Movie Name
The Giver (2014)
Year
2014
Generes
Drama, Romance
Code
03083
Type
Movie
Size
733 MB
Country
Hollywood
Description
သက္ကရာဇ် ၂၀၄၈ .စစ်ပွဲပြီးဆုံးသွားတဲ့အခါမှာတော့ အဖွဲ့အစည်းတစ်ခုဟာ လူမျိုးနွယ်စုတွေ ခံစားချက်တွေကို ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ နိုင်ငံသားအားလုံးဟာ သူတို့ရဲ့ မှတ်ညဏ်တွေဖျက်ဆီးခံလိုက်ရပြီး မှတ်ညဏ်တွေကျန်နေခဲ့တဲ့ တစ်ယောက်တည်းသောသူကတော့ Receiver of Memory လို့ခေါ်တဲ့ အတိတ်ရဲ့ မှတ်ဉာဏ်တွေကို လက်ခံထားသူဖြစ်ပြီး အဖွဲ့အစည်းတစ်ခုလုံးမှာ တစ်ယောက်ပဲ ရှိပါတယ်။ သူကတော့ ခေါင်းဆောင်နဲ့ လူကြီးတွေကို အဖွဲ့အစည်းရဲ့ ဆုံးဖျက်ချက်တွေနဲ့ ပက်သတ်ပြီးတော့ အကြံဉာဏ်ပေးဖို့ပါ။ Jonas ဟာ Receicer of Memory ကို ဆက်ခံမည့်သူအဖြစ်ရွေးချယ်ခံခဲ့ရပြီး လက်ရှိ Receiver of Memory ဆီကနေ အတိတ်မှတ်ဉာဏ်တွေကို လက်ခံရယူလျက်ရှိနေပါတော့တယ်။ Jonas ဟာ အသားအရောင်၊ လူမျိုးစု၊ ဘာသာရေး၊ နာကျင်မှု၊ ခံစားတတ်မှုတွေမရှိတဲ့ အဖွဲ့အစည်းမှာနေထိုင်နေတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့မှာ သူငယ်ချင်း ၂ ယောက်ရှိပါတယ်။ ကောင်မလေးကတော့ Fiona ဖြစ်ပြီး ယောကျာ်လေးတစ်ယောက်ကတော့ Asher ဖြစ်ပါတယ်။ အရွယ်ရောက်လို့ အသီးသီး တာဝန်ထမ်းဆောင်ရမည့်နေရာတွေကတော့ မတူညီပဲ Jonas ကတော့ Receiver of Memory အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတော့တယ်။ Receiver of Memory အဖြစ်ရွေးချယ်ခံရသူဟာ သင်ကြားခဲ့ရတဲ့အကြောင်းအရာတွေကို တခြားသူတွေကို ပြန်လည်ပြောပြခြင်းမပြုရပါဘူး။ ဒါပေမယ့် Jonas ကတော့ သူ့မိသားစုနဲ့ Fiona ကို သူတွေ့ကြုံခဲ့ရတာတွေကို ပြန်ပြောပြလေ့ရှိပါတယ်။ ထိုအတောအတွင်းမှာပါ သူတို့အိမ်ကို Gabe လို့ခေါ်တဲ့ ကလေးလေးတစ်ယောက် ရောက်လာပါတော့တယ်။ မကြာခင်ပဲ ထိုကလေးကို Jonas ဟာ သံယောဇဉ်ဖြစ်သွားပြီး သူနဲ့တူတဲ့အမှတ်တစ်ခုလည်း လက်မှာပါလာပါသေးတယ်။ Jonas ဟာ တဖြည်းဖြည်းနဲ့ သင်ယူရတာကို ပိုမိုစိတ်ဝင်စားလာပြီး သူ့အတွက်တော့ အရာရာဟာထူဆန်းလို့နေပါတယ်။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ စစ်ပွဲ၊ တေးဂီတ၊ ချစ်ခြင်းမေတ္တာ စသည့်တို့ကို သိလာရပြီး သူတို့နေထိုင်ရာ နေရာရဲ့ အရာအားလုံးဟာ အတုတွေမှန်း သိလာပါတော့တယ်။ မနက်ပိုင်းအိမ်က ထွက်တိုင်း လက်မောင်းကိုဆေးတစ်လုံးအထိုးခံရပါတယ်။ ထိုဆေးကတော့ စိတ်ခံစားမှုတွေကို လျော့ချပေးတဲ့ဆေးဖြစ်ပြီး နောက်ပိုင်းကျတော့ Jonas ဟာ ထိုဆေးကို မထိုးတော့ပဲ ပန်းသီးတစ်လုံးနဲ့လှည့်စားပြီး နေနေပါတော့တယ်။ Jonas ကို သင်ပေးနေတဲ့ဆရာ . . . သူ့ကိုယ်သူ Giver လို့နာမည်ပေးထားတဲ့သူကတော့ နဂိုက သူ့မှာ သမီးတစ်ယောက်ရှိပါတယ်။ Rosemary ဖြစ်ပြီး Jonas အရင် Receiver of Memory အဖြစ်ရွေးချယ်ခံခဲ့ရပြီး သင်ကြားနေတုန်းမှာ စိတ်ဂယောက်ဂယက်ဖြစ်ပြီး ကိုယ့်ဘာသာကိုယ် သက်သေသွားခဲ့ပါတယ်။ အဖွဲ့အစည်းအဆိုအရတော့ လွှတ်ပေးတယ်ပေါ့။ ထိုအတောအတွင်း Gabe လေးဟာ မကြာခဏငိုပြီး အဆင်မပြေတာကြောင့် သူ့ကို ပြန်ပို့ဖို့ ဖြစ်လာပါတော့တယ်။ မကြာခင် Gabe လေးတစ်ယောက် အသတ်ခံရတော့မယ်ဆိုတာကို Jonas ဟာ ထိုအရာကို ရိပ်စားမိလိုက်ပါတော့တယ်။ Gabe ကို ကယ်ဖို့အတွက် Jonas တစ်ယောက် ဘယ်လိုကြိုးစားခဲ့ပြီး သူ့သူငယ်ချင်းတွေကကော ဘယ်လိုကူညီပေးခဲ့သလဲ . . . . အပြင်လောကကိုကော သူတကယ် ရောက်သွားနိုင်ပါ့မလား။ စိတ်ကူးယဉ်ဆန်တဲ့ ခေတ်လွန်ဇာတ်ကားမျိုးဖြစ်ပြီး တခြားကားတွေလို ရှုပ်ထွေးနေခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် တအားကြီးလည်း ရိုးရှင်းလွန်းနေပါတော့တယ်။ ရုပ်ရှင်အစပိုင်းမှာ အဖြူအမည်းပုံစံမျိုးနဲ့ပြထားပြီး Jonas သင်ယူမှုမှာပိုသိလာလေ အရောင်တွေပြောင်းလာလေဖြစ်ပါတယ်။ စိတ်လှုပ်ရှားခံစားသိတတ်မှုမရှိတဲ့ ကမ္ဘာကိုခံစားကြည့်လိုက်ပါ။ ဘယ်လိုမျိုးဖြစ်လာမလဲလို့ . . . ။ Jeff Bridges, Brenton Thwaites, Odeya Rush, Katie Holmes တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး Taylor Swift ကတော့ Rosemary အဖြစ် အခန်းအနည်းငယ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDB Ratings: 6.7/10 ရရှိထားပါတယ်။ မူရင်းစာအုပ်ထွက်ပြီး ၂၁ နှစ်ကြာမှ ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားခြင်းဖြစ်ပါတယ်။ တချို့တွေကတော့ မူရင်းဇာတ်ညွှန်းက ပိုမိုကောင်းမွန်တဲ့အကြောင်း ပြောဆိုထားကြပါသေးတယ်။ (mmmovieguide မှကူးယူဖော်ပြပါသည်။)