Movie Name
The Impossible(2012)
Year
2012
Generes
Drama, Thriller
Code
03111
Type
Movie
Size
798 MB
Country
Hollywood
Description
ဒီကားလေးကတော့ ၂၀၁၂ ခုနှစ်ကထွက်ရှိထားတဲ့ thriller/disaster film အမျိုးအစားဖြစ်ပြီးတော့ IMDb rating 7.6 အထိရရှိထားပါတယ်။ Spider-man မင်းသား Tom Holland ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ကအိန္ဒိယသမုဒ္ဒရာထဲမှာဖြစ်ခဲ့တဲ့ငလျင်ရဲ့နောက်ဆက်တွဲ ဆူနာမီရေလှိုင်းတွေ ထိုင်းနိုင်ငံရဲ့ကမ်းခြေအချို့ကိုရိုက်ခတ်တဲ့အချိန်မှာ အားလပ်ရက်အပန်းဖြေခရီးထွက်လာကြရင်း ဒီအဖြစ်ဆိုးကြီးနဲ့ကြုံခဲ့ရတဲ့နိုင်ငံခြားသားမိသားစုတစ် စုအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိသားစုတစ်စုကထိုင်းနိုင်ငံခေါက်လက်ကမ်းခြေကို ခရစ်စမတ်ပိတ်ရက်မှာလာလည်ခဲ့ကြပါတယ်။ သူတို့မိသားစုဟာဒီ်အဖြစ်ဆိုးကြီးမဖြစ်ခင်ခရစ်စမတ်နေ့အထိ ပျော်ပျော်ရွှင်ရွှင်ပဲ အားလပ်ရက်ကိုကမ်းခြေမှာဖြတ်သန်းနေခဲ့ကြတာပါ ခရစ်စမတ်အပြီးနောက်တစ်ရက်မှာတော့ မထင်ထားခဲ့တဲ့အဖြစ်ဆိုးကြီးနဲ့အတူမိသားစုငါးယောက် ကတကွဲတပြားစီဖြစ်ခဲ့ကြပါတယ်။ အဲ့ထဲကသားအကြီးဆုံးလေးလူးကပ်စ်နဲ့မိခင်ဖြစ်သူကတစ်နေရာ သားအငယ်လေးနှစ်ယောက်နဲ့ဖခင်ဖြစ်သူကတစ်နေရာစီဖြစ်သွားခဲ့ပါတယ်။ သူတို့မိသားစုတွေဘယ်လိုအခက်အခဲတွေကြုံရမှာလဲ? ပြန်ပြီးတွေ့ကြမလားဆိုတာကတော့ဒီကားလေးထဲမှာဆက်ကြည့်ပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Shwe Yee Oo ဖြစ်ပြီး Arkar Phyo မှာ Encode လုပ်ပေးထားပါတယ်)