Movie Name
Fantasy Magician (2020)
Year
2020
Generes
Action
Code
04692
Type
Movie
Size
759 MB
Country
China
Description
Fantasy Magician (2020) ဒီဇာတ်လမ်းလေးက 2017 ခုနှစ်ကထွက်ခဲ့တဲ့ “The Thousands Faces Of Dunjia”ကိုအခြေခံပြီးရိုက်ကူးထားတာပါ လော့ချားမြို့ကျိုးအိမ်တော်ရဲ့သခင်လေး စစ်ဆေးရေးမှူးကျိုးထုံက ငယ်ငယ်လေးထဲကမှော်ပညာရပ်တွေကိုအရမ်းစိတ်ဝင်စားသူပါ တပည့်မလေးထျောက်ကျယ် သူ့အဖေကျိုးရှို့ရီနဲ့ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းလာရာ… တစ်နေ့မမျှော်လင့်ဘဲ ကျာ့မင်နဲ့သူ့အဖေယိုးဝေ့တို့ထောင်ချောက်ဆင်တာခံရပြီး ကျိုးထုံအဖေကျိုးရှို့ရီဟာ အကျဉ်းချခံခဲ့ရပါတော့တယ် ကျိုးထုံကတော့ ကံကောင်းစွာလွတ်မြောက်သွားပြီး မင်ဂိုဏ်းချုပ်နဲ့တွေ့ဆုံကာ ကျိုးထုံကိုယ်ထဲကျားအဆောင်လွဲပြောင်းပေးအပ်ခဲ့ပါတယ် ကျိုးထုံဟာ ကျားအဆောင်ရဲ့စွမ်းအားကိုသုံးပြီးသူ့အဖေကိုကယ်ထုတ်ခဲ့ချင်ပေမဲ့ သူ့အဖေရက်ရက်စက်စက်အသတ်ခံခဲ့ရတာကိုပဲမြင်တွေ့ခဲ့ရပါတယ် ကျားအဆောင်ကိုလိုချင်တဲ့မကောင်းဆိုးဝါးတွေရန်ကနေ ဘယ်လိုကာကွယ်ခဲ့သလဲ? ကျိုးထုံဘယ်လိုတွေကြုံတွေ့ခဲ့ရသလဲဆိုတာကို ဇာတ်လမ်းလေးထဲတွေ့ရမှာပါ ကျိုးထုံအဖြစ် He Peng (သူ့ကိုတော့အားလုံးသိကြမှာပါ The Untamedထဲက ဝမ်ဂိုဏ်းဒုသခင်လေးဝမ်ချောင်ပါ The Untamedနဲ့ကွဲပြားစွာ သူ့သရုပ်ဆောင်ချက်တွေကိုမြင်တွေ့ရမှာပါနော်) ထျောက်ကျယ်အဖြစ် Lin Yu Rou ကျိုးရှို့ရီအဖြစ် Eddy Ko တို့က ပါဝင်သရုပ်ထားတာပါ ။