-
Movie Name
-
Honest Candidate (2020)
-
Year
-
2020
-
Generes
-
Comedy
-
Code
-
04699
-
Type
-
Movie
-
Size
-
953 MB
-
Country
-
Hollywood
-
Description
-
လွှတ်တော်အမတ် ဂျူဆန်းဆုဟာ ရွေးကောက်ပွဲမှာ၃ကြိမ်တိုင်အနိုင်ရခဲ့ပြီး အခုလေးကြိမ်မြောက်ရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပါတယ်။
ဆုံးပါးသွားတဲ့သူ့အဘွားရဲ့နာမည်ကိုသုံးပြီးတည်ထောင်ထားတဲ့ အုတ်ဟီဖောင်ဒေးရှင်းကြောင့် လူတွေရဲ့စာနာမှုနဲ့အတူထောက်ခံမှုကိုပါရခဲ့တာပါ။
တကယ်တမ်း သူ့အဘွားသေဆုံးတာကလည်းအမှန်မဟုတ်သလို ဖောင်ဒေးရှင်းကပေးတဲ့ပညာသင်ဆုကလည်း အကျိုးအမြတ်ရဖို့နာမည်ခံထားတဲ့ကိစ္စဖြစ်နေခဲ့ပါတယ်။
လူထုထောက်ခံမှုရဖို့အတွက် သာမန်တိုက်ခန်းလေးမှာနေထိုင်တယ်ဆိုပြီးလိမ်ညာထားပေမဲ့
တကယ်တမ်းက ခမ်းနားတဲ့အိမ်မှာ ဈေးကြီးအသုံးအဆောင်တွေနဲ့စားသောက်နေထိုင်နေခဲ့တာပါ။
တစ်နေ့မှာတော့ သူ့အဘွားရဲ့ဆုတောင်းကြောင့် လိမ်ပြောလို့မရတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ဖုံးကွယ်ထားတဲ့အရာတွေကိုလူထုသိမသွားအောင်ဖြေရှင်းရင်း
တစ်စပြီးတစ်စအလိမ်ပေါ်လာတာကို ဘယ်လိုလိုက်ရှင်းကြသလဲဆိုတာကို ဟာသနှောပြီးရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
% buffered
00:00
-00:09
Download
Your browser does not support the video tag.
“မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိ”ဆိုသလို ခုလိုတိုးတက်နေတဲ့ခေတ်ထဲမှာ ဘယ်အရာကိုမှအဆုံးထိဖုံးကွယ်လို့မရတာကိုလည်း သတိပြုဖွယ်မြင်တွေ့ရမှာပါ ။
နိုင်ငံရေးအကြောင်းအရာတွေတင်မဟုတ်ဘဲ မိသားစုတွေကြားကသံယောဇဉ်တွေနဲ့ ကြည်နူးစရာ ဝမ်းနည်းစရာလေးတွေကိုပါ ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့
ရသစုံလင်စွာနဲ့ ကြည့်နိုင်မဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။