Movie Name
Bad Boys (1995)
Year
1995
Generes
Action, Crime
Code
03096
Type
Movie
Size
1.66 GB
Country
Hollywood
Description
လူတိုင်းရင်းနှီးပြီးသား မင်းသားတွေဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Action , Comedy , Crime ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားနှစ်ယောက်ဖြစ်တဲ့ Will Smith နဲ့ Martin Lawrence တို့က မိုက်ခ်နဲ့ မားကပ်စ်ဆိုတဲ့ မိုင်ယာမီမူးယစ်တိုက်ဖျက်ရေးမှုခင်းရဲတွေပါ။ တစ်နေ့ သူတို့ ဌာနမှ ထိန်းသိမ်းထားတဲ့ ကိုကင်းတွေကို အဖောက်ခံလိုက်ရပါတယ်။ အဲ့လိုအဖောက်ခံလိုက်ရတော့ သူတို့ရဲ့ခေါင်းဆောင် ဟောင်းဝဒ်က သူတို့ကို ကို ပြန်ရှာခိုင်းပါတယ်။ ဒီလိုနဲ့ မိုက်ခ်နဲ့ မားကပ်စ်က သူတို့နဲ့အရင်က ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ ဆေးသမား ပြည့်တန်ဆာတွေနဲ့ပူးပေါင်းပြီးတော့ သတင်းယူပြီး ဒီအမှုကိုလိုက်တာကနေ တစ်ကားလုံး သဘောကျစရာကောင်းလောက်အောင်ကို သရုပ်ဆောင်ပြသွားတာပါ။ ကော်ဖီကြိုက်တတ်တဲ့သူတွေက ဒီ မူဗီကိုမဖွင့်ခင်ကတည်းက ဖျော်ထားနှင့်ကြပါ . . . မူဗီကြည့်နေရင်း ထဖျော်ဖို့ကို ဝန်လေးနေမှာလို့ ကြိုပြောထား ပါရစေ။ (ဒီဇာတျလမျးရဲ့အညှှနျးနဲ့ ဘာသာပွနျရေးသားပေးသူကတော့ Tin Myo Lwin ပဲဖွဈပါတယျ။)