Movie Name
Crime Solving Special Squad (2020)
Year
2020
Generes
Action, Crime
Code
04684
Type
Movie
Size
417 MB
Country
Korea
Description
ဒီကားလေးကတော့စုံထောက်ဇာတ်လမ်းလေးတွေကို ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုတဲ့သူတွေအကြိုက်တွေ့ကြမယ့် ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းက ရဲတွေလက်လှမ်းမမှီတဲ့ အမှုတွေနဲ့ရဲတွေက လာဘ်စားထားပြီး ဖြေရှင်းမပေးတဲ့ အမှုတွေကို ဒီအဖွဲ့က လူတော်တွေကဖြေရှင်းကြတာပဲဖြစ်ပါတယ်။ % buffered 00:00 -00:11 Download Your browser does not support the video tag. အဖွဲ့ထဲမှာအတိုက်အခိုက်ကျွမ်းသူတွေ၊ စကားပြောကောင်းသူ၊ပုံဖျက်အယောင်ဆောင်ကျွမ်းကျင်သူ၊ ကွန်ပြူတာကျွမ်းကျင် hackerအထိရှိပြီး သူတို့အားလုံးပေါင်းပြီးတရားမဝင်အလုပ်တွေလုပ်ကိုင်နေကြတဲ့ လောဘသားတွေကိုစုံစမ်းကြရပါတယ်။ သူတို့အထက်မှာအမိန့်ပေးနေတဲ့သူလည်းရှိသလိုအဲ့လူကိုတော့ သူတို့တခါမှမမြင်ဖူးကြပါဖူး။ ဒီလိုနဲ့ ကျောင်းသားငယ် အသက်မပြည့်သေးတဲ့ကလေးတွေကို တရားမဝင် ကျွန်အရောင်းအဝယ်စာချုပ်လိုမျိုးချုပ်ပြီး အလုပ်ခိုင်းနေတဲ့ အဖွဲ့ကိုစုံစမ်းဖို့ဖြစ်လာပါတယ်။ ဒီအဖွဲ့ကလည်း ကျောင်းသားငယ်လေးတွေ ငွေနဲ့မျှားပြီး အသုံးများတဲ့ app တစ်ခုကနေ မက်လုံးပေးအလုပ်ခေါ်တာပါ။ ဒါကိအြပျော်အပါးမက်တဲ့သူတွေဝင်လုပ်ကြရင်း ဒီအလုပ်ထဲနစ်မှန်းမသိနစ်ကုန်ကြပါတယ်။ ဒီလိုကလေးတွေကိုကာကွယ်ဖို့ ဒီအထူးအဖွဲ့ကစတင်လှုပ်ရှားရပါတယ်။ ဒီလိုနဲ့ နောက်ကြောင်းလိုက်ရင်း နောက်ကွယ်က ခိုင်းစေသူတွေကို စုံစမ်းကြည့်တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမယ်ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ သူတို့အဖွဲ့ဒီအမှုကိုဖြေရှင်းနိုင်ပါမလားနောက်ကွယ်ကလက်မဲကြီးတွေကကော ဘယ်သူတွေလဲ ဒီ appကကောဘာလဲဆိုတာတော့ စိတ်ဝင်စားဖွယ်တင်ဆက်ထားတာတွေ့ရမှာဖြစ်လို့ အိမ်မှာနားနေတဲ့အချိန် အေးအေးအေးဆေး ကြည့်ကောင်းတဲ့ကားလေးတစ်ကားဖြစ်တယ်လို့ ညွှန်းချင်ပါတယ်