Movie Name
The Imitation Game (2014)
Year
2014
Generes
Biography, Drama
Code
03110
Type
Movie
Size
804 MB
Country
Hollywood
Description
ဒီဇာတ်ကားကိုအခုခေတ်လူတွေကြည့်ခွင့်ရတာ တကယ့်ကိုထူးတဲ့ ကုသိုလ်တစ်ခုလို့မှတ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားထဲက အချက်အလက်တွေက တကယ့် Top Secret တွေဖြစ်ပြီး ဗြိတိန်နိုင်ငံက ဒီအချက်အလက်တွေကို နှစ် ၅၀ ခန့်ထိမ်းသိန်းလျှို့ဝှက်ထားခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ် အသာရစေခဲ့တဲ့အရာဟာ Enigma လို့ခေါ်တဲ့ လျုှိ့ဝှက်ကြေးနန်းပို့စနစ်လို့ ဆိုနိုင်ပါတယ်။ Enigma ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ enigma စကားဝှက်တွေကိုဖော်နိုင်စရာမရှိပါဘူး။ possibilities ပေါင်း သန်းပေါင်း ၁၅၉ သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ပါပဲ။ အဲဒီ possibilities အားလုံးကိုဖော်နိုင်တယ်ထားဦးတော့…..ဂျာမဏီတို့က ညသန်းခေါင်ကျော်ရင် setting အသစ်တစ်မျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း decipher လုပ်ဖို့ဆိုတာ mission impossible ပဲဖြစ်ခဲ့ပါတယ်။ ဗြိတိန်စစ်တပ်ဟာ ဒီ enigma ကိုဖော်နိုင်ဖို့ နိုင်ငံအတွင်းရှိ သချာၤပညာရှင်တွေ၊ cryptanalyst တွေကို Bletchley Park မှာ စုစည်းခဲ့ကြပါတယ်။ Bletchley Park ကိုလာရောက်ကြသူတွေထဲမှာ Alan Turing လည်းအပါအဝင်ပေါ့။ Alan Turing ဟာ ညာဏ်အင်မတန်ကောင်းတယ်၊ cryptology ကိုထုံးလိုကြေရေလိုနှောက် ကျွမ်းကျင်တယ်။ သို့ပေမယ့် ပေါင်းသင်းဆက်ဆံရေးကတော့အလွန်ညံ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ စိတ်မဝင်စားဘူး။ သူတို့ဟာ သူ့အလုပ်ကိုနှောင့်နှေးစေတာသာရှိမယ်လို့ သူကယူဆတယ်။ ဒီတော့ သူ့ကိုလုပ်ဖော်ကိုင်ဖက်တွေက ဘယ်ကြည်ကြလိမ့်မလဲ။ အထက်လူကြီးကရောတဲ့……….Alan Turing ဆိုတဲ့ငနဲကို ထုတ်ပစ်ဖို့ အကြောင်းပြချက်ရှာမတွေ့သေးလို့သာ ငြိမ်နေကြရတာဖြစ်ပါတယ်။ Alan က enigma ကိုဖော်ဖို့ လူ့စွမ်းအားနဲ့မဖြစ်နိုင်မှန်းသိတယ်။ လူ့ဦးနှောက်ထက်သာလွန်တွက်ချက်နိုင်တဲ့ စက်တစ်ခုကိုတည်ထွင်ဖို့သူကကြိုးပမ်းခဲ့တယ်။ အစကတော့ သူ့စက်အတွက် ငွေထောက်ပံ့ဖို့ Commander Denniston ကငြင်းဆိုခဲ့တယ်။ ဒီတော့ Alan ဘာလုပ်သလဲ…….။ Winston Churchill ဆီ တိုက်ရိုက်စာရေးတောင်းဆိုလိုက်တော့တယ်။ ရလဒ်အဖြစ် funding ရလိုက်ရုံမက decipher team တစ်ခုလုံးရဲ့ခေါင်းဆောင်ပါဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့ပေမယ့် ငွေကုန်ကြေးကျခံထားတဲ့ Alan ရဲ့စက်ကြီးက အလုပ်ဖြစ်မလာသေးလို့ အထက်လူကြီးတွေသည်းခံစိတ်ကုန်လာခဲ့ပြီ။ Bletchley Park မှာ ဆိုဗီယက်သူလျိုရှိတယ်ဆိုတဲ့ ကောလဟလထွက်လာတဲ့အခါမှာလည်း Alan ကသံသယရှိစရာအကောင်းဆုံးသူဖြစ်နေတယ်။ Alan ဟာ တကယ်ပဲသူလျိုလား……..၊ သူ့ရဲ့စက်ကြီးကရော အချိန်မီပြီးစီးနိုင်မှာလား။ Alan မှာ အဲဒီခေတ်က လူသိခံလို့မရတဲ့ လျို့ဝှက်ချက်ကြီးတစ်ခုလည်းရှိနေခဲ့တယ်။ အဲဒီလျို့ဝှက်ချက်ကိုရော Alan ဘယ်အချိန်ထိဖုံးကွယ်ထားနိုင်မလဲဆိုတာ…………………..။