Movie Name
အဆုံးမဲ့ချစ်ခြင်း
Year
2018
Generes
Comedy, Romance
Code
ST0116
Type
Series
Size
2.03 GB
Country
Thai
Description
အဆုံးမဲ့ချစ်ခြင်း (Thai series mmsub) 🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀 မြန်မာစာတန်းထိုးစဆုံး မြန်မာစာတန်းထိုးရတုန်းကြည့်ကြပါနော် Linkမပျက်ခင်😁 ဒီတခေါက်ဇာတ်လမ်းလေးကတော့ မမျှော်လင့်ပဲချစ်မိတတ်တဲ့အချစ် မိဘမေတ္တာ အကြောင်းတွေရိုက်ကူးထားတဲ့ Romantic Comedyကားလေးတကားပါ Ittrit (James jirayu Trangsrisuk) - အဖေဖြစ်သူ ဗိုလ်မှူး Ittipol မျက်လုံးထဲမှာ အမြဲအရှုံးသမားအဖြစ်အမြင်ခံရပြီး မွေးစားသား Tunကို မယှဉ်နိုင်သူ ,ငယ်သူငယ်ချင်းဖြစ်သူ သရုပ်ဆောင်မင်းသမီး Maya ကို သဘောကျနေပြီး စာမေးပွဲမှာခိုးချခဲ့လို့ ကျောင်းထုတ်ခံရသူ Chanamon /Chon (Punch Worakarn Rojjanawat) - ဆီးချိုရှိနေသူ အဖေကြီးနဲ့ ကျောင်းတက်နေဆဲ မောင်လေးတို့အတွက် အလုပ်ပေါင်းများစွာလုပ်နေရတဲ့ သမီးလိမ္မာလေး ,စာတော်လွန်းလို့ နိုင်ငံခြားမှာ မာစတာဘွဲ့ယူဖို့လုပ်ရင်း သူတက်ခဲ့တဲ့ကျောင်းမှာ ပရော်ဖက်ဆာကို ကူညီပြီး စာမေးပွဲခန်းစောင့်ပေးရင် ခိုးချတဲ့ကျောင်းသားတယောက်ကိုတွေ့လို့ ကျောင်းထုတ်သူ Tun(Beam Kawee Tunjararuk)- အမှုတခုကိုလိုက်ရင်း အဖေဖြစ်သူ ရဲအရာရှိသေဆုံးသွားလို့ အဖေ့သူငယ်ချင်းဗိုလ်မှူးက ခေါ်ယူမွေးစားခြင်းခံထားရသူ သူကိုယ်တိုင်ကလည်း ရဲတယောက်ဖြစ်နေသူ Maya(Wawaa Nichari Chokprajakchat) - ကျောင်းတက်ရင်း သရုပ်ဆောင်မင်းသမီးလုပ်နေသူ ငယ်သူငယ်ချင်း Ittရဲ့ မွေးစားအကို Tunကိုမှ သဘောကျနေသူ ကိုယ်ဖြစ်ထွန်းစေချင်တဲ့သားက ကျောင်းထုတ်ခံလိုက်ရတဲ့အခါမှာ Ittipol ဟာ ပရော်ဖက်ဆာဆီဖုန်းဆက်ပြောရာမှ အခွင့်အရေးတခါရခဲ့ပြီး ပရော်ဖက်ဆာ ညွှန်ပြခဲ့တဲ့ အတော်ဆုံးကျောင်းသူChonကို Ittiritရဲ့ ကျူတာအဖြစ်ငှားခဲ့တယ် Chonကလည်း အဖေနဲ့မောင်လေးမျက်နှာကြောင့် မာနကိုချိုးနှိမ်ပြီး လက်ခံခဲ့ရတယ် Ittiritကို Mayaနဲ့တူတူစာလုပ်ခိုင်းမယ် စာမေးပွဲအောင်ရင် ငယ်ငယ်ကတည်းထွက်သွားခဲ့တဲ့အမေ့ဆီလိုက်ပို့မယ်ဆိုပြီး ဆွဲဆောင်ခဲ့ရတယ် တချိန်တည်းမှာပဲ Chonဟာ Ittကို ချစ်မိသွားခဲ့တယ် Ittက သူ့အကိုနဲ့Mayaကြိုက်နေတာကို ခွဲဖို့လုပ်နေချိန်မှာပေါ့ Ittကရော ငယ်ချစ်ဦးကို လက်လွှတ်နိုင်မှာလား Chonကရော ပုံမှန်ဘဝကိုပြန်ရမှာလား Chon အဖေ ကရော ဘာလို့ရဲတွေနဲ့မပတ်သတ်ချင်ရတာလဲ Tun အဖေသေဆုံးမှုကိုရော ပြန်ဖော်နိုင်မှာလားဆိုတာတွေကို ဒီဇာတ်လမ်းတွဲလေးမှာကြည့်ရှုလိုက်ရအောင်နော်