-
Movie Name
-
The Great Gatsby (2013)
-
Year
-
2013
-
Generes
-
Drama, Romance
-
Code
-
03092
-
Type
-
Movie
-
Size
-
1.40 GB
-
Country
-
Hollywood
-
Description
-
2013 မှာထွက်တဲ့ကားတစ်ကားဖြစ်ပြီး သရုပ်ဆောင်ထားတဲ့ ဟောလိဝုဒ်စတားတွေကတော့ အများသိကြတဲ့
Leonardo DiCaprio , အားလုံးရဲ့အချစ်တော် Spiderman မင်းသား Tobey Magurie ဘောလိဝုဒ် မင်းသားကြီး
အမီတာ ဘာ့ချန်း တို့အပြင် Carey Mulligan , Joel Edgerton , Elizabeth Debicki , Isla Fisher , Jason Clarke စသဖြင့်များစွာသရုပ်ဆောင်ထားပါတယ်…
% buffered
00:00
-00:01
Download
Your browser does not support the video tag.
ဇာတ်လမ်းကြာချိန်က ပက်ပက်စက်စက်ကြွေ လို ၂နာရီခွဲ ၃ နာရီကြာမှာဖြစ်တဲ့အတွက် သေချာအချိန်ယူပြီးကြည့်စေချင်ပါတယ်
IMDb rating က ၇.၃ တောင်ရထားတာပါ …
ဇာတ်လမ်းလေးကတော့ ခေတ်စကား နဲ့ ဆို အချစ်တွက် မိုက်တဲ့ ကောင်ဆိုးလေး လို့ ပြောလို့ရမယ်…မြန်မာပေါကားတွေမှာဆို မင်းသမီးကို
လက်ထပ်ချင်တဲ့ စောင်တောသား လေးကမြို့တက် ပိုက်ဆံရှာတဲ့ အကွက်ပဲ…
ဒီမှာတော့ နည်းနည်းထူးခြားတယ်…မင်းသမီးလေးက စောင့်ပါတယ်…
ကောင်ဆိုးလေး မလာတော့ သူလက်ထပ်လိုက်တယ်ကောင်ဆိုးလေးက တော့ ပြန်မလာခဲ့ပါဘူး
နှစ်တွေ အများကြီး ကြာသွားတယ်…တစ်ရက်မှာတော့ မင်းသမီးလေး တို့ စံအိမ် ရဲ့
မျက်နှာခြင်းဆိုင် က ရဲတိုက်ကြီး ကို သူဌေးကြီးတစ်ယောက်က ဝယ်လိုက်ပြီး ပါတီ ပေးမယ်လို့
သတင်းကြားရတယ်…
အဓိက ဖိတ်ကြားခံရတာကတော့ မင်းသမီးလေး ရဲ့မောင်ဖြစ်သူကို သူဌေးကြီးက ဖိတ်ကြားတာပါ…
အဲ့ဒီမှာ သိလိုက်ရတာက သူဌေးကြီးဟာ လက်ထပ်ဖို့အရေး ပိုက်ဆံရှာမယ်ဆိုပြီး ထွက်သွားတဲ့ ကောင်ဆိုးလေးပေါ့
အလာကောင်းပေမဲ့ အခါနှောင်းခဲ့ပြီ မင်းသမီးလေးမှာ
ခင်ပွန်းလဲ ရှိနေပြီ တည်ငြိမ်တဲ့ အိမ်ထောင်ရေးတော့ မဟုတ်ဘူးပေါ့ခင်ပွန်းဖြစ်သူက သောက်စားနေပြီး မိန်းမပွေ လောင်းကစားသမားပေါ့
သူတို့ ဘဝက အထည်ကြီးပျက်လို့ ဖြစ်နေတာ….
မြန်မာကားတွေ အရမ်းဆန်တယ်ပဲ ပြောရမလား…ကောင်ဆိုးလေး ကို ယောက်ဖလောင်း က သူ့အစ်မ နဲ့
တိတ်တိတ်လေး ပေးတွေ့ခဲ့တယ်…ငယ်က အချစ် နှစ်တရာ မမေ့သာ ဆိုသလိုပဲ
အချစ်တွေက ပြန်နိုးထ လာခဲပါလေရော…သူတို့ ၂ ယောက် ဆုံတဲ့ အခန်းလေးဟာ အရမ်းကို
ကြည်နူးဖို့ ကောင်းတယ် အသက်လေးဆယ်ကျော်နေပြီဖြစ်တဲ့
ကောင်ဆိုးလေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က လိုရင်ခုန်သံတွေ လက်ဆတ်နေပြီး မင်းသမီးလေးကို မြင်တာနဲ့
ရှက်ကိုးရှက်ကန်းတွေ ဖြစ်လို့ ဘာပြောရမှန်း မသိဖြစ်နေတာပဲ..ရုပ်ရှင်တစ်ကားလုံးမှာ ကျနော် အကြိုက်ဆုံး အခန်းလေးပေါ့…