-
Movie Name
-
Land Of Mine (2015)
-
Year
-
2015
-
Generes
-
Drama, War
-
Code
-
01045
-
Type
-
Movie
-
Size
-
933 MB
-
Country
-
Hollywood
-
Description
-
မိုင်းဆိုတာ စစ်မြေပြင်မှာ ဗျူဟာမြောက်အသုံးဝင်တဲ့ ပစ္စည်းဖြစ်ပါတယ်… သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ စစ်ကြောင်းတစ်ခုကို ရပ်တန့်နှောင့်နှေးစေချင်လို့ပါ..ဥပမာ မိုင်းကွဲတယ် ခြေထောက်ပြတ်တယ် ဒီအခါမှာ သူ့ကို သယ်ဖို့ စစ်သည် (၂)ယောက် လိုမယ်… ဗျူဟာမြောက်သုံးကြတယ်…သေဆုံးနိုင်ခြေနည်းတယ်ဆိုပေမယ့် တစ်သက်လုံး လူဖြစ်ရှုံးသွား နိုင်ပါတယ်..မိုင်းဖော်တဲ့သူအတွက်လည်းအရမ်းကို အန္တရယ်များပါတယ်..ဒီတွေဘာကြောင့်ပြောပြနေလဲဆိုတော့ ဒီကားထဲမှာ ဂျာမန်တွေဟာဒိန်းမတ်ကိုသိမ်းထားတုန်းမှာ မိုင်းအလုံး (၂) သန်းကျော်ကိုထောင်ထားခဲ့တယ်…ဂျာမန်တွေစစ်ရှုံးသွားလို့ ဒိန်းမတ်မြေက ဆုတ်ခွာ သွားပေမယ့် မိုင်းအလုံးရေ (၂)သန်းကျော်ရှိတဲ့ကွင်းကြီးတော့ကျန်ခဲ့ပါတယ်…ဒီမိုင်းကွင်းကြီးကိုရှင်းဖို့တာဝန်ကြတဲ့သူက ဒိန်းမတ်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦး…ဒီမိုင်းတွေကိုရှင်းဖို့ဆိုပြီ ဂျာမန်စစ်သုံပန်း(၁၄)ယောက်တိတိကို တပ်ကြပ်ကြီးဆီပို့ပေးကြတယ်…မိုင်းရှင်းတုန်း သေသွားလည်း နှမြောစရာမရှိတဲ့သူမျိုးတွေပေါ့..ဂျာမန်တွေသိမ်းပိုက်စဉ်တုန်းက ဒိန်းမိတ်တွေကို ရက်စက်စွာသတ်ဖြတ် မိန်းမတွေဆိုလည်းမုဒိန်းကျင့် ဆိုးယုတ်မှုမှန်သမျှ ဒိန်းမတ်တွေခံစားခဲ့ရတယ်…ခုမိုင်းဖော်ရမယ့်အချိန်မှာ ဂျာမန်ကလေးတွေနဲ့ဖော်ရမယ်ဆိုတော့ဒိန်းမတ်တပ်ကြပ်ကြီးအတွက် နာကျဉ်းသမျှတွေ ပုံချပါတော့တယ်..ကလေးတွေလို့မမြင်ဘူး ..ဒိန်းမတ်တွေအပေါ်ရက်စက် ခဲ့တဲ့ ဂျာမန်တွေလို့ပဲမြင်တယ်…အသက်ငယ်ရွယ်သေးတဲ့ လူငယ်လေးတွေကို ရက်ရက်စက်စက် ပြောဆိုဆက်ဆံတယ်အငတ်ထားတယ် ထမင်းမကျွေး ရေမတိုက် သောက်ချင် ပင်လယ်ကြီး တစ်ခုလုံးရှိတယ်ဆိုတာမျိုးဂျာမန်တွေ ရက်စက်ခဲ့သမျှ အတိုးချတော့တာပါပဲပြီးတော့ ဒီကလေးတွေကို အိပ်မက် ပေးထားတယ်မင်းတို့ ဒီမိုင်းတွေ ရှင်းလို့ ပြီးသွားရင် အိမ်ပြန်ပို့မယ်ဘာညာပေါ့လူငယ်လေးတွေကတော့ သူတို့ အိမ်ပြန်မယ့်နေ့ရက်တွေကို တွက်ရေရင်းနဲ့သူငယ်ချင်းတွေ ညီအကိုတွေ တစ်ယောက်ပြီး တစ်ယောက် မိုင်းပေါက်လို့ပျောက်သွားတာကိုပဲ မျက်ရည်တွေ သွင်သွင်ကျရင်း ကြည့်နေရတော့တာပါပဲမိုင်းတွေကလဲ ဒီတစ်သက်ရှင်းလို့ပြီးပါအုံးမလား ?ရုပ်ရှင် Review ကို Phyo Pyae မှ ရေးပေးထားပါတယ်။ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Hades ဖြစ်ပြီးThit San Khant မှ တင်ဆက်ပေးထားပါတယ်