝံပုလွေ”ကိုဖမ်းဆီးကြပါတော့တယ် ဒါပေမယ့်”လန်ဟိုင်”တစ်ယောက်သူ့ညီရော၊သမီးရော၊မိန်းမကိုပါအသက်ရှင်လျက်ပြန်လည်ကယ်တင်နိုင်ပါ့မလား…